Home Knowledge TV App ( Video App ) & Music App တို့ထဲက Movies တွေ...

TV App ( Video App ) & Music App တို့ထဲက Movies တွေ Musics တွေ Delete လုပ်နည်း

515

ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးလေးလည်းဖြစ် သိလည်း သိထားသင့်တဲ့ Knowledge သေးသေးလေးကို ပြောပြပါမယ် ။ 

သိပြီးသား သူတွေအတွက် ဘာမှ မဟုတ်ပေမယ့် မသိရသေးတဲ့ ယူစာအသစ်လေးတွေအတွက်တော့ အသုံးဝင်ကောင်း ဝင်နိုင်ပါတယ် ။ 

ဒီလိုပါ ။ 

iPhone , iPad တွေထဲကို ဆိုင်မှာပဲဖြစ်ဖြစ် ၊ ကိုယ့်ဖာသာပဲဖြစ်ဖြစ် Musics တွေ , Movies တွေ ထည့်သွင်းပြီး နားထောင်တယ် ကြည့်တယ် ဆိုပါတော့ … ။

နားထောင်လို့ ဝပြီ ။ 

ကြည့်လို့လည်း ပြီးသွားပြီ ။ 

ဒါမှမဟုတ် … 

ကိုယ်မကြိုက်တဲ့ Musics , Videos တွေ ပါလာလို့ ဖျက်ပစ်ချင်တယ် ။ 

ဒီတော့ … 

ထည့်တုန်းကအတိုင်း Computer နဲ့ပဲ ဖျက်ရမှာလား ။ 

iPhone , iPad ထဲကနေပဲ တန်းပြီး ဖျက်လို့ မရဘူးလား ။ 

ဒီအတွက် အဖြေကတော့ အောက်က ပုံလေးတွေမှာ ရှိပါတယ် ။ ကြည့်ကြည့်လိုက်ပါ ။ 

*********************************************

ကိုယ့် iPhone , iPad ရဲ့ Setting , General ကနေ iPhone Storage ( or ) iPad Storage ကို သွားရပါမယ် ။ 

ပြီးရင်တော့ TV App ( or ) Video App ကို Lists ထဲကနေ ရှာပြီး ဝင်လိုက် ရပါမယ် ။ 

TV App ( or ) Video App ထဲကို ရောက်ပြီဆိုရင် Review iTunes Videos ထဲကို ထပ်ပြီး ဝင်လိုက်ဖို့ လိုပါတယ် ။

အခုဆိုရင် Computer နဲ့ ထည့်သွင်းထားတဲ့ Movies တွေကို တွေ့ရှိရပါပြီ ။ ညာဖက်အပေါ်က Edit ကို နှိပ်ပြီး ကိုယ်ဖျက်ပစ်ချင်တဲ့ Videos တွေရဲ့ ဘေးက အနီရောင် ( – ) လေးကို နှိပ်ပြီး Delete လုပ်ပစ်နိုင်ပါပြီ ။

*********************************************

iPhone , iPad တွေရဲ့ Setting , General ကနေ iPhone / iPad Storage ကို ဝင်လိုက်ပါ ။ 

တွေ့ရတဲ့ Lists ထဲမှာ Music App ကို ရှာပြီး ဝင်လိုက်ပါ ။ 

All Songs ရယ် , ထည့်သွင်းထားတဲ့ Music Name ရယ်ကို တွေ့ရပါလိမ့်မယ် ။ 

Musci Name ကို နှိပ်ပြီး အထဲက ကိုယ်ထည့်သွင်းထားတဲ့ Musics တစ်ပုဒ်ချင်းကို Edit ကနေတဆင့် ကိုယ့်စိတ်ကြိုက် Delete လုပ်ပစ်နိုင်သလို … 

All Songs ရဲ့ အပေါ်က Edit ကနေတဆင့်လည်း ကိုယ်ထည့်သွင်းထားတဲ့ Musics အားလုံးကို တစ်ခါထဲ Delete လုပ်ပစ်နိုင်ပါသေးတယ် ။ 

ကဲ ! 

ပေါ့ပေါ့ပါးပါး Knowledge လေးတော့ Share လို့ ပြီးပါပြီ ။ 

သိပြီးသား သူတွေကလည်း မသိသေးတဲ့ သူတွေကို ပြောပြ ရှင်းပြ Share ပေးကြပါ ။

မသိသေးတဲ့ သူတွေကလည်း အခုတော့ သိရပြီမို့ လက်ဆင့်ကမ်းပြီး Share ပေးကြပါ ။ 

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

ဇာနည် ( iOS Banker Myanmar ) 

*********************************************

Facebook Comments
709 Shares
https://publishers.propellerads.com/#/pub/auth/signUp?ref_id=TuDw