16GB ပဲရှိတယ့် iPhone ပေါမှာ ဘယ်လို ရှင်သန်မလဲ?

386

Oh Greatest Apple’s God give me the strength နောက်တာပါ Apple ကို အရင်ဆုံး ကျေးဇူးတင်လိုက်ပါ ခုချိန်မှာ အနိမ့်ဆုံး IPhone storages ဟာ 64GB ဖြစ်နေပါပြပီး ဆိုတော့ Normal Users တစ်ယောက် အနေဖြင့် နေ့စဉ် Normal use သုံးမယ် ဆိုရင် 64GB က လုံလောက် တယ့် ပမာဏ တစ်ခုလို့ ကျွန်တော် ယူဆပါတယ်

Normal use “Normal User” ဟုတ်လား! ဟုတ်ပါပြီ Normal use ဆိုတာက ဘာတွေ ဘယ်လို ဟာတွေကို အသုံးပြုတယ့် ပုံစံကို ဆိုလိုခြင်တာလဲ ကြည့်လိုက်ရအောင်

General Characteristics of Normal Use 

(1) Facebook Messenger WeChat WhatsApp Instagram Twitter စတယ့် Social Apps တွေ နေ့စဉ်အသုံးပြုနေမယ် ဒါတွေ အားလုံး အားရပါးရ သုံး လွန်ဆုံး ထွက်လာမယ့် Store ပမာဏက 5-8 GB လောက်ပါပဲ

(2) နောက် Gamers တွေ Game အနည်းငယ် ဆော့ကြမယ် Nova Asphalt MC DH ML တို့ ထည့်ထားမယ် Games တွေ က ကိုယ်အပတ်စဉ် လစဉ်ဆော့ဖို့ Store ပမာဏ 20-25 GB လောက်ပဲ ယူမှာပါ (အချို့တွေအထက် ကမှာ မဟုတ်ပါဖူး ကျွန်တော်ဆို game ကြီးပဲ 80 GB ဝန်းကျင် ရှိပါတယ်)

(3) Apps တွေ များသော်အားဖြင့် Download Manager & File Apps တွေမှာ (Apple ရဲ့ Files app ကို ဆိုလိုသည်မဟုတ်) ပမာဏ များများ ယူထားကြတာကို တွေ့ရပါတယ် ဒါကတော့ ကြည့်ပြီး ပြန် မဖျက်တယ့် အကျင့် ကြောင့်ပါ ကျန်တယ့် App တွေကို ပြောရရင် ပုံမှန် အသုံးပြုသူ တစ်ယောက် အဖို့ လောက်လောက်လားလား Size ကြီးတယ့် Apps ဆိုတာ မရှိသလောက်ပါပဲ 5-10GB လောက်ပဲ နေရာယူကြမှာပါ

(4) Photos & Videos တွေက ရံဖန်ရံခါ အသုံးမပြုတတ်တယ့် ပေါမူတည်ပြီး 30GB လောက်ထိ တတ်လာကြပါတယ် အများအားဖြင့် Users တွေမှာ 15 GB လောက်ထိပဲ တွေ့ရများပါတယ်

(5) Others Files တွေက SYSTEM ပိုင်းနဲ့ ပတ်သက်တယ့် files အချိ့ကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ် အများအားဖြင့် 10GB လောက်ထိပဲ ရှိကြပါတယ် (20-30 GB ရှိနေရင်တော့ PC ITUNES နဲ့ ချိတ်ဖို့ ထိုးဖို့ စဉ်းစားပါ)

64GB က လုံလောက်ပါတယ်ဗျ Photos 4000ကျော်ရှိတယ့် ကျွန်တော့် Camera Roll က Store Size 4GB ကျော်ပဲ ရှိတာပါ 64GB ဟာ Normal Users တွေ အဖို့ ကောင်းကောင်း လုံးလောက်ပါတယ် 

ဒါဆို 64GB နဲ့ အပြတ်အသတ်ကို ကွာလှတယ် 16GB သမားတွေကြ ဘယ်နှယ့် လုပ်ကြရမလဲ ဆက်ကြည့်ရအောင် ကျွန်တော့် ထက် ပိုကောင်းမယ့် နည်းလမ်းတွေ ရှိရင်လည်း အခြား သူတွေလည်း သိရအောင် Comment မှာ ပြောပြပေးသွားဖို့ ကြိုတင်၍ တောင်းဆိုပါရစေ

Tips for survive on 16GB iPhones

-installed Applications 

-Photos & Videos

-Others Files

-Moving 

/1/ Installed Applications

-Go For newer one-

iPhones သုံးစွဲလာတာ ကြာတာနှင့်အမျှ အထူးသဖြင့် ခုမှ စတင် အသုံးပြုတယ့် သူတွေ အဖို့ Video Player ဆိုရင် Oplayer Nplayer MXplayer VLCplayer စသဖြင့် အစုံ ထည့်သွင်း ထားတာနဲ့ မိနေတာ မျိုးတွေ များပါတယ် တစ်ခုဆိုရင် လုံလောက်ပါပြီ တကယ်တော့ တစ်ခုတောင် မလိုအပ်ပါဖူး 

NPlayer သုံးဖို့တော့ Recommended ပေးပါတယ် ကျွန်တောဆိုရင် Subtitle ကို သီးသန့်ဒေါင်းပြီး Video နဲ့ တွဲကြည့်လေ့ ရှိပါတယ် Nplayer က Features အတော်များ စုံလင်ပြီး Local subtitle နဲ့ တွဲကြည့်ဖို့ အကောင်းဆုံး Player လို့ထင်ပါတယ် ဒီတော့ ပြောနေတာ ဘယ်ရောက်သွားပါလိမ့် 

ဆိုတော့ ပုံစံတူ Apps တွေကို တစ်ခုတည်းပဲ ထားပြီး အသုံးပြုပါ Downloader တွေကလည်း ပြသနာရှိပါတယ် Version နဲ့ ကိုက်မယ့် Downloader ရှာရင်း ရှာရင်းနဲ့ Downloader တွေ ပုံထပ် လားပါတယ် ဒီတော့ ကိုက်ညီတယ့် Downloader ရပြီဆိုရငိ အရင်က သုံးမရတယ့် မလိုအပ်တော့တယ့် Downloader တွေ ဖျက်လိုက်ပါ 

Photoshop နဲ့ ပတ်သက်တယ့် ဟာတွေ video editing apps တွေကလည်း အလားတူပါပဲ လိုအပ်သလောက်ပဲ ယူထားပါ မလိုအပ်တာတွေ ဖြုတ်လိုက်ပါ နောက်သတိထားရမှာက video တွေ Photo တွေ edit လုပ်တယ့် software တွေမှာ အထဲမှာ edit လုပ်ပြီးပြီ ဆိုရင် Camera roll ထဲကို import လုပ်ပြီးပေမယ့် သူ့ App ထဲမှာလည်း သိမ်းဆည်း ထားသေးတာမျိုးတွေ ရှိပါတယ် အဲ့ဒါကြောင့် edit လုပ်ပြီး Camera Roll ထဲ ပို့ပြီးရင် Video ကျန်နေရင် ဖျက်ခဲ့ဖို့ မမေ့ပါနဲ့ အများအားဖြင့်ကတော့ မူရင်း Data နဲ့ တွဲမှတ်တာ ဖြစ်တာကြောင့် စိတ်ပူစရာ မလိုအပ်ပါဖူး

/2/ Photos & Videos

-Know your Limit-

Photos နဲ့ ပတ်သက်လာရင်တော့ iPhone Users တစ်ယောက် အဖို့ Camera Formats – High Efficiency ထား သုံးသင့်ပါတယ် ဘာကြောင့်လဲဆိုတော့ High Efficiency မှာ ပါဝင်တယ့် HEIF\HEVC format တွေဟာ ပုံမှန် JPEG ပုံတွေ ထွက် ရုပ်ထွက် ပိုသာပြီး File Size ပမာဏ 2x compression ဖြစ်လို့ပါ ၂ ဆ ကျုံ့တာ ဖြစ်တာကြောင့် JPEG မှာ 3MB ရှိတယ့် ပုံတစ်ပုံဟာ HEIF မှာ 1.5 MB ပဲ ရှိမှာပါ ဒါဟာ ပုံပေါင်း ၁၀၀၀ အဖို့ 1.5GB ပိုထွက်လာမှာပဲ ဖြစ်ပါတယ် 3000 မှာ ယှဉ်ရင် JPEG ဟာ 9GB အနေအထားမှာ HEIF ဟာ 4.5GB ဖြစ်ပါလိမ့်မယ် 

Videos နဲ့ ပတ်သက်လာရင်တော့ အနိမ့်ဆုံး Resolutions ဖြစ်တယ့် 720p HD at 30fps မှာ ထားသုံးသင့်ပါတယ် 1 min short video shoot ရင် 30-50 MB Space ထွက်မယ်ပေါ့ 10-15 mins အတွက် 600 MB ဝန်းကျင် ပေါ့ပေါ့ပါးပါး ပါပဲ 1080p HD at 60fps ဆိုရင်တော့ အခြေအနေက ၂ ဆ တိုးတက်သွားပါမယ် 1.2GB ပေါ့ 10-15 mins စာ video တစ်ပုဒ်အတွက် 16GB iPhone မှာ 1GB ဝန်းကျင်ဆိုတာ များပြား နေတယ့် ပမာဏပါ ဒါကြောင့် ရိုက်မယ် ဆိုရင်တောင် မိနစ် ၂၀ စာလောက်ထက် ပိုမထား ရှိဖို့ အကြံပြုပါရစေ

ရုပ်ရှင်းဇာတ်ကား အကြီးတွေ ကြည့်ပြီးရင် ပြန်ဖျက်ပါ အထူးသဖြင့် Zapya နဲ့ ကူးရင် အဲ့ထဲမှာပဲ ပြန်ကြည့်ပါ ဆိုပါတော့ Camera Roll ထဲကို Import လုပ်လိမ့်မယ် အဲ့မှာ တစ်ကားထဲနဲ့ ၂ နေရာစာ Size ယူသွားပါပြီ ဒါကြောင့် ကိုယ်က Camera Roll ထဲမှာပဲ ကြည့်လေ့ကြည့်ခြင်တယ် ဆိုရင် Import လုပ်ပြီးတာနဲ့ ဖျက်လိုက်ပါ အထက်ဖော်ပြပါ ပုံတွင် အောက်က video ကို import ထားခြင်းဖြင့် နှစ်ခု ဖြစ်နေတာကို တွေ့မြင်နိုင်ပါတယ် ဆိုတော့ အောက်က မူရင်း Zapya ထဲက video ကို Delete လုပ်သင့်ပါတယ်

/3/ Others Files

-You will Need PC for this Step-

Settings-General-iPhone storage မှာ စစ်ကြည့်ရင် အပါက Storage Bar မှာလည်း Others Files ရဲ့ နေရာယူမှုကို တွေ့ရမှာ ဖြစ်သလို အောက်ဆုံးကို ဆွဲကြည့်မယ် ဆိုရင်လည်း Others Files ရဲ့ ပမာဏကို တွေ့မြင်ရမှာပါ ပုံမှန်အားဖြင့် Storage စုစုပေါင်းပမာဏရဲ့ 15% လောက်ပဲ နေရာယူသင့်ပါတယ် ဒီ့ထက် တအားများနေရင် စိတ်ရှုပ်စရာ ဖြစ်လာပါပြီ 

128GB Storage iPhone မှာ Others Files Size ပမာဏဟာ 15GB ဝန်းကျင်မှာ ဖြစ်သင့်ပါတယ် 64GB မှာ 8GB ဝန်းကျင် နဲ့ 16GB iPhone မှာ 4GB ဝန်းကျင် အများဆုံး ရှိနေသင့်ပါတယ် ကိုယ့် iPhone က 16GB storage ဖြစ်ပါရဲ့ Other Files ကသာ 8GB လောက်ဖြစ်နေရင် no cool ပါ စိတ်မကောင်းစွာနဲ့ သာမန်ရိုးကျ ပုံမှန် နည်းလမ်းနဲ့ Others Files ကို ရှင်းဖို့ iPhone မှာကြီးပဲ မရနိုင်ပါဖူး 

ပထမဆုံး နည်းလမ်းကတော့ PC လိုအပ်ပါမယ် PC မှာ iTunes ရှိရှိ မရှိရှိ 3uTools ရှိရှိ မရှိရှိ iTools လည်း အလားတူပါပဲ iPhone နဲ့ PC ကို သူ့ရဲ့ Original or MFI Cable နဲ့ ထိုးလိုက်တာနဲ့ iPhone storage မှာ နေရာယူနေတယ့် Others Files က လျော့ကျသွားရပါမယ် ရံဖန်ရံခါ 5-15 mins ထိ ကြာမြင့်နိုင်ပါတယ် တစ်ခါတစ်လေ iTunes or 3uTools ကို ချိတ်ပြီး ဖွင့်ပေးထားဖို့ လိုအပ်နိုင်ပါမယ် ဘာမှ လုပ်စရာမလိုအပ်ပါဖူး ထိုးလိုက်ပြီး PC မှာ iTunes or 3uTools ကိုဖွင့်ထားခါ ငုတ်တုတ်ထိုငိ စောင့်ရုံပါပဲ များသော်အားဖြင့်က PC မှာ ဘာမှ ဖွင့်စရာတောင် မလိုအပ်ပါဖူး 

(သတိထားပါ ဒါဟာသင့်ရဲ့ ပထမဆုံး အကြိမ် PC နဲ့ ချိတ်ခြင်းဆိုရင် iPhones မှာ Trust လုပ်ရပါမယ် အရင်ဆုံး iPhone ကို လက်ဗွေရာ သို့ Passcode ထည့်ဖွင့် ထားရပါမယ် ပြီးရင် Trust လုပ်ဖို့ နောက်တစ်ကြိမ် Passcode ထည့်ပေးရပါမယ်)

Magic Trick လေးကတော့ အချို့တွေက သိပြီးသား ဖြစ်မယ် အချို့တွေကတော့ အခုမှ သိကြမယ် ဒါက Storage almost full ဖြစ်နေတယ့် အခြေအနေကို ရောက်မှသာ သုံးရပါမယ် 2GB လောက်ပဲ လွတ်တော့တာဆိုရင် အဲ့ထက် Size ပမာဏ ပိုကြီးမယ် Apps ကို ဒေါင်းလိုက်ပါ Game ကြီးတွေ အဲ့ Size အနေအထားမှာ ပေါပါတယ် ပြီးရင် Space ပိုလွတ်သွားတာကို တွေ့ရမှာပါ အချို့တွေပေါမှာတော့ အလုပ်မဖြစ်ပါဖူး 

/4/ Moving

-Store in Cloud Space-

ခေတ်အခြေအနေ တိုးတတ်လာတာနဲ့ အမျှ Cloud Store လုပ်နိုင်တယ့် Apps တွေလည်း မှုလိုပေါက် ပေါလာပါပြီ ထိုများထဲမှာ Dropbox, Google Drive, MEGA & Pcloud တို့ကတော့ ကျွန်တော် အသုံးပြုနေတယ့် cloud Drive တွေပါ အခြား Microsoft One Drive တို့ ရှိသေးဦးမယ် စသဖြင့်ပေါ့ Drive ၄ မျိုးလောက်သာ သုံးရင် 30GB လောက်တော့ အသာလေး ရရှိမှာပါ Broadbands တွေ WiFi တွေ ပေါများလာတယ့် ခေတ်မို့ Cloud တွေသုံးရတာ တန်လာပါပြီ 

Photos အတွက် ကတော့ unlimited ရနိုင်တယ့် Google Photos ကို သုံးဖို့ တိုက်တွန်းလိုပါတယ် အောက်မှာ Drive link လေးတွေ ထည့်ပေးလိုင်ပါတယ်

Dropbox Download link

Google Drive Download link

One Drive Download link

MEGA Download link 

PCloud Download link 

Google photos မှာ Upload အကုန်လုပ်ပြီးရင် Free up space သာ လုပ်လိုက် သူ အကုန်မပြီးရင်တောင် ပြီးပြီးသား ပုံတွေကို ဖျက်ပေးသွားလိမ့်မယ် ပုံတွေက Google Photos ထဲမှာ လုံခြုံစွာ ရှိနေတာမို့ စိတ်ပူစရာ မလိုအပ်ပါဖူး

/0/ Bonus Tips

-Delete others files manually-

Others Files ကိုပဲ သာမန်ရိုးကျ ဖျက်လို့ ရပါတယ် ဘယ်ကနေလည်းဆိုရင်တော့ 

Settings-Safari-Clear History & Browsing Data လုပ်လို့ရမယ်

Settings-Message-Keep message မှာ 30days ထားမယ် 

ဒီနည်းလမ်း ၂ ခုက Others Files ရဲ့ ပမာဏ အချို့ကို လျော့ချနိုင်ပါ လိမ့်မယ် PC လိုမယ့် နည်းလမ်းကတော့ 3uTools နဲ့ Clean Garbage လုပ်လို့ရမယ် ပြီးရင် iTunes နဲ့ back up လုပ်ပြီး Restore ပြန်လုပ်ခြင်းဖြင့် Others Files ကို လျော့နိုင်မယ် ဒါတွေပါပဲ 

ဆက်ပြသနာ ရှိနေသေးရင်တော့ OS ကို Update ဆက်တင်ကြည့်ဖို့ စဉ်းစားကြည့်ပါ ဒီ့အတွက် WiFi ကတော့ လိုအပ်ပါလိမ့်မယ် 

3uTools Download link

အားလုံးပဲ အဆင်ပြေကြမယ် လို့ မျှော်လင့်မိပါတယ် ဒါနဲ့ စကားမဆက် မနက်ဖြန် February 7 ရက်က Send a card to a friend Day နော် crush နေရတယ့် friend ရှိရင် မမေ့မလျော့ ပို့လိုက်ကြနှော် 🙂

Facebook Comments
692 Shares