Wallpaper ချိန်းနည်း ( ၁၀ ) မျိုး

583

Wallpaper တစ်ခုဟာ iPhone ရဲ့ ပြတင်းပေါက်တံခါးလို့ပဲ ပြောရပါမယ် ။ ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ ပထမဆုံး မြင်တွေ့ရမယ့် အရာဟာ Wallpaper ဖြစ်နေလို့ပါပဲ ။ နေ့တဓူဝ မြင်တွေ့နေရမယ့် Wallpaper ကို ပုံသေတစ်ခုပဲ ထားတဲ့သူကတော့ မရှိသလောက်ပဲ ထင်ပါတယ် ။ မကြာခဏ Wallpaper ချိန်းတတ်တဲ့ သူတွေအတွက် Wallpaper ချိန်းနည်း ( ၁၀ ) မျိုးကို ဖော်ပြပေးလိုက်ပါတယ် ။

1. Set A Stock Wallpaper From Settings

iOS မှာ Built-in ပါတဲ့ Wallpaper တွေကို စိတ်ရှိသလို ချိန်းလို့ ရပါမယ် ။ iOS 13 ထွက်လာရင်လည်း ရွေးချယ်စရာကောင်းတဲ့ Colorful နဲ့ Dark Wallpaper တွေကို အသုံးပြုလို့ ရပါဦးမယ် ။

Settings >> Wallpaper >> Choose New Wallpaper ကို သွားပါ ။ Dynamic , Stills & Live ဆိုပြီး တွေ့ရပါမယ် ။ သူတို့အောက်မှာတော့ ဖုန်းထဲက Photos တွေ ရှိပါမယ် ။ ကြိုက်တဲ့ Section ကို ဝင်ပြီး Wallpaper ကို နှိပ်ကာ Lock Screen အတွက်ပဲဖြစ်ဖြစ် ၊ Home Screen အတွက်ပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် နှစ်ခုစလုံးကိုပဲဖြစ်ဖြစ် ချိန်းပေးလို့ ရပါမယ် ။

2. Set Your Own Photo as Wallpaper

သင့်ရဲ့ Photos တွေကိုလည်း Wallpaper အဖြစ် သတ်မှတ်လို့ ရပါသေးတယ် ။ Photos App ထဲကို ဝင်ပြီး Wallpaper ထားချင်တဲ့ ပုံကို နှိပ် ။ ပြီးရင် Share Button ကို နှိပ် ။ အဲဒီမှာ ပေါ်လာတဲ့ Use as Wallpaper ဆိုတာလေးကို နှိပ်လိုက်ရုံပါပဲ ။

Wallpaper Setting Screen ပေါ်လာရင် Lock Screen အတွက်လား ၊ Home Screen အတွက်လား ၊ နှစ်ခုစလုံးအတွက်လား ရွေးချယ်ပေးလို့ ရပါမယ် ။

3. Use a Wallpaper App

Wallpaper App တွေကို အသုံးပြုပြီးလည်း ချိန်းလို့ ရပါဦးမယ် ။

Vellum: Vellum ဟာ iPhone တွေအတွက် Awesome & High-Quality Wallpapers တွေ ရှာဖွေနိုင်တဲ့ အကောင်းဆုံး App တစ်ခုပဲ ဖြစ်ပါတယ် ။

Unsplash: Unsplash ဟာ Photographers တွေအတွက် အကြီးမားဆုံးသော Online Community ပဲ ဖြစ်ပါတယ် ။ Wallpaper Collections တွေ ရှိနေသလို ကြိုက်တဲ့ Photos ကို Download ဆွဲပြီး Crop လုပ်ကာ iPhone Wallpaper အဖြစ် ပြုလုပ်နိုင်ပါမယ် ။

Clarity: Clarity ဟာ iPhone တွေအတွက် Best-Curated Wallpaper ပါ ။

WLPPR: Geographical or Astronomical Wallpapers တွေ ကြိုက်တတ်တဲ့ သူဆိုရင်တော့ WLPPR App ကို နှစ်သက်ပါလိမ့်မယ် ။ Earth နဲ့ အခြား Planets တွေရဲ့ Satellite Photos တွေအတွက် အကောင်းဆုံး ရွေးချယ်စရာတွေ ရှိနေလို့ပါပဲ ။

4. Set Live Photos as Wallpaper

iPhone ရဲ့ Lock Screen မှာ Live Photos တွေကို Wallpapers အဖြစ် ထားလို့ ရပါတယ် ။ Lock Screen ကို 3D Touch ဖြင့် ဖိလိုက်တဲ့အခါ Live Photos က Animate & Play လုပ်ပါလိမ့်မယ် ။ သားသမီး ရှိတဲ့ မိဘတွေအနေဖြင့် ကလေးရဲ့ Live Photos တွေကို Wallpapers အဖြစ် ထားနိုင်မယ့် အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ် ။ Live Photos ကို Wallpapers အဖြစ် ထားဖို့ Photos App ထဲကို သွားပါ ။ Photos ကို နှိပ်ပါ ။ Share Button ကို နှိပ်ပြီး ၊ ပေါ်လာတဲ့ Use as Wallpaper ကို ရွေးပေးလိုက်ပါ ။

ဒါမှမဟုတ် အခြားသော Third-Party Apps တွေ ၊ Websites တွေကနေလည်းပဲ Live Photos တွေကို ဒေါင်းလုတ် ဆွဲယူ ရရှိနိုင်ပါဦးမယ် ။ Live Wallpapers For Me တို့ ၊ iLive Temes တို့ကနေ ရရှိနိုင်ပါတယ် ။

5. Download Wallpapers From Web

Wallpaper Apps တွေကနေ Download မလုပ်ချင်ဘူးဆိုရင်လည်း Wallpaper Photos တွေကို Online ပေါ်ကနေ Download ဆွဲနိုင်ပါမယ် ။ Wallpaper လိုမျိုး Photos တွေကို iPhone တို့ ၊ iPad တို့ထဲကို Save လုပ်ပြီး Wallpaper အဖြစ် အသုံးပြုလို့ ရပါမယ် ။ Wallpaper တွေအတွက် Websites တွေများစွာ ရှိပါတယ် ။ Unsplash , Pexel , SetAsWall & Papers.co တို့လိုမျိုးတွေပါ ။

Website ကို ဝင်ပြီး Photos ကို Select လုပ် ။ Photos ကို Tap & Hold လုပ်ထားပြီး Save to Photos ကို နှိပ်ပေးလိုက် ။ ပြီးရင်တော့ Photos App ထဲကို သွားပြီး Photos ကို Select ၊ Share ခလုတ်ကို နှိပ်ပြီး Use as Wallpaper ကို Select လုပ်ကာ ဖုန်းရဲ့ Wallpaper အဖြစ် အသုံးပြုလို့ ရပါမယ် ။

6. Edit and Crop Your Own Wallpapers

Online ကနေ Download ဆွဲထားတဲ့ Wallpaper တွေဟာ Perfect Fit တော့ ဖြစ်မှာ မဟုတ်ပါဘူး ။ iPhones အသီးသီးအတွက် Perfect Fit ဖြစ်မယ့် Wallpaper တွေကို ရယူချင်တယ်ဆိုရင်တော့ Crop ပြန်လုပ်ပေးဖို့ လိုအပ်ပါမယ် ။ ဥပမာ iPhones တွေအတွက် Perfect ဖြစ်ဖို့ဆို …

iPhone 4/4s: 960 x 640

iPhone 5/5s: 1136 x 640

iPhone 6/6s: 1334 x 750

iPhone 6 Plus/6s Plus: 1920 x 1080

iPhone 7: 1334 x 750

iPhone 7 Plus: 1920 x 1080

iPhone 8: 1334 x 750

iPhone 8 Plus: 1920 x 1080

iPhone X: 2436 x 1125

iPhone XS: 2436 x 1125

ဒီလိုမျိုး Crop ဖို့အတွက် Pixelmator လိုမျိုး Apps တွေကို အသုံးပြုရပါမယ် ။ ဒါမှမဟုတ်ရင်လည်း Pixlr ကဲ့သို့သော Online Editor တွေကို အသုံးပြုလို့ ရပါမယ် ။ မည်သည့် Photo Editor တွေကို အသုံးပြုသည်မဆို iPhone တွေအတွက် မှန်ကန်တဲ့ Photo Resolution ရရှိမယ့် Crop or Dimensions Feature အသုံးပြုလို့ရဖို့ပဲ လိုအပ်တာပါ ။

7. Manage and Sync Wallpaper Collection Using Files

iOS 13 or iPadOS 13 အသုံးပြုနေတဲ့သူဆိုလျှင် Safari Download Manager ကို အသုံးချပြီး Photos တွေကို Download ဆွဲကာ Files App ထဲကို တိုက်ရိုက် Save လုပ်လို့ ရပါမယ် ။ Photos တွေ တင်ထားတဲ့ Websites ကို သွားပြီး Photos ကို Tap & Hold လုပ်ကာ Download Linked File ကို နှိပ်လိုက် ရပါမယ် ။ ဒါဆိုရင် အဆိုပါ Photo ရဲ့ Full Resolution ကို Download ဆွဲပြီး ဖြစ်ပါလိမ့်မယ် ။

အထက်ကအတိုင်း Photos တွေကို Download ဆွဲပြီး Wallpaper အဖြစ် အသုံးပြုလိုသည့်အခါမှ Files App ထဲကို ဝင် ၊ Downloads Folder ကို ရှာကာ Photos ကို Select လုပ်ပြီး Save the image to Photos ကို နှိပ် ။ ပြီးရင် Wallpaper အဖြစ် အသုံးပြု ။ ဒါဆို အဆင်ပြေပါပြီ ။

8. Change Wallpaper Daily Using Shortcuts

iOS 13 မှာ Shortcuts တွေဟာ ပိုပြီး Powers ကြီးလာသလို အမှန်ကန် Automation တွေလည်း ဖြစ်လာပါတယ် ။ ဆိုလိုတာက Shortcut ကို အသုံးပြုပြီး Album ထဲက Wallpaper တွေကို Randomly ပြောင်းပေးခိုင်းလို့ ရပါမယ် ။

ပထမ , Randomize Wallpaper Shortcut ကို Set Up လုပ်နိုင်ရန် Download ဆွဲထား ရပါမယ် ။ Shortcut ကို Edit လုပ်ပြီး Album နေရာ ကို ချိန်းပေး ရပါမယ် ။ အဲဒီနောက် Automations Tab ကို သွားပြီး New Automation ကို Create လုပ်ပေး ရပါမယ် ။ Trigger Date ကို နေရာချပြီးတဲ့အခါမှာတော့ Randomize Wallpaper Shortcut ကို Action လုပ်ပေး ရပါမယ် ။ အခုဆို iPhone or iPad တွေပေါ်မှာ Wallpapers တွေကို နေ့စဉ် သူ့အလိုလို အော်တိုချိန်းပေးနေတာ့မှာ ဖြစ်ပါတယ် ။

9. Set Wallpaper From Online Source Using Shortcuts

အပေါ်က Shortcut နည်းလမ်းကို အသုံးပြုပြီး ကိုယ့်ရဲ့ Photos တွေကို Wallpapers အဖြစ် နေ့စဉ် အလိုအလျှောက် ချိန်းပေးလို့ရသလို Twitter User တစ်ဦးဖြစ်တဲ့ Alex Chernikov ဖန်တီးထားသည့် Art Paper မှ New Wallpaper တွေကို အလိုအလျှောက် Download ဆွဲပြီး Wallpaper အဖြစ် ချိန်းပေးမယ့် Shortcut လေးလည်း ရှိပါတယ် ။ အောက်မှာ လင့်လေး ပါပါတယ် ။

Alex [email protected]

Shortcuts in iOS 13 allow you to automate setting wallpapers.

I made a shortcut which pulls & sets a random wallpaper out of @ArtpaperHD’s 1300 ultra-hd artworks.

https://www.icloud.com/shortcuts/323cc9edb3394cf18d8e62279915b071 …

10. Set a GIF as a Wallpaper

GIFs တွေကိုရော သဘောကျတတ်လားဗျ ။ GIPHY App ကို အသုံးပြုပြီး Wallpaper အဖြစ် ချိန်းထားလို့ ရပါမယ် ။ App ထဲကို ဝင်ပြီး ကြိုက်နှစ်သက်တဲ့ GIF ကို ရှာ ။ Menu Button ကို Tap ပြီး Live Photo အဖြစ် Convert လုပ် ။ Photos App ထဲမှာ Photo အဖြစ် Save ပေးပါလိမ့်မယ် ။ ပြီးရင် Settings >> Wallpaper >> Choose New Wallpaper ထဲကို ဝင်ပြီး Live Photos ကို Select လုပ်ပေးလိုက်ပါ ။ ပြီး Set ကို နှိပ်ပြီး Wallpaper အဖြစ် ချိန်းပေးလိုက်ရင် ပြီးပါပြီ ။

Download: GIPHY (Free)

Via Khamosh Pathak

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

 

Facebook Comments
868 Shares