05/25/2020

Single Sim & Dual Sim ဘယ်ဟာရွေးဝယ်သင့်လဲ

2K Shares

iPhone 11 Series တွေကို ဝယ်ယူချင်တဲ့ ကျွန်တော်တို့ မိတ်ဆွေတွေအတွက် ပထမဦးဆုံး ခေါင်းစားမဲ့အချက်ကSingle SIM (+eSIM) ကို ရွေးရမလား Physical Dual SIM ကို ရွေးရမလားဆိုတဲ့ အချက်ဖြစ်မယ် ထင်ပါတယ် ဒီနေ့တော့ နည်းနည်းလေး ကွာခြားချက်လေးတွေကို ပြောပြရင်း စဉ်းစားဖို့အကြံဉာဏ်လေးတွေ မျှဝေပေးချင်ပါတယ်ဗျ

iPhone XS Max / XR Series တွေမှာကတည်းက စပြီး Single SIM (+eSIM) နဲ့ Physical Dual SIM ဆိုပြီး ထွက်လာတာဖြစ်ပါတယ် .. အဓိကအားဖြင့် Mainland China, Hong Kong, Macau စတဲ့ နေရာ () ခုအတွက်ကို Apple ကနေ Physical Dual SIM ပါဝင်တဲ့ iPhone တွေ ဆိုပြီး ထုတ်လုပ်ကာ ကျန်တဲ့ Region တွေအတွကကိုတော့ Single SIM (+eSIM) ဆိုပြီး ထုတ်လုပ်တာ ဖြစ်ပါတယ် အဲ့တော့ Single SIM (+eSIM) ကိုရွေးရမလား ဒါမှမဟုတ် Physical Dual SIM (SIM Card ကဒ်ထည့်သွင်းအသုံးပြုလို့ရ) ကို ရွေးရမလား ခေါင်းစားပါပြီ

ဒီ () ခုက ဘာကွာလဲ

Single SIM (+eSIM) က ပုံမှန် SIM Card ထည့်တဲ့နေရာမှာ Nano SIM Card တစ်ကဒ်ပဲ ထည့်သွင်းလို့ရပြီးတော့နောက်တစ်ကဒ် ထပ်သုံးချင်ရင် eSIM Support လုပ်တဲ့ Carrier မှပဲ ထပ်သုံးလို့ရပါမယ်။ eSIM Support လုပ်တဲ့Carrier ဆိုတဲ့နေရာမှာ လက်ရှိ မြန်မာပြည်မှာ eSIM Technology ကို အရင်ဦးဆုံး မိတ်ဆက်ထားတာက MyTel ရှိပါတယ်  အခြား Operator () ခုကတော့ တရားဝင်မိတ်ဆက်ထားခြင်း မရှိသေးပါဘူး နိုင်ငံတကာမှာလည်းOperator အကုန် eSIM Support မဖြစ်သေးပါဘူး 

Physical Dual SIM ဆိုတာကတော့ ပုံမှန်အတိုင်း SIM Card ထည့်တဲ့နေရာမှာ Nano SIM Card () ကဒ်ကိုထည့်သွင်းအသုံးပြုနိုင်တဲ့ device ပဲ ဖြစ်ပါတယ် သူ့မှာ eSIM တော့ ထည့်သွင်းအသုံးပြုနိုင်မှာ မဟုတ်ပါဘူး

Single SIM (+eSIM) က Physical Dual SIM ထက် လိုင်းဆွဲအား ပိုကောင်းတယ်

တချို့တွေပြောကြတာမျိုးတွေရှိပါတယ် Single SIM (+eSIM) က လိုင်းဆွဲအား ပိုကောင်းပြီး Physical Dual SIM က လိုင်းဆွဲအား နည်းနည်း ညံ့တယ်ဘာညာဆိုပြီး ပြောကြတာမျိုးတွေ ရှိပါတယ် ဒါတွေက အမှန်တွေ မဟုတ်ပါPhysical Dual SIM SIM Card () ကဒ် ထည့်လို့ လိုင်းဆွဲအား ညံ့တာမျိုး မကောင်းတာမျိုး လက်ရှိအချိန်ထိiPhone Series () ဆက်တိတိ စပြီး ရလာကတည်းက မကြုံဘူးသေးပါဘူး အကုန်လုံး အတူတူပဲ ဖြစ်ပါတယ်Single SIM ကို eSIM နဲ့တွဲပြီး အသုံးပြုမယ်ဆိုရင်လည်း SIM Card မထည့်ရရင်သာ နေမယ် Dual SIM လိုပဲလုပ်ဆောင်ချက်ခြင်း အတူတူပဲဖြစ်တာကြောင့် ဘာမှလည်းမထူး အားလုံး အတူတူပဲ ဖြစ်ပါတယ်ဗျ

Physical Dual SIM က Single SIM (+eSIM) ထက် ဘာလို့ စျေးသက်သာရသလဲ ?

Physical Dual SIM က Single SIM (+eSIM) ထက်စာရင် အချို့ GB တွေ Models တွေမှာ စျေးသက်သာတာတွေရှိပါတယ် ဘာကြောင့်လဲဆိုရင် Warranty Handling လုပ်တဲ့ ကြာချိန်ကြောင့်ပါ .. iPhone တွေအကုန်လုံးက Apple ရဲ့Official (1) Year Apple Warranty ပါဝင်ပြီးသား ဖြစ်ပါတယ် ဒါပေမဲ့ Physical Dual SIM တွေကို Warranty Handling လုပ်တဲ့နေရာမှာ ကြာချိန် က Single SIM (+eSIM) ထက်စာရင် အနည်းငယ် ပိုကြာတတ်ပါတယ် ဒါကြောင့်မို့လို့ Physical Dual SIM က စျေးသက်သာနေလေ့ရှိပါတယ်

Physical Dual SIM နဲ့ Single SIM (+eSIM) ဘယ်ဟာကိုရွေးချယ်ဝယ်ယူသင့်သလဲ

တကယ်လို့ မိတ်ဆွေက နိုင်ငံခြား ခဏခဏ ခရီးသွားတဲ့သူမျိုး ဖြစ်တယ် အဲ့လို သွားတဲ့အခါ ကိုယ့်ရဲ့ ဖုန်းနံပါတ်လေးကိုလည်း မထုတ်ပဲ Roaming လေးနဲ့ထားချင်တယ် တစ်ဘက်နိုင်ငံက စျေးသက်သာတဲ့ SIM Card ကိုလည်းထည့်သွင်း အသုံးပြုချင်တယ် ဒါမျိုးဆိုရင်တော့ Physical Dual SIM ကို ရွေးသင့်ပါတယ်

Single SIM (+eSIM) အနေနဲ့ကတော့ ကိုယ့်ရဲ့ ပုံမှန် အသုံးပြုနေကြ Primary SIM Card ကို Physical အနေနဲ့ထည့်သွင်းအသုံးပြုပြီးတော့ eSIM Support လုပ်တဲ့ Operator တွေကို ရွေးချယ်ပြီး ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်  မဟုတ်ရင်လည်း Single SIM တစ်ခုတည်း အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်

Win Mobile World မှ ကူးယူဖော်ပြသည်။

13 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။