သင်ဘာကြောင့် 2019 iPhones တွေကို စောင့်သင့်သလဲ!

10042

Apple ရဲ့ 2018 iPhone တွေဟာ တကယ်ပဲ မတ်လောက်စရာ ကောင်းလှတယ့် iPhone တွေပါပဲ (သင်က ဈေးကို ထည့်တွတ်စရာ မလိုအပ်ဖူးဆိုရင်ပေါ့) အကြောင့် တစ်မျိုးမျိုးကြောင့် သင်ဟာ 2018 iPhones တွေဖြစ်တယ့် iPhone XR, iPhone XS & iPhone XS Max တို့ကို လက်ရှောင်လိုပြီး 2019 iPhones series ကို မျှော်လင့်နေတယ် ဆိုရင်တော့ ကျွန်တော်တို့ ဘာတွေ ရထားသလဲ ဆိုတာ ကြည့်လိုက်ရအောင်

September 2018 မှာ Apple ဟာ iPhone X အသစ်ဖြစ်တယ့် 5.8” iPhone XS နဲ့ X Plus နေရာ အစားယူလာခဲ့တယ့် 6.5” ရှိတယ့် iPhone XS Max တို့ကို မိတ်ဆက်လာခဲ့ပါတယ် ထို့အပြင် ၎င်းတို့နဲ့ ဈေးသက်သာတယ့် အမျိုးအစား ဖြစ်တယ့် iPhone XR ကို လည်း မိတ်ဆက်ခဲ့ပါတယ် iPhone XR ဟာ 6.1” ရှိပြီး အရောင်မျိုးစုံ ကာလာစုံ ရရှိနိုင်တယ့် iPhone လည်း ဖြစ်ပါတယ် 

ကျွန်တော့် အနေနဲ့ကတော့ Apple အနေနဲ့ iPhone XR ကို ထပ်တိုး ပြုပြင်ပြောင်းလဲဖို့ အတော်ကြီး လိုအပ်ချက်ရှိနေပြီး ဈေးသက်သာခြင်းတို့ ကောင်းစွာသင့်တင့် လာစေဖို့ မျှော်လင့်မိပါတယ် အချို့ကလည်း 2018 Series တွေကို ဝယ်ယူပြီး ဖြစ်မှာပါ အချို့ကတော့ ဝယ့်သင့်၏ မဝယ်သင့်၏ စဉ်းစားရင်း 2019 iPhones တွေကို မျှော်လင့်နေကြတာလည်း ရှိကြပါမယ် 

2019 iPhones တွေ ထွက်ရှိဖို့ ဆိုတာ ၉ လလောက် အချိန်လိုအပ်နေသေးတာ ဖြစ်ပါတယ် ဒါပေမယ့် လည်း ကောလာဟာလ တွေကြားနေရပြီ ဘယ်က လိတယ် ညာကလိတယ် နဲ့ သတင်းတွေကြား နေရပါပြီး နီးစပ်မယ်လို့တို့ မှန်းနိုင်ပေမယ့် ၉ လကြီးတောင် လိုနေသေးတာ မှန်ကန်ဖို့ တော့ မဖြစ်နိုင်သလောက်ပါပဲ 

ဖြစ်နိုင်ချေရှိနေတယ် အချက်အလက်တွေ ကောက်နုတ်ရရင် တော့ 2019 iPhones တွေဟာ A13 Processors အသုံးပြုထားမယ် Camera setup အသစ်ဖြစ်လာမယ် (Back Camera အတွက် triple setup ဖြစ်လာမယ် ဘာညာ နဲ့ Front Camera မှာ 3D module တွေသုံးလာမယ် ဘလာဘလာ ပေါ့ဗျာ) OLED အသစ် ပိုမိုကောင်းမွန်တာမျိုး သုံးလာမယ် (3D Touch တော့ ပါလာနိုင်ချေ အရမ်းနည်းနေပြီ ပြောရမယ်) 2018 ကတည်းက iPhone တွေက 6.5” Display ထိရောက်လာပြီဆိုတော့ Apple Pencil Support ပါလာနိုင်ကောင်း နိုင်မယ်ပေါ့ (ဆုတောင်း မကြမ်းပါနဲ့ သေချာပေါက် Pencil က အိတ်စိုက် ဝယ်ရမှာပါ) 

Apple 2019 iPhones တွေက အခုမှ တည်ဆောက်နိုင်ဆဲ ဖန်တီးနေဆဲ အခြေအနေမှာ ဖြစ်နေပါတယ် ဆိုလိုခြင်တာက သူတို့ ထပ်တိုး ပြောင်းလဲမှု ကြီးကြီးမားမား တွေထိကို ပြုလုပ်လို့လည်း ရမယ် စိတ်ကူး အကြံညဏ်အသစ်တွေ ကြားထဲမှာ ပေါကောင်း ပေါလာနိုင်ပြီး ထည့်သွင်းဖန်တီး လာတာလည်း ဖြစ်နိုင်ပါတယ် ထုတ်ခါနည်းမှ ဆိုရင်လည်း Software နဲ့ ပတ်သက်တယ့် လုပ်ဆောင်နိုင်စွမ်းတွေ ပြောင်းလဲ ပေးနိုင်တယ်ပေါ့ ဘယ်လိုပဲ ဖြစ်ဖြစ် 2019 iPhones တွေကို စောင့်ရကျိုးနပ် နိုင်တယ် အချက် ၅ ခုရှိနေပါတယ် အထူးသဖြင့် ကျွန်တော့် အတွက်ပေါ့

ကျွန်တော့် ရေးသား ပေးလာမယ့် လက်ရှိ ဖြစ်နိုင်ချေ အချက်အလက် အချို့ကို မှီငြမ်းပြီး 2019 iPhones ကို စောင့်သင့်လား မစောင့်သင့်လား ဆိုတာ ကိုယ်တိုင် ဆုံဖြတ်နိုင်ကြမယ်လို့ မျှော်လင့်မိပါတယ် ကိုယ် မျှော်လင့်ထား တယ့် အချက် အလက်ကောင်းတွေ မပါလာလို့လည်း စိတ်ပျက်အားလျော့ မသွားပါနဲ့ ကျွန်တော် အပေါကပြောခဲ့သလို ၉ လကျန်နေပါသေးတယ် အချက်အလက် တွေကိုလည်း ၃ လတစ်ကြိမ်လောက် ထပ်မံဖော်ပြနိုင်ဖို့ ကြိုးစားပေးပါမယ် ကြားထဲမှာလည်း ထူးခြား တယ့် အချက် အလက်အချို့ ရရှိခဲ့ရင်လည်း ဖော်ပြပေးသွားပါဦးမယ်

❄︎ (၁) Notch သေးသေးကို စောင့်ပါ

2019 iPhones တွေမှာ အခုလောလောဆယ် အချက်အလက်တွေအရ Notch ကို ရှောင်းရှားဖို့ အဖြစ်နိုင်သေးပါဖူး ဒါကြောင့် သေးငယ်သွားမယ့် Notch ကိုတော့ မျှော်လင့်ရနိုင်ပါတယ် 

ကျွန်တော်အပါအဝင် အချို့တွေက Notch ရဲ့ Big Fans တွေမဟုတ်ကြတော့ သေချာမှာပါ ဒါဆိုရင်တော့ ဒီနှစ် ရှိနေတယ့် Notch ကြီးကြီးတွေကို ရှောင်းရှားနိုင်လိမ့်မယ်ဆိုတာ 

Apple ဟာ 2019 မှာ အတတ်နိုင်ဆုံး Notch ကို ဖယ်ရှားပြစ်နိုင်ဖို့ ကြိုးစားနေပါပြီ Front Camera နဲ့ Face ID ကို ပေါင်းစပ်နိုင်ဖို့ရန်အတွက် 3D module camera တွေကို ဖန်တီးနေပြီလို့လည်း ကြားနေရပါပြီ တရုတ် ဖုန်းထုတ်လုပ်သူတွေဟာ သူတို့ရဲ့ Phones တွေမှာ Notch တွေ အပြိုင်အဆိုင် ထည့်လို့ ကောင်းနေကြတုံး အခြေအနေမှာ Apple အနေနဲ့ သူကျော်ကြားစေခဲ့တယ့် Notch ကို သူကိုယ်တိုင် ပြန်သတ်စေဖို့ ဆိုတာ စဉ်းစားရမယ့် အချက်ပါပဲ notch ဟာ သူကြောင့်ပဲ အောင်မြင်ကျော်ကြားစေခဲ့တာပဲလေ 

Industries ရဲ့ report တွေအရApple ဟာ Notch မပါတယ့် Full screen display တွေကို ဖန်တီးနေတယ်လို့ သိရပြီး Display အသစ်ဟာ OLED ပေါမှာ အခြေခံဖန်တီး ထားတာ ဖြစ်ပြီး 2019 iPhones တွေမှာ ထည့်သွင်းနိုင်ဖို့ စီစဉ်နေတယ်လို့ လည်း ကြားနေရပါတယ် ကြည့်ရတာ Apple ဟာ သူတို့ကိုယ်တိုင်လည်း Notch ကို မုန်းတီးနေပြီး 2019 ကနေ စတင်ကာ Notch ကို ဖယ်ရှားနိုင်ဖို့ ကြိုးစေနေတာ ဖြစ်မယ်လို့ ထင်မိပါတယ် ဒါမှသာ 2019 iPhones တွေဟာ ယခင် iPhones တွေထက် ကောင်းစွာ သာလွန်စေမှာပဲ ဖြစ်မှာပါ 2017 iPhone & 2018 iPhones တွေကိုပဲ ယှဉ်ကြည့်ရက် အားရလောက်စရာ ပြောင်းလဲမှု ဆိုတာ မရှိပါဖူး 

အတည်မပြုနိုင်ပေမယ့် ထွက်ပေါလာတယ့် display ရဲ့ အချက်အလက်တွေ ဖြစ်တယ့် resolution size shape တွေကို သုံးသပ်ရရင် Apple ရဲ့ display အသစ်ဟာ rectangular shape နဲ့ full screen ဖြစ်ပါတယ် ဒါပေမယ့် ဘယ်လိုလိုလဲ မျက်နှာပြင် အပြည့်ထားရင် Camera နဲ့ speaker တို့ sensor အချို့တို့ကို ဘယ်လိုထားမလဲ Apple ဟာ သေချာပေါက် 2019 မှာလည်း Face ID ကို မသုံးပြုဦးမှာပါ Camera Module နဲ့ ပေါင်းစပ်နိုင်ပြီပဲ ထား Full screen သာဖြစ်ရင် နေရာတော့ ရှိမှာ မဟုတ်ဖူးဗျ

ဒီတော့ အချို့ကဆိုထားတာကတော့ Apple က OLED မှာ အပေါက် ဖောက်မယ် ဆိုတာပါပဲ display ရဲ့ area အတွင့်မှာပဲ အပေါက် ဖောက်ထားမယ်လို့ ဆိုလိုတာပါ လက်ရှိ မြင်သာအောင်ပြောရရင် Nova 4 နဲ့ A8s လိုမျိုးပေါ့ ဒါကတော့ မသေချာပေမယ့် သေချာနိုင်တယ့် တစ်ချက်ကတော့ Apple ဟာ တကယ့် Full screen အစစ်အမှန်ကို ရှာဖွေနေတယ် ဆိုတာပါပဲ ကျွန်တော် အားရမိတယ့် Apple က ခြွေသွားခဲ့တယ့် စကားလုံး အချို့ကတော့ 

“Our vision always has been to create a iPhone that has its front completely filled with a display.” 

Apple က iPhone X ကို ကြေညာစဉ်က ပြောသွားခဲ့တာပဲ ဖြစ်ပါတယ် ဒီစကားနဲ့တင် ကျွန်တော် ၂၀၂၀ ထိ စောင့်နိုင်ပါပြီ တကယ်လို့ Apple က 2019 မှာ notch ပါနေဦးမယ် ဆိုရငိတောင် ပိုမိုသေးငယ်တယ့် notch ပါးလာမယ့် ဘေးဘောင်တွေ ပိုမိုသေးငယ်လာမယ့် အခြေမေးတွေနဲ့ ဖြစ်လာနိုင်မယ် လို့ မျှော်လင့်မိပါတယ် 

ချုံငုံသုံးသပ် ကြည့်ရရင် ကျွန်တော့်မျက်လုံးထဲမှာ မြင်ယောင်လာတယ့် iPhone ကတော့ truly edge to edge display နဲ့ ပုံစံပါတယ် Notch မပါတာ မဟုတ်ပဲ Notch ထိပ်ကို ပိတ်လိုက်သလို OLED မှာ အပေါက်ဖောက်ထားတယ့် မျက်နှာပြင် အပြည့် ပုံစံပါပဲ 2019 iPhones တွေမှာ ဖြစ်လာနိုင်ဖို့ အခွင့်အရေးကတော့ ရှိပါတယ် မရှင်းတယ့် တစ်ချက်က Apple က Face ID ကိုပဲ ဆက်သုံးမယ်ဆိုရငိ Camera Module နဲ့ပဲ ပေါင်းပေါင်း မျက်နှာ ပြင် အပြည့် ဘယ်ပုံစံနဲ့ ထညိ့နိုင်မလဲ ဆိုတာပါပဲ

Apple ဟာ သူ့ရဲ့ Face ID ကို 2019-2020 မှာ အတော့်ကို ထပ်တိုး ပြုပြင်သုံးဆွဲ သွားခြင်ပုံရပါတယ် အခြား Smartphones ထုတ်လုပ်သူတွေဟာ အပြိုင်အဆိုင် မျက်နှာပြင်အောက် လက်ဗွေရာ စနစ်ကို ဖန်တီးနေချိန်မှာ Apple ကတော့ Face ID ကိုပဲ အတော်လေး Push လုပ်နေတာ တွေ့ရပါတယ် မည်သို့ဖြစ်စေကာမူ သေချာတာကတော့ 2019 iPhones တွေ ဟာ Module တွေ ပေါင်းစပ်နိုင်မှုကြောင့်ပဲ ပိုမိုသေးငယ်တယ့် Notch ရရှိလာနိုင်တယ်လို့ ခန့်မှန်းသိရှိရနိုင်ပါတယ်❄︎ (၂) Apple Pencil Support ပါလာနိုင်ပါတယ်

2018 iPhones တွေမှာလည်း ကြားလိုက်ရသေးပါတယ် Apple က 5.8” & 6.5” iPhones တွေမှာ Pencil Support ရနိုင်ဖို့ ဖန်တီး ကြံရွယ် နေတယ် ဆိုတယ့် အကြောင်းပေါ့ 

2018 – 8 လပိုင်စလောက်မှာ Trendforce ရဲ့ ခန့်မှန်းချက်တွေမှာ 2018 iPhones သို့မဟုတ် later iPhones တွေမှာ Pencil Support ပါဝင်လာမယ် ဆိုတာပါပဲ iPhones အကြောင်းအရာတွေ ဖော်ပြရာမှာ နာမည်ကြီးတယ့် Taiwan Economic Daily News ကနေလည်း Apple ဟာ 5.8” & 6.5” iPhones တွေမှာ Pencil တွဲဆက် သုံးနိုင်မယ်လို့ အခိုင်အမာ နီးပါးကို ပြောဆိုခဲ့တာပါ စိတ်မကောင်းစွာနဲ့ပဲ 2018 မှာတော့ မဖြစ်ခဲ့ပါဖူး ဒါနဲ့ပဲ နောက်လည်း မဖြစ်တော့ဖူးလို့ ကောက်ချက် ချလို့ မရသေးပါဖူး

Apple products တွေနဲ့ ဆက်လျင်းပြီး မှန်ကန် မှု များစွာ ခန့်မှန်းနိုင်တယ့် Ming-Chi Kuo ကလည်း Apple iPhones တွေမှာ Pencil ရလာနိုင်မယ်လို့ 

တထစ်ကျ ပြောဆိုခဲ့တာပါ iPhones အချက်အလက်တွေနဲ့ ပတ်သက်ရင် ကျွန်တော်ကတော့ Mr.Kuo ကို ယုံကြည်ပါတယ် 2019 iPhones တွေမှာ မပါနိုင်ခဲ့ရင်တောင် Later Series iPhones တွေမှာတော့ သေချာကို ပါဝင်လာမယ်လို့ ခန့်မှန်းရနိုင်ပါတယ်

တကယ်လို့ သင်ဟာ Notch လည်း လူံးလုံး မကြိုက်ဖူး စတိုင်ကျ လှပပြီး Pencil big fan လည်း ဖြစ်တယ် September 2019 ထိလည်း မစောင့်နိုင်ဖူးဆိုရင် Note 9 စီကို သွားဖို့ ပြောလိုပါတယ် 

❄︎ (၃) Powerful ဖြစ်လှတယ့် Camera ကို စောင့်ပါ

သေချာတာပေါ့ဗျာ 2018 iPhones တွေကလည်း Apple ရဲ့ အကောင်းဆုံး Camera တွေကို တပ်ဆင်ထားတာပါ ဒါပေမယ့် ဒါက သင့်အတွက် လုံလောက်မှု မရှိသေးဖူးလို့ ခံစားရရင်တော့ 2019 iPhones တွေကို စောင့်ဖို့ ခိုင်မာတယ့် အကြောင်းပြ ချက်တစ်ခု ရရှိပါပြီ 

2019 iPhones တွေအတွက် ထက်ဖန်တလဲလဲ ကြားနေရတယ့် Camera အချက်အလက်တွေကတော့ Triple Lens ဆိုတာကြီးပဲ ဖြစ်ပါတယ် အထူးသဖြင့် Apple ဟာ သူတို့ရယ့် Triple lens camera setup ကို ပြီးပြည့်စုံတယ့် 3D sensing နည်းပညာနဲ့ ဖန်တီးစေပြီး Stereoscopic imaging ထိ ပြူလုပ်လာနိုင်မယ်လို့ ထင်ကြေးတွေ ပေးနေကြတာပါ Stereoscopic imaging နည်းပညာဟာ အလွယ်ပြောရရင် object တစ်ခု ကို sensor နှစ်ခုနဲ့ မတူညီတယ့် ထောင့်တွေကနေ ဖမ်းဆွဲ ရိုက်ကူးနိုင်တာ ဖြစ်ပါတယ် ထို့အပြည့် object နဲ့ Camera အကြား အကွာ အဝေးကိုလည်း အတိအကျ အာရုံခံနိုင်မှာပါ တတိယမြောက် sensor ကတော့ 3x optical zoom ရလာမယ်လို့ မှန်းရပါတယ် (5x optical zoom ထိတော့ မျှော်လင့်ထားမိတယ်ဗျာ) 

Camera setup နဲ့ ပတ်သက်တယ့် နောက်ထက် အချက်အလက်ကတော့ ပိုမိုကောင်းမွန်လာတယ့် Camera sensor တွေကြောင့် AR (Augmented Reality ) ဟာ အတော့်ကို ပြီးပြည့်စုံလာမယ် ဆိုတာအပြင် ထပ်တိုး အချက်တွေတော့ ခန့်မှန်းလို့ မရနိုင်သေးပါဖူး နောက်ထက် အချက်အလက်များ ထပ်မံ ထွက်ပေါလာခဲ့ရင်လည်း ဝေမျှ ပေးသွားပါမယ် 

သင်ဟာ Apple က ဖန်တည်းခဲ့တယ့် 2018 iPhones တွေရဲ့ AR နည်းပညာနဲ့ Camera လုပ်ဆောင်နိုင်စွမ်းတွေကို သိပ်အားမရနိုင်သေးဖူး ဆိုရင်တော့ 2019 iPhones တွေကို စောင့် ဖို့ ပြောခြင်ပါတယ် 

❄︎ (၄) ပါးလွှာလာတယ့် Design ကို စောင့်ပါ

သင်ဟာ ပိုမို ပါလွှာ ပေါ့ပါး လှပ တယ့် iPhone X, Xs, Xs Max, XR ကို မျှော်လင့်နေတယ် ဆိုရင်တော့ 2019 iPhones တွေက သင့်ကို အကြိုက်ဖြစ်စေတော့မှာပါ 

ဒီမှာတော့ Samsung ကိုကျေးဇူးတင်လိုက်ပါ သူ့ရဲ့ Y-OCTA OLED display နည်းပညာကြောင့်ပဲ 2019 iPhones တွေဟာ ပိုမို ပါးလွှာပြီး ပေါ့ပါး လာမယ်လို့ Korea websit တစ်ခုဖြစ်တယ်. ET News ကဆိုထားပါတယ် 

Apple အနေနဲ့ ဒီနည်းပညာကို အသုံးပြုပြီး 2019 iPhones တွေအတွက် ဘယ်လောက် mm များများနဲ့ ဘယ်လောက် grams များများ လျော့ချလာနိုင်လိမ့်မလဲ ဆိုတာကတော့ စဉ်းစားစရာပါပဲ ဘာပဲ ဖြစ်ဖြစ် ကြိုက်ပါတယ် 2017 iPhones တွေကစလို့ iPhones တွေက သိသိသာသာ ထူပြီး လေးလာခဲ့တယ် ဆိုတာတော့ အမှန်ဖြစ်နေတာပဲ ကိုးဗျ ကဲ ဒီမှာ နှိုင်းယှဉ် ကြည့်လိုက်ရအောင် 

• iPhone XR: 8.3mm

• iPhone XS and iPhone XS Max: 7.7mm

• iPhone X: 7.7mm

• iPhone 8 and iPhone 8 Plus: 7.3mm and 7.5mm

• iPhone 7 and iPhone 7 Plus: 7.1mm and 7.3mm

• iPhone 6s and iPhone 6s Plus: 7.1mm and 7.3mm

•iPhone 6 and iPhone 6 Plus: 6.9mm and 7.1m

Design ပါးလွှာမှုနဲ့ အလေးချိန်ကို ခန့်မှန်းဖို့ကတော့ အတော့်ကို စောသေးတယ်လို့ ထင်ပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေက Apple က ဒီ X ရဲ့ ပုံစံအနေနဲ့ပဲ ထုတ်လာမယ်ဆို တာကိုတောင် အတိအကျ မသိရသေးဖူး ကိုးဗျ ဒါပေမယ့်လည်း 7.2mm လောက်ထိတော့ ပြန်ပြီး ပါးလွှာ စေခြင်လိုပါတယ် 

❄︎ (၅) မပြီးသေးတယ့် iPhone SE 2!

တကယ့်လို့ သင်ဟာ 2017-2018 မှာ အထူသဖြင့် မနှစ်က ထွက်ရှိလာကြတယ့် ကောလဟာလ အချက်အလက်တွေ နောက်ကို လိုက်နေခဲ့တယ် ဆိုရင် အနည်းငယ် ကြားသိခဲ့တယ် ဆိုရင်တောင် သင် iPhones SE 2 အကြောင်းကို သိမှာ မလွဲဧကန်ပါပဲ Apple ဟာ အားလုံးရဲ့ မျက်ကွယ်မှာ ယခင် iPhone SE size အတိုင်း ဖြစ်လာမယ့် iPhone SE 2 ကို ဖန်တီးနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် January & February မှာတော့ ထုတ်ပြလာမှ မဟုတ်သေးဖူးလေ iPhone SE က March လမှာ ထွက်ခဲ့တာ ကိုးဗျ 

iPhone SE 2 ကိုကြားနေရတာက 2017 ရဲ့ နှစ်ဆန်းပိုင်း ကတည်းကပါပဲ 2018 ရဲ့ March လ ဖြစ်မလား WWDC2018 မှာ ဖြစ်မလားလို့ iPhones SE 2 ကို ထင်ကြေး ပေးခဲ့ကြပေမယ်ါ မထွက်ရှိခဲ့ပါဖူး Apple iPhone launch event မှာလည်း iPhone SE 2 မပါပဲ ပြီးဆုံးခဲ့ရပါတယ် 

သင်ဒာ Size အသေးကြိုက်တယ့် Flagship Fan ဆိုရင်တော့ iPhones SE 2 များ ထွက်ခဲ့ရင် သင့်ကို အကြိုက်တွေ့ စေမယ်ဆိုတာတော့ သင်အသိ ဆူံး ဖြစ်မှာပါ 2018 iPhones တွေအားလုံးက သင့်အတွက် သိပ်ကြီးနေကြရင်လည်း SE 2 ကပဲ အကောင်းဆုံး ဖြစ်မှာပါ 

2019 နှစ်စမှာပဲ တသွင်သွင် မြင်နေကြားနေရတာကတော့ Apple Have Secret Weapon For 2019 ဆိုတာပါပဲ အချို့တွေက ဆိုကြတယ့် မှင်သက်စရာ ကောင်းတယ့် Triple Camera setup နဲ့ ဖြစ်လာမယ်ပေါ့ အချို့ကတော့ Apple ရဲ့ secret weapon ကတော့ iPhone feature တစ်ခုမဟုတ်ပါဖူး New iPhone ပါလို့ ဆိုကြပါတယ် 

ကဲ iUsers တို့ရယ် iPhone SE 2 လေးများ ဖြစ်နေမလားဗျ March လမှာ ဖြစ်နိုင်ချေ အရှိဆုံးမို့ ကျွန်တော်နဲ့ အတူ ရင်ခုန်စွာ မျှော်လင့်လိုက်ရအောင် နှော်

*****

Kaung Myat Phone Kyaw (iOS Banker Myanmar)

*****

အချက်အလက်များကို Gottabemobile,MacRumor,iDrop,iDB,EconomicDaily,ETNEWS,moneyudn,TrendForce,theoutline တို့မှ မှီငြမ်း ရေးသားပါသည်

Facebook Comments
3K Shares