သင့်ကို မေးရိုး ကျွတ်ကျသွားမယ့် Sensor အသစ်တစ်ခုက …

906

2019 new iPhone တွေရဲ့အာရုဏ်ဦး

2019 က အစပိုင်းကတည်းက ထွက်ရှိလာတယ့် Trend အဖြစ်ဆုံး လူစိတ်ဝင်စားမှု အများခဲ့ ဆုံးပေါ့ Under display Fingerprint Scanner ဟုတ်ရဲ့လား ဗျ ဟုတ်ပါတယ် Smartphones တိုင်းမှာ တော့ မဟုတ်သေးပေမယ့် တတ်နိုင်သလောက်တော့ တစ်ပိုင် တစ်နိုင်လေး ထည့်နေကြပါပြီ 

ကျွန်တော့် Apple ရဲ့ ကမ္ဘာငယ်လေးမှာတော့ ယခုချိန်မှာ စိတ်ဝင်စား နေကြတာတော့ XR 2 & SE 2 ညီနောက် နှစ်ပါးပါပဲ SE 2 ကို မြင်တွေ့ရဖို့ တော့ ရာနှုန်း ဘယ်လောက် ရှိမယ် ကျွန်တော်လည်း သေချာ မပြောနိုင်ဖူး 

Apple & Qualcomm ရဲ့ ချစ်ပုံပြင် 

ဘယ်သူသိမလဲ 5G ကို မမိတ်ဆက်နိုင် သေးတယ့် Apple အနေနဲ့ 2019 iPhone launch မှည Generation အသစ် အနေနဲ့ XR 2 & SE 2 နှစ်မျိုး ထဲကိုပဲ ထုတ်ပြသွားရင် ဘယ်လိုလုပ်မလဲ ကျွန်တော် ပြောပြရုံပဲနော် အကိုတို့ အမ တို့ နားလည်မှု မလွဲကြပါနဲ့ လားရာလားရာ ဖြစ်နိုင်ချေလေး ရှိနေတာကို ပြောတာပါ

Qualcomm နဲ့ အချစ်စမ်း နေကြရာကနေ့ ပြန် သင့်မြတ်သွား ကြပြီဆိုတော့ 2020 iPhone တွေမှာတော့ 5G iPhone တွေ မြင်တွေ့ရဖို့ ရှိမှာပါ US မှာတော့ iPhone တွေ 5G သုံးရင် 5GE လို့ တတ်တယ် ဆိုပဲဗျ ကျွန်တော် တို့ ရင်းနှီးနေတယ့် E ကိုပြောတာပါ ဟလို E ကိုပြောတာ မဟုတ်ပါဖူး ဒီလို E ပါ ပိုရှုပ်ကုန်ပြီ ထင်တယ် ပြောခြင်တာက 5G ရဲ့ အနှေး Version ပေါ့ သိပ်များ နန်းဆန်သွား သလား

Apple အနေနဲ့ ကိုယ်ပိုင် Chipset ပေါ့ 5G အတွက်ပေါ့ ဖန်တီးနေပြီ လို့ ကြားရပေမယ့် ချက်ချင်းကြီး ရမလာနိုင်တာတော့ သေချာတယ် Qualcomm ကို စတာလည်း ဖြစ်နိုင်တယ် “ဟရောင် မင်းမပေးခြင်နေ မင်းပဲ အမြတ်မရမှာ ငါတို့ဟာ ငါတို့ လုပ်နိုင်တယ်” စတယ့် အထာမျိုးပေါ့ အားလုံး သိကြပြီးသား ဖြစ်မှာပါ Sammy နဲ့ ဆိုရင် မတည့်ရင်လည်း သူတို့ပဲ တည့်ပြန်တော့ လည်း စောင်ထဲကကို ထွက်မလာကြတော့ ဖူး ဟုတ်တယ်မို့လားဗျ အေးလို့ပါ ကျန်တာ မတွေးပါနဲ့

အခုချိန်မှာ Qualcomm က အားလုံး အဆင်ပြေပြေ လုပ်ပေးနေပြီ စာချုပ်တွေ ဘာတွေလည်း ချုပ်နေကြပြီ သူတို့တွေ အပေးယူ မျှသွားကြပြီ ဆိုတော့ကျွန်တော် တို့ဖက်က ကုန်ဖို့ပဲ ကျန်တော့တယ် ရွာပြန်ပြီ နွားရောင်းရတော့မယ် နောက်နှစ်ကျ လယ်ရောင်းမယ် ပြီးရင် တောင်းစားဖို့ပဲ ကျန်တော့တယ် 

Apple & Qualcomm ကြားက ရှုပ်ထွေး ဆန်းကြယ်တယ့် ဇာတ်လမ်းမှာ Huawei ပါ အစစ် ပါသွားသေးတယ် Huawei က 5G Chip တွေ ရောင်းပေမယ် ဘာညာ ဖြစ်လိုက်သေးတယ် ခုတော့ မယားကြီး အိမ်ပြန် ရောက်လာ ပြီဆိုတော့ မယားငယ် ဆင်းသွားရပြီ “hey b…h, get out the way” စတာပါ 

မြန်မာနဲ့ 5G ရဲ့ အနာဂတ် 

တစ်နေ့ကပဲ ကြားမှာပါ လေပြစ်နေတာလား တော့ မသိပေမယ့် သတင်းကတော့ အမှန်ပါပဲ Ooredoo နဲ့ ZTE တို့ 5G project အတွက် သူတို့တွေ စာချုပ် ချုပ်ကြတယ် လို့သိရတယ် အရင် 4G မှာတုန်းကလည်း ZTE ကပဲ ကိုင်ခဲ့တာ ခုလည်း သူတို့ပဲ ကိုင်မှာ ဆိုတော့ သဘောကျပါတယ် Ooredoo အနေနဲ့ 5G ထိ လှမ်းဖို့ အခွင့်သာ ပြီလားဆို တာတော့ လိုအပ်ချက်တွေ ရှိနေဦးမယ် လို့ပဲ မြင်တယ် 

သူတို့ အနေနဲ့ Telenor ရော် အပါအဝင် မီးပြတ်ရင် နယ်တွေမှာ Internet လိုင်း သုံးမရတယ့် ပြသနာ မျိုး အရင်ရှင်းပေးသင့်တယ် 4G speed ကနော့ မဆိုးပါဖူး ကျွန်တော်တို့ မုံရွာ အစွန်က တောဖက်မှာတောင် 80Mbps ထိ တတ်တာ တွေ့ရတယ် ပုံမှန်ကတော့ 65Mbps အောက် ရောက်တာမျိုး မကြုံဖူးသေးဖူး 5G ဆိုတာကလည်း အားလုံး သိကြတယ့် အတိုင်း 400Mbps လောက်ထိ တတ်ရမယ့် ကောင် သူတို့ အနေနဲ့ အဆင်သင့် ဖြစ်နေမယ်လို့ မျှော်လင့်မိတယ်

4G တုန်းကလည်း သူတို့ Ooredoo ကပဲ စတယ်လို့ ခန့်မှန်းမိတယ် ခု 5G ကလည်း သူတို့ စီကပဲ ပထမဆုံး သတင်းထွက်လာတယ် ဘယ်သူက အရင် စပြီး လုပ်နိုင်မယ် ဆိုတာတော့ စောင့်ကြည့်ရမယ် ကျန်တယ့် Operator တွေပါ နောက်ကလိုက်လာမယ် ဆိုတော့ ကြိမ်းသေ ပြောရဲတယ် Mytel က ဆက်လိုက်လာမလား ဆိုတာ ထင်မိတယ် ဒီကောင့်ရဲ့ 4G ကွန်ရက် တော်တော်လေး ကျယ်ပြန့်နေပြီ ဆိုတော့ 

New Biometric Protection System 

ကဲ လေပြစ်လို့ အားရပြီဆိုတော့ ပြောခြင်တယ့် အကြောင်းရာကို ပြန်သွားမယ် ဒါက အားလုံးလည်း ထင်ထားကြမယ့် အတိုင်း မျက်နှာပြင် အောက်က လက်ဗွေရာ စနစ်ပါပဲ Apple က April မှာ တစ်ကြိမ် ပြသခဲ့တယ် အခု March မှာလည်း နောက် တစ်ကြိမ် ထက်ပြလာတယ့်

Photo credit to patentlyapple

ပြထားတယ့် ပုံစံကတော့ Apple က သူတို့ရဲ့ Under display Touch ID ကို ဘယ်လို ဖန်တီးမယ် ဆိုတယ့် မူပိုင် ခွင့်လျှောက်ထားတယ့် ပုံစံပါ သူ့ရဲ့ အလုပ်လုပ်ပုံက Screen အောက်မှာ ထည့်ထားမယ့် Pinhole Camera က မျက်နှာပြင်ပေါက လက်ဗွေရာကို 3D mapping အဖြစ် ဖမ်းယူမှာ မျိုးပါ Face ID ရဲ့ အလုပ်လုပ် ပုံနဲ့ အတော့ကို ဆင်တူတာပါ 

အားလုံး သိကြတယ့် အတိုင်း Face ID Sensor တွေကို Apple က မျက်နှာ ပြင်အောက် မြုပ်နိုင်နေပြီ ဆိုတော့ နည်းနည်းပဲ စဉ်းစား ကြည့်လိုက်ဗျ နောက်ထပ် Face ID Sensor အပိုတစ်ခုက မျက်နှာ ပြင် အောက်မှာ ထပ်ထည့်လာမှာ ဗျ ဒီတစ်ခါကြတော့ သူက Face ID လို Face ကို လှမ်း 3D mapping လုပ်တာ မဟုတ်တော့ပဲ Fingerprint ကို mapping လုပ်မှာပါ ကျွန်တော် ဆိုလိုတာကို မရှင်းသေးရင် အလွယ်ပြောမယ် Face ID sensor အပေါ တစ်ခု အောက် တစ်ခု ပါလာမှာပဲဗျ 

Photo credit to 9to5Mac.com

Woww ကျွန်တော်ကတော့ မေးရိုး ပြုတ်ကျခြင်ခြင် ဖြစ်သွားတယ်ဗျ What a genius ပါ Face ID sensor တွေက ကောက်ကြောင်းတွေကို 3D mapping လုပ်နိုင်တယ် ဆိုတာ ကျွန်တော် တို့ သိတယ် အခု မှန်အောင် Under display ရပြီ ဆိုတာလည်း သိတယ် ဒါပေမယ့် အဲ့ နည်းပညာကိုပဲ Under display Touch ID အတွက် Fingerprint 3D mapping လုပ်ဖို့ သုံးနိုင်မယ် ဆိုတော့ ဘယ်လိုမှ မတွေးခဲ့ဖူးဖူးဗျ Apple ရေ မင်း တော်ပါ ပေတယ် 

သိပ် စိတ်လှုပ်ရှားနေပြီလား နေပါဦး Apple ရဲ့ ဒီနှစ် ထွက်မယ့် 2019 ရုပ်ဆိုးဆိုး iPhone တွေမှာ ပါမှာ ဟုတ်ပါဖူး ဆုတောင်း မကြမ်းပါနဲ့ ဒီအချက်က သင်ဘာကြောင့် ၂၀၂၀ အိုင်ဖုန်းတွေကို ကျွန်တော်နဲ့ အတူ စောင့်သင့်သလဲ ဆိုတာပါပဲ ဒါ တစ်ချက်တည်းပါ နောက်အချက်တွေ မှာ တွေ့ကြပါဦးမယ် 

Refer from patentlyapple

Ugly 2019 iPhone credit to Forbes

Facebook Comments
1K Shares