ကျွန်တော်တို့ ဘာလို့ iPhone ကို ချစ်ကြတာလဲ !

769

ကျွန်တော် iPhone အသုံးပြုနေရတယ့် Top-7 Favorites အချက်တွေကို ဖော်ပြပေးခြင် ပါတယ် အချို့တွေက ကျွန်တော်နဲ့ တူညီကြလိမ့်မယ် ဆိုပေမယ့် အချို့တွေ အတွက်တော့ အချက်တွေက ကွဲပြားနိုင်ပါတယ် 

ဒီနေရာမှာ What iPhone can do ဆိုတယ့် iPhone ကဘာတွေ လုပ်နိုင်လဲ ဆိုတာကို ဖော်ပြပေးမှာ မဟုတ်ပဲ Why I love iPhone ဘာလို့ ကျွန်တော် iPhone ကို ချစ်နေရတာလဲ ဆိုတာကိုပဲ အဓိက ထားပြီး ပြောပြပေးသွားမှာပါ 

ကြိုတင်ပြီး သတိပေးလိုတာကတော့ ဒီနေရာမှာ အခြား OS Version တွေ Smartphones တွေနဲ့ နှိုင်းယှဉ်ဖော်ပြမှာ မဟုတ်တယ့် အတွက် iPhone beats Android လိုမျိုး အချက်အလက် ရှာဖွေနေသူတွေ အတွက်တော့ နေရာမှားနေပါပြီ လို့ပဲ ပြောကြားပါရစေ 

Credit to Apple.com

Free Speed Upgrade 

အခု အချိန်မှာ iOS 13 ထွက်ရှိလာပြီး နောက်ထက် Free Speed upgrade ထက်လာ ပါပြီ Apple ကတော့ iOS 13 နဲ့ဆိုရင် Apps launch ဖွင့်တယ့် ကြာချိန်တွေဟာ ၂ဆ မြန်ဆန်လာမှာ ဖြစ်ပြီး ပုံစံ အသစ်နဲ့ App Store ဟာ ပထမဆုံး အကြိမ် App Download လုပ်ခဲ့ရင် အခု 100MB ရှ်နေတယ့် App က 50% – 50MB ပဲ ရှိတော့မှာ ဖြစ်ပြီး အဆိုပါ App ရဲ့ နောက်ထက် update ထက်မြင့်ရင် 60% ပိုမို သေးငယ်စေမှာကြောင့် 40MB ပဲ ဒေါင်းရတော့မယ်လို့ ပြောထားပါတယ် 

iOS 12 မှာ လည်းပဲ Camera ဖွင့်ရင် ကြာချိန် 70% ပိုမို လျင်မြန်ပြီး 50% Keyboard မြန်ဆန်မှုနဲ့ iPhone မှာ Apps အတော်များများ အသုံးပြုနေချိမှာ နောက်ထက် App တစ်ခု ထက်ဖွင့်ရင် ကြာချိန်ဟာ ၂ဆ မြန်ဆန်လာခဲ့ပါတယ် 

64-bit optimized performance ကို စတင် အသုံးပြုတယ့် iOS 11 ကတော့ Older iPhone တွေဖြစ်တယ့် iPhone 6s အထိ I am your worst Nightmare ဖြစ်ခဲ့ပါတယ် Performance က newer iPhone တွေမှာ မြန်ဆန်သွားပေမယ့် Old & older iPhone တွေမှာတော့ တကယ်ကို စုတ်စုတ် ပြတ်ပြတ်ကို ဖြစ်သွားခဲ့တာပါ iOS 11.0.3 မထွက်ခင်ထိ iPhone 7 series တွေတောင် ဂန့်တန့်တန့် ဖြစ်ခဲ့ရပါတယ် 11.1.2 မှာ iPhone X တွေ touch unresponsive ပြန်ပြင် ခဲ့ရတယ် 11.3.1 မှာတော့ အခြား Touch မှန် လဲထားတယ့် သူတွေ Touch မရတော့တယ့် ပြသနာ ဖြေရှင်း ပေးရပြန်တယ် Loki ရဲ့ Your saver is here ပါ 11.4.1 မှာ အားလုံး အဆင်ပြေသွားခဲ့ပြီး iOS 12 ထက်ထွက်လာတော့ Bugs သံသရာ ပြန်လည် သွားပြန်ပါတယ် 

iOS 11 က Performance ပိုင်းမှာ Fail ဖြစ်ခဲ့ပေမယ့် iOS 12 ကတော့ အတော်များများကိုပဲ The Fast iOS Version ever released လို့ တင်စား ခေါဝါးထားကြပါတယ် 64-bit optimized performance ပေါမှာ stable ဖြစ်သွားပြီ ဖြစ်တယ့် iOS 11.4.1 ကို ထက်မံပြီး မွန်းမံလိုက်တယ့် iOS 12 ဖြစ်ခဲ့တာ ကြောင့်လို့ပဲ သတ်မှတ်ကြတာ ဖြစ်မယါလို့ ယူဆမိပါတယ်

iOS 13 ထွက်ခဲ့ပြီဆိုရင် သူ့ရှေ့က iOS 10 ရဲ့ Character ဖြစ်ခဲ့တယ့် iPhone 7 ထိ ကောင်းကောင်းကြီး Speed upgrade လုပ်ပေးပါ လိမ့်မယ် iOS Version အသစ်နဲ့အတူ Performance အမြင့် အတွေ့အကြုံအသစ်ကို ခံစားရတယ့် အတွက် ကျွန်တော် iPhone ကို ချစ်ပါတယ်

Credit to cultofmac

Hardware & Software Combos

မမေ့ပါနဲ့ Apple ရဲ့ Hardware တွေဟာ သူတို့ ကိုယ်ပိုင် Software တွေ အတွက် သီးသန့် ဒီဇိုင်း ဆွဲ ဖန်တီးပေးထားတယ် ဆိုတာပါပဲ ဒါ့ကြောင့် Apple ရဲ့ Software နဲ့ သူ့ကို ထောက်ကူပေးတယ့် Hardware ဟာ 100% working seamlessly ဖြစ်ပြီး အကောင်းတကာ့ အကောင်းဆုံး ပြီးပြည့်စုံမှုကို ပေးစွမ်းနိုင်ပါတယ် 

ထို့အပြင် Apple ရဲ့ Hardware widgets တွေဟာ အခြားသူများနှင့် မတူပဲ တမူစမ်းသစ်ပြီး ပြည့်စုံကောင်းမွန်ပါတယ် ပထမဆုံး Fingerprint ID ကနေပြီး အခုချိန် Face ID အထိပါပဲ True depth sensor ကနေ 3D ပုံရိပ်ကို ဖမ်းယူပြီး အလုံးခြုံဆုံးသော် biometric Face login ကို ပေးစွမ်းနိုင်ခဲ့တာ Apple ရဲ့ Face ID ပါပဲ copy လုပ်ဖို့ ကြိုးစားခဲ့ပြီး Fail ခဲ့တယ့်သူတွေ အခုချိန်မှာ သူတို့ရဲ့ Face ID clone တွေ ဖြူတ်ကုန်ကျပါပြီ Apple ကတော့ True depth sensor တွေကို OLED အောက်မှာ မြုပ်နိုင်မယ့် နည်းပညာနဲ့ အတူ 2018 နှစ်ဝက်လောက်မှာကတည်းက Prototype တွေပေါပေါက်လာတယ့် OLED အောက် ထားနိုင်မယ့် Camera ရဲ့ ပေါင်းစပ်မှုနဲ့ အကောင်းဆုံး Future Face ID ကို ပေးစွမ်းလိမ့်မယ် လို့ ယုံကြည်မိပါတယ်

Credit to Businessinsider.com

Go to Use

ဘယ်လို UI တွေ OS အကူတွေ ပေါပေါက်နေပါစေ Apple ရဲ့ iOS ဟာ သုံးဆွဲရ အလွယ်ကူဆုံး ဖြစ်နေတုန်းပါပဲ ဒီနေရာမှာ ကျွန်တော်က Video Download လုပ်တာ သီချင်းတွေ ဒေါင်းတာ စတယ့် အသေးအမွှားလေးတွေ ကို ဆိုလိုတာမဟုတ်ပါဖူး ဆိုလိုတာက Easy to Use လို့ ပြောခြင်တာ မဟုတ်ပဲ Go to Use လို့ ပြောခြင်တာပါ iOS မှာ အသုံးပြုရတာ လွယ်ကူ လျင်မြန် ချောမွေ့စေဖို့ Powerful သိပ်ဖြစ်တယ့် enhancements features တွေ ပါဝင်နေပါတယ် 

Siri နဲ့အတူ Siri ရဲ့ Shortcuts & Suggestions တွေ customized Control center နဲ့ Accessibility Features တွေ ပြီးတော့ iOS 12 နဲ့အတူ ပွဲထွက်လာတယ့် Apple ရဲ့ Files app ဟာ အချိန်မှာ သိပ်ကို Simply Powerful ဖြစ်လွန်းနေပြီလို့ ကျွန်တော်ကတော့ ယူဆပါတယ် Files app ကို ကျွန်တော် နေ့စဉ် မရှိမဖြစ် သုံးနေရတယ့် သူပါ iOS 13 ရဲ့ လက်ရာတွေ နဲ့ ပေါင်းစပ်မယ်ဆိုရင် iOS ဟာ တကယ်ကို Easiest Go to Use ever ပါပဲ 2007 ကတည်းက iOS ရဲ့ အလုပ်လုပ်မှု ပုံစံဟာ အခုချိန် ထိ ကွဲပြားသွားတယ်လို့ မရှိသေးပါဖူး ဒါ iOS ပါပဲ ဒါ iPhone လို့ ခေါပါတယ်

Credit to Apple.com

Developer’s Favorite 

The King လို့ပါ ပြောလိုက်ခြင်ပါတယ် Apps တွေနဲ့ ရယူနိုင်မှုနဲ့ ပါတ်သက်ရင်တော့ iOS က King ပါပဲ အမြဲလိုလို Hottest အဖြစ်ဆုံး Apps တွေ Games တွေဟာ iOS မှာသာ အရင်ထွက် လာလေ့ရှိပြီးတော့ Example အနေနဲ့ ပြောရရင် Samsung နဲ့ partner ပုံစံ ဝင်ရောက်လာခဲ့တယ့် Fortnite ဟာ iOS အတွက်သာ အရင်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ် 

ထို့အပြင် Apple ရဲ့ App Store ဟာ အသန့်ရှင်းဆုံး ဆိုရင်လည်း မမှားပါဖူး 100% refund guarantee ရှိတယ် ဖုန်းကို ထိခိုက်စေမယ့် Privacy data တွေကို ခိုးယူသွားမယ့် Apps မျိုးတွေ iOS မှာ မရှိပါဖူး Your Apps Play by Your Rule ပါ သင့် iPhone ပေါမှာ ဘာရှိနေနေ သင့် iPhone ပေါမှာပဲ အမြဲရှိနေပါလိမ့်မယ် ဘယ်သူ့စီကိုမှ မရောက်နိုင်ပါဖူး အဲ့ဒါ iPhone လို့ ခေါပါတယ်

Credit to maketecheasier

No Bloatware 

Bloatware လို့ဆိုလိုက်ရင် iOS ကိုင်နေတယ့် သူတွေကတော့ သိမှာ မဟုတ်သလို ရင်းနှိးမယ်လို့ လည်း မထင်ပါဖူး အခြားသူတွေကတော့ ကောင်းကောင်းကြီးကို နားလည်ပြီး သိပါလိမ့်မယ် ကျွန်တော်တို့ iPhone တွေဟာ ဘယ်သော်အခါမှ ထည့်သွင်းထားပြီးသား Apps တွေ မပါရှိပါဖူး သူ့ရဲ့ Original အသုံးပြုနိုင်တယ့် Apps တွေ ထဲတောင်မှ Mail Maps Weather Calculator FaceTime တို့ မကြိုက်ရင် ဖြတ်ပြစ်လိုက်လို့ရတယ် ပြီးတော့ ကိုယ်သဘောကျတယ့် Alternative app ကို သုံးပေါ့ 

အခြား ဖုနိးတွေမှာတော့ ကံဆိုးစွာပဲ ကိုယ်မသိ မထိရပဲ ဘာမှန်းမသိရတယ့် Apps တွေ နောက်ကနေ သွားနေတယ် နာမည်တောင် ဖတ်မရတယ့် Apps တွေ ပါလာတယ့် ဖြတ်ခြင်ရင်တောင် အလွယ်တကူ ဖြတ်လို့ မရပြန်ဖူး Apple ကဘယ်တော့မှ သင့် ကိုယ်ပိုင် ပိုက်ဆံပေးပြီး ဝယ်ယူထားတယ့် iPhone ကို သင့်ကိုယ်ပိုင် ဆုံးဖြတ်မှု ခွင့်ပြုချက်နဲ့ သာ သွားခွင့်ပြုပေးပါတယ် ဒါ iPhone ပါပဲ

Credit to Apple.com

Fastest OS Ever 

ဘယ်သူတွေ ဘယ်လို Version အသစ်တွေ ထုတ်ထုတ် iOS ဟာ အသွက်လက်ဆုံး ဖြစ်နေတုန်းပါပဲ iOS ဟာ ဘယ် App မှာ lag နေပါစေ အဲ့ဒီ App ပေါမှာပဲ သက်ရောက်ပါတယ် အခြား Apps တွေနဲ့ operations system တစ်ခုလုံးဟာ ပုံမှန် အတိုင်း လည်ပတ်နေတုန်းပါပဲ 

ကျွန်တော် iOS ကိုင်လာတယ့် သက်တမ်းတစ်လျောက် တစ်ခါလေ App သုံးနေရင်း ထွက်သွားတယ် ဘာလို့ လည်းဆိုတော့ app က up to date မဖြစ်တာ ဆိုတော့ ပြသနာ မရှ်ဖူး တစ်ခါလေ Heat များတော့ lag သွားတယ် ကောင်းပြီး ချက်ချင်း ပြန်ထွက်လာရင် ပြန်ရှင်းထုတ်ပြီး အစက ပြန်ဝင် အားလုံး အဆင်ပြေတယ် iPhone 6 ကိုင်လာတာ ၅ နှစ် အခုထိ iPhone 7 က ၃ နှစ် တစ်လျောက် တစ်ကြိမ်မှ Freeze ဖြစ်မသွားဖူး Touch တွေ Power Button တွေ အကုန် အလုပ်လုပ်လျက်ပဲ ဘယ်လောက် lag နေပါစေ Power ပိတ်မသွားဖူး Reboot ကျမသွားခဲ့ဖူးဖူး 

ကျွန်တော် အခြား smartphones မကိုင်ဖူးဖူး လားဆိုတော့ u8825d Y210 G730 Y6 Y9 P6 P9 Grand-Prime A5 A9 S5 S7 Redmi-note 5 Mi note 2 အခုနောက်ဆုံး Mi 9 တစ်လူံးစီကို အနည်းဆုံး ၂ ပတ်ခန့်လောက် ကိုင်ဖူးခဲ့ပါတယ် A5 ကတော့ ၁ နှစ်ခန့်လောက် ကိုင်ခဲ့ဖူးပါတယ် တစ်ခါလေ reboot ကျသွားတယ် တစ်ကြိမ် တစ်ကြိမ် lag ပြီဆိုရင် Power off လို့တောင် မရဖူး Button တွေက အလုပ်မလုပ်ဖူး ဘက်ထိရီကုန် တယ့် ထိစောင့်လိုက်ရတယ့် အချိန်က မနည်းဖူး ကျွန်တော်က heavy load တွေမှ ခိုင်းတတ်တယ့် Super User အခု iPhone 7 မှာ Apps 438 ခု သုံးနေတယ် အားလူံး ပျော်ပျော်ကြီးပဲ ချောလို့ မွေ့လို့ ဒါကြောင့် ကျွန်တော် iPhone ချစ်ရပါတယ်

မမေ့ပါနဲ့ A12x bionic chip ပေါမှာ Run နေတယ့် iOS ဟာ Geekbench မှာ Single scores average 5000+ & Multi scores 18000+ ရရှိလျက်ရှိပြီး Antutu scores 550000+ နဲ့ Beast လို့ တောင် ခေါရမလိုပါပဲ ကံဆိုးစွာနဲ့ iPad မှာပဲ ရှိနေသေးတာပါ အခု iPad OS နဲ့ဆိုရင် Beast ကြီး ဘယ်လောက် စာနာမှု ကင်းမဲ့စေမယ်ဆိုတာ မတွေးရဲလောက်အောင် ပါပဲ

Credit to Apple.com

Support Support 

ကျွန်တော် iPhone မှ iPhone အခုချိန်ထိ စွဲမြဲ နေခဲ့ရတယ့် အကြောင်းအရင်းထဲက တစ်ခုကတော့ Apple ရဲ့ Support ပါပဲ Customer ပေါမှာ သိပ် လေးစားမှု အပြည့်နဲ့ ဆက်ဆံပေးတယ် ချော့ပြောလို့ရတယ် အရမ်း သဘောကောင်းကြတယ် အထူးသဖြင့် US Support ပေါ့ SG က တစ်ခါလေ ပြောရ နားမပေါက်တာမျိုး ဖြစ်တတ်တယ် တစ်ခုခု အရေးကြီး လိုအပ်နေရင် US Support ကိုသာ အကြောင်းအကျိုး email ပို့တာ ဖြစါဖြစ် Call ခေါပြောတာ ဖြစ်ဖြစ် live chat ဖြစ်ဖြစ် ပြောလိုက်ရုံပဲ တစ်ကြိမ်မှ Apple Warranty နဲ့ ပတ်သက်ပြီး ဂမေါက် ကမ မဖြစ်ခဲ့ဖူးဖူး အမြဲတမ်း အဆင်ပြေခဲ့တယ် 

အခုချိန်မှာ ပြည်တွင်းမှာလည်း Warranty က ကောင်းကောင်း ကြီး အသုံးဝင်နေပြီ Authorized တွေ ရှိထားပြီ Service ပိုင်းမှာတော့ Warranty ရှိရှိ မရှိရှိ သူတို့ module အတိုင်းပဲ သွားရမယ် ဒါကိုတော့ နားလည်မှု ပေးရမယ် ဈေးချိုမှာ မဟုတ်ဖူး ဒါပေမယ့် တိကျခိုင်မာမှုနဲ့ ယုံကြည်မှု အပြည့်ပေးနိုင်တယ် ဈေးချိုခြင်ရင် Third party service တွေကိုပဲ အားကိုးရ လိမ့်မယ် မြန်မာနိုင်ငံက အနည်းစုသော် Service လေးတွေကတော့ စိတ်ချရတယ်လို့ ဆိုနိုင်ပါတယ် အချို့ အချို့တွေက ငါတို့က တစ်ဦးတစ်ယောက် တည်းနဲ့ ဆက်ဆံ နေရတာ မဟုတ်ဖူး အများနဲ့ ဆက်ဆံ နေရတာ တစ်ခါတစ်လေ မှားလိုက်မပေါ့ ဆိုတယ့် ဆင်ခြေမျိုး သုံးနေကြတာ တွေ့ရတယ် ဟုတ်ပါပြီ ချွင်းချက် ဆိုတာ တစ်ကြိမ် ရှိပါမယ် သို့သော် အမှားကို အမှားနဲ့ ဖုန်းကွယ်တာ မျိုးကိုတော့ ရှုတ်ချမိပါတယ် မှားရင် မှန်အောင် ပြင်ပါ ဒါပဲ ပြောခြင်ပါတယ်

ဒီ (၇) ချက်ကတော့ ကျွန်တော် ဘာကြောင့် iPhone ကို သုံးရလဲ ဘာကြောင့် ချစ်ရလဲ ဆိုတယ့် Top Tips လေးတွေပါပဲ နောက်ထက် အချက်လေးတွေ အများဆို အများကြီး ရှိကောင်း ရှိပါသေးတယ် 

ကဲကဲ iUsers တို့ ရော် ဘာကြောင့် iPhone ကို သုံးနေရတာလဲ တစ်ချက် လောက်တော့ ပြောပြသွားနှော် အချက်ခြင်းတူရင်တော့ Love react လိုက်တော့ okay 

Facebook Comments
1K Shares