WatchOS 6 ၏ အံ့အားသင့်စရာ Features အသစ်များ

2013

Apple Watch Series 4 ကတော့ WatchOS 6 နဲ့ စတိုင်ကျ လှပတော့မှာပဲ ဖြစ်ပါတယ် ။ WatchOS 6 မှာ အဓိကအနေဖြင့် ပါဝင်လာသည့် ဒါဇင်ဝက်လောက်ရှိတဲ့ New Watch Faces တွေကြောင့် ဖြစ်ပါတယ် ။

WatchOS 6 ဟာ iPhone , iPad တွေနဲ့ ပိုပြီးလည်း သဟဇာတ ဖြစ်လာပါပြီ ။

1. App Store on Apple Watch

WatchOS 6 ရဲ့ အကြီးမားဆုံးသော အသစ်ချပ်ချွတ် Feature ကတော့ App Store အသစ်ပါပဲ ။ Developers တွေအနေဖြင့် Watch Apps တွေကို လွတ်လွတ်လပ်လပ် Build လို့ ရလာပါပြီ ။ ပြီးတော့ iPhone မပါပဲနှင့်လည်း လွတ်လပ်စွာ Install လုပ်လို့ ရပါမယ် ။

Full Watch App Store Available ဖြစ်ပါပြီ ။ Editor ၏ Picks & the featured Collections က ကြီးကြီးမားမား နေရာယူထားပေမယ့် ကိုယ်တိုင် Manually Search လုပ်လို့ ရပါမယ် ။ Siri ကို အသုံးပြုပြီး Search လို့လည်း ရပါမယ် ။

2. New Watch Faces

WatchOS 6 မှာ Apple Watch Series 4 တွေအတွက်သာ New Watch Faces အတော်များများ ပါဝင်လာပါတယ် ။ Solar Dial Watch Face အပါအဝင်ပေါ့ ။

Watch Series 4 အတွက် Modular Watch Face ပါ ။

Apple Watch တွေအတွက် Classic Rolex Style ဖြစ်တဲ့ California Watch Face ပါ ။

ဒါကတော့ WatchOS 6 ရဲ့ Gradient Watch Face ပါ ။

Numerals Watch Face အသစ် ဖြစ်ပါတယ် ။

3. New System Apps

Audiobooks App

Audiobooks App ဟာ Standalone App တစ်ခုအဖြစ် ပါဝင်လာပါတယ် ။ Apple Books App နဲ့ အိုင်ကွန်အတူတူပဲ ဖြစ်ပါတယ် ။ ဒီမှာတော့ Books App ကို ဝင်လိုက်တာနဲ့ Audiobook Collection ကိုသာ Access လုပ်နိုင်ပါလိမ့်မယ် ။ Store မှာ Browse လို့ မရပါဘူး ။ ဒါပေမယ့် Library ထဲကိုတော့ Audiobook ကို Add လို့ ရပါမယ် ။ တကယ်ကောင်းတဲ့ အချက်ကတော့ Cellular Watch ကို အသုံးပြုတဲ့သူဆိုလျှင် ကြိုက်တဲ့နေရာကနေပြီး Audiobooks တွေကို Stream လုပ်လို့ ရတာပါပဲ ။

New Calculator App

နောက်ဆုံးတော့ Apple ဟာ Calculator App ကို Apple Watch ထဲကို ထည့်ပေးလိုက်ပါပြီ ။ Third-Party Calculator Apps တွေလိုတော့ မဟုတ်ဘူးပေါ့ ။ အရေးကြီးတဲ့ Features တွေကိုသာ One Screen မှာ ပြသပေးသွားမှာ ဖြစ်ပါတယ် ။ Standard Number Pad နဲ့ အခြား Function တွေလည်း ပါပါမယ် ။

New Voice Memos App

Voice Memos App အသစ်ကလည်း ရိုးရိုးရှင်းရှင်းလေးပါပဲ ။ App ကို ဖွင့်မယ် ၊ Record Button ကို နှိပ်မယ် ၊ ပြီးတာနဲ့ Voice Recording က စပါပြီ ။ ရပ်ချင်တယ်ဆိုလျှင် Record Button လေးကို ထပ်နှိပ်လိုက်ရုံပါပဲ ။ List ထဲမှာ Recordings တွေ အားလုံးရှိပါမယ် ။ တစ်ခုကို နှိပ်ပြီး Play လို့လည်း ရပါမယ် ။

4. Reminders App

Apple Watch ပေါ်က Reminders App အသစ်ဟာ iOS 13 က Reminders App နှင့် အတူတူပါပဲ ။

5. Third Party Apps Will Be Able to Stream Music, Radio and Podcasts

WatchOS 6 ကို 2019 မှာ Public ကို ထုတ်ပေးတဲ့အခါမှာ လူအများ အလွန် စိတ်ဝင်စားစေမယ့်အကြောင်းပဲ ဖြစ်ပါလိမ့်မယ် ။ WatchOS 6 ရဲ့ Final Version ကြီးမှာ Music Apps တွေ , Radio Apps တွေနဲ့ Podcast Apps တွေကို Streaming ပြုလုပ်နိုင်ပါလိမ့်မယ် ။ ဆိုလိုတာကတော့ Apple Watch တွေဟာ iPhone မပါပဲ Spotify လိုမျိုး ၊ Overcast လိုမျိုးတွေကို တိုက်ရိုက် Stream လုပ်လို့ ရလာမှာပဲ ဖြစ်ပါတယ် ။ ဒါကတော့ Cellular Apple Watch တွေအတွက်တော့ Great Feature ပါပဲ ။

6. Siri Search Results will Display Full Web Pages

WatchOS 6 မှာ Siri က ပိုပြီး စမတ်ကျလာပါတယ် ။ အခု Apple Watch ပေါ်က Siri Results ရဲ့ ညာဖက်မှာ Web Pages တွေကို Full အနေဖြင့် မြင်တွေ့ရမှာပါ ။

7. Send Memoji Stickers from Apple Watch

iPhone ပေါ်ကနေပြီး Memoji တွေကို Create လုပ်ခဲ့တယ်ဆိုလျှင် Apple Watch ပေါ်မှာလည်း အဆိုပါ Memoji Stickers တွေကို ရရှိပါလိမ့်မယ် ။ အဆိုပါ Animoji or Memoji Stickers တွေကို Message မှာလည်း Reply အဖြစ် အသုံးပြုနိုင်ပါမယ် ။

8. New Cycle Tracking App

Apple Watch အတွက် Cycle Tracking App အသစ်ကို ထည့်သွင်းပေးလာပါပြီ ။ ဒါကတော့ အမျိုးသမီးများအတွက် Menstrual Cycle Tracking App ပဲ ဖြစ်ပါတယ် ။

9. New Noise App

New App တစ်ခုဖြစ်တဲ့ Noise App ကတော့ Sound Levels တွေကို တိုင်းတာနိုင်ပါမယ် ။ အသံ သိပ်ကျယ်နေလျှင် Notification ပေးမှာဖြစ်ပြီး ဆူညံသံနှင့် ဝေးရာကို ရှောင်ရှားနိုင်မှာပဲ ဖြစ်ပါတယ် ။

10. New For You Section in Music

Music App မှာ New Bolder Design နှင့်အတူ For You Section ပါလာပါပြီ ။

11. New Now Playing Screen (and App)

အခုတော့ Playing Feature ဟာ တကယ့် App တစ်ခုလို ဖြစ်လာပါပြီ ။ Redesigned လုပ်ပေးလာတာပဲ ဖြစ်ပါတယ် ။ Playing လုပ်နေစဉ်မှာ Play / Pause Button ကို ဖော်ပြပေးထားပါမယ် ။

12. See Trophies in Activity App

အခု Activity App ထဲမှာ Trophies နဲ့ Achievements တွေကို တိုက်ရိုက် ဝင်ကြည့်လို့ ရပါပြီ ။

13. Improved Settings App 

Apple Watch ရဲ့ Setting App မှာလည်း တိုးတက်မှုတွေ ရှိလာပါပြီ ။ iCloud Account ကို မြင်တွေ့ရမှာဖြစ်သလို အခြား Major Setting တွေကိုလည်း တစ်နေရာထဲကနေ Access လုပ်နိုင်မှာပဲ ဖြစ်ပါတယ် ။

ကြည့်ရတာ Apple ဟာ သိပ်မကြာခင်မှာ Apple Watch တွေကို iPhone မပါပဲ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်အောင် ဖန်တီးပေးလာတော့မယ် ထင်ပါရဲ့ ။

14. New List View Design for Apps Screen

Screen ပေါ်က Apps တွေကို မြင်တွေ့ရမယ့် မြင်ကွင်းဒီဇိုင်းအသစ်ဟာ ပိုကောင်းလာပါတယ် ။ အခုဆို Apps တွေကို ကြီးကြီးမားမား မြင်ရမယ် ။ စာလုံးတွေကိုလည်း Bold အဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ ဆိုတော့ Scroll လုပ်ရတာကလည်း လွယ်ကူပြီး Apps တွေကို နှိပ်ရတာကလည်း ပိုပြီး အဆင်ပြေလာတာပေါ့ဗျာ ။

WatchOS 6 သည်လည်း အခုမှ First Developer Beta ပဲ ရှိသေးတာဖြစ်လို့ နောက်ထွက်လာမယ့် Beta တွေမှာလည်း မည်သို့မည်ပုံ ပိုမို ကောင်းမွန်လာဦးမလဲဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်လိုက်ရအောင်ဗျာ ။

Watch Faces Screenshots Via: 9to5Mac
Via : Khamosh Pathak

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

 

Facebook Comments
551 Shares