05/25/2020

တုံးလွန်းတယ့် သင့်အတွက်၊ အဖိုးကြီး တစ်ယောက် ကတောင် သင်ပေးနိုင်တယ့် သိမ်မွေ့တယ့် iPh-ပညာ (6) ခု

3K Shares

iPhone ဆိုတာ နေ့စဉ် ဘဝမှာ အသုံးပြု ဖို့ အလွယ်ကူ-အဆင်ပြေဆုံး လို့ ဆိုစမှတ် ပြုကြတာဟာ သူ့ရဲ့ ရိုးရှင်းပြီး အသုံးဝင် လွန်းတယ့် စွမ်းဆောင် ချက်တွေ ကြောင့်ပါ။ အားလုံးကိုသာ လိုက်ပြော နေရရင် ကုန်မယ်လို့ မထင်မိ ပါဖူး။ အဲ့ဒါကြောင့် သင့်တို့ သုံးလို့ ရပါရဲ့ ချော်တော်ငေါ့ နေကြတယ့် Features ၆ ခုကို တင်ဆက် ပြသ ပေးပါရစေ လား

1.တို့ပြီးတော့ Slide လုပ်

အောက်ဆုံးက Phone တို့ Message တို့ထားတယ့် ဘားအပေါက ညာဖက် နဲ့ ဘယ်ဖက် ပုံမှာ ပြထားတယ့် နေရာတွေ ထိကြည့်ပါ ကိုယ် ထိတယ့် ဘက်ကို Slide ဖြစ်သွားမှာပါ ကျွန်တော်ကတော့ နေ့တိုင်း သုံးဖြစ်တယ်ဗျ မသုံးဖူးရင် စသုံးကြည့်တော့ နော်

2.Screenshot အရှည်ကြီး ရိုက်မယ်

Screenshot အရှည်ကြီးကို ဘာ App မှ iPhone မှာ ရိုက်လို့ ရတယ်ဆိုတာ သိပါရဲ့လားဗျ? Safari & Mail မှာ ပုံမှန်ရိုက်နေကျ အတိုင်း Screenshot ရိုက်ပြီးရင် ဘယ်ဖက် အောက်ထောင့် မှာပေါလာတယ့် SS လေးကို နှိပ်လိုက်တာနဲ့ ညာဖက်မှာ Full Page ဆိုပြီး ဖွင့်ကြည့်ရင် မျက်နပြင် တစ်ခုလုံးစာ SS ကို ရမှာနော်

3.မသိတယ့် ဖုန်းဆို အကုန်သာ Silence

iOS 13 နဲ့ဆိုရင် Settings-Phone-Silence Unknown Callers ကို ဖွင့်လိုက်တာနဲ့ မသိတယ့် သူမှန်သမျှ silence လုပ်သွားမှာပါ ၊ Contact ထဲ မမှတ်ထားသော်လည်း သင် ခေါထားဖူးတယ့် ဖုန်းတွေနဲ့ Siri က သိတယ့် ဖုန်းတွေကို silence လုပ် မပေးပါဖူးနော်

4.Bluetooth & WiFi လွယ်လွယ် ကူကူ

Control Center မှာ Bluetooth & WiFi ဖွင့်လို့ ရတယ်ဆိုတာ လူတိုင်း သိကြမှာပါ ဒါပေမယ့် အချို့တွေ မသိကြတာက အဲ့လို ဖွင့်ပြီး ဆက်ဖိလိုက်ရင် ချိတ်ဆက်နိုင်ဖို့ Network တွေကို ဖော်နိုင်မယ် ဆိုတာ ပါပဲ ကျွန်တော် ကတော့ နေ့တိုင်းကို သုံးဖြစ်ပါတယ် သိပြီးသားလို့ တော့ ဖြစ်မယ် ထင်ပါရဲ့

5.လက်သုံးခြောင်းနဲ့ Do မယ် undo မယ်

Notes Facebook ဘယ်မှာပဲ စာရေးတာ ဖြစ်ဖြစ် Photos Pages ဘယ်တစ် နေရာမှာ edit လုပ်တာ ဖြစ်စေ လက်သုံးခြောင်းနဲ့ ဘယ်ဖက် ကို ဇက်ခနဲ ဆွဲလိုက်ရင် undo ဖြစ်သွားပြီး ညာဖက် ဆွဲရင် redo ပြန်ဖြစ်တယ် နော် ကိုယ်တွေကတော့ edit လုပ်ရင် အမြဲသုံးနေ ကြပါနော်

6.အဆက်မဖြတ် Copy-paste မယ်

စာရေးတယ့် နေရာ စကားလုံးတစ်ခုကို ဆက်ခါ ဆက်ခါ ပြန်ရေး လိုတယ့် ချိန် Copy နှိပ်လိုက် Paste လိုက် အရမ်းကြာ နေရင် လက်သုံးခြောင်း နဲ့သာ တစ်ချက် ထိလိုက်ပါ ပုံထဲကလို ဘားလေး ပေါလာမှာ ဖြစ်ပြီး Undo-Cut-Copy-Paste-Redo ဆိုပြီး အကုန်လုပ်လို့ ရမယ်နော် အဲ့မှာ Copy ပြီးရင် paste ကို အဆက်မပြတ် နှိပ်ရတယ် undo ကော redo ရော်ပါ အဆက်မပြတ် မြန်မြန်ဆန်ဆန် ပဲ သုံးလို့ ရပါသေးတယ် နော်

Bonus Tips 1.2.3

B.1 Shake to undo-redo everything
ဘာရေးရေး ဘာပဲ edit လုပ်လုပ် iPhone ကို ခါယမ်း (Shake) လိုက်ရင် undo နဲ့ redo ပြန်လုပ်လို့ ရပါတယ်

B.2 Delete list
Admin လို Apps 400 ကျော် installed ရှိထား သူမျိုးဆို သိပ် မသုံး တော့တယ့် App ကိုရှာဖြတ်ဖို့ App Store က update နေရာမှာ ဝင်ကြည့်ပြီး ရှာခါ ဘယ်ဖက် Delete လုပ်ရ လေ့ရှိ ပါတယ်

B.3 Subscription Check
In app purchase စတယ့် App အတွင်းက subscription တွေကို cancel လုပ် ဖြုတ်ပြစ်ဖို့ Settings-အပေါဆုံးက ကိုယ့် Apple ID Profile မှာ ဝင်ပြီး Subscriptions မှာ ကြည့် ဖျက်လို့ ရပါတယ်

Admin ပြောပြ ခဲ့တယ် အချက်လေးတွေ ကို ထိထိ မိမိ အသုံးချ နိုင်မယ်လို့ မျှော်လင့် မိရင်း အားလုံးပဲ Enjoy ပါ နော်

10 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။