05/25/2020

September လမှာ ထွက်ရှိမှာ မဟုတ်တော့တယ့် iPhone 12

6K Shares

Apple ဟာ နှစ်စဉ် September လမှာ iPhone series အသစ်တွေကို မိတ်ဆက် မြဲပါ၊ ဒါပေမယ့် ယခုနှစ်မှာတော့ ဝမ်းနည်းစွာနဲ့ ကြားသိရတယ့် သတင်းတွေ အရ iPhone 12 ဟာ September မှာ ပြသနိုင်မှာ မဟုတ်တော့ဖူး ဆိုတယ့် သတင်းတွေပါပဲ

iPhone 12 ရဲ့ မိတ်ဆက် ပြသနိုင်မှု နှောင့်နှေးရတယ့် အကြောင်းဟာ ခရီးသွားလာ ခွင့် တားမြစ် ခံထားရတယ့် COVID-19 ရဲ့ အကျိုးဆက် ပြသနာ ကြောင့် ဖြစ်တယ်လို့ Report တွေကတော့ ထုတ်ပြန်ထားရှိပါတယ်၊ Apple engineers များမှာ iPhone 12 series ရဲ့ Prototype များ Features များကို in-production အနေအထား စမ်းသပ် ဖို့ရန် စစ်ဆေးဖို့ရန် အတွက် China ကိုသွားလာဖို့ အခက်အခဲ ရှိနေတာကြောင့် ဖြစ်တယ်လို့လည်း ဖော်ပြထား ရှိပါတယ်

တစ်ဖက်မှာလည်း COVID-19 ကြောင့် ဖြစ်ရတယ့် နောက်ဆက်တွဲ အကျိုးဆက်တွေ ထဲမှာ ကျန်းမာရေး ခရီးသွားလာ မှုတွေသာ မက နယ်ပယ် အသီးသီးရဲ့ စီးပွါးရေး ခြေနေ ကိုပါ ထိခိုက် ရှိခဲ့ခြင်း ဟာလည်း iPhone 12 ထုတ်လုပ် မှုကို ကြန့်ကြာ သွားစေ ပါတယ်

Apple နဲ့ ပတ်သက်တယ့် သတင်းရင်းမြစ် တွေကို အတိကျဆုံး ဖော်ပြလေ့ ရှိတယ့် Ming-Chi Kuo ကတော့ iPhone 12 ရဲ့ ထုတ်လုပ်မှုဟာ အထူးသဖြင့် 5G ကြောင့် ပြောင်းလဲ လာမှာ ဖြစ်တယ့် Antenna တွေရဲ့ စမ်းသပ်မှုမှာ နှစ်တိုင်း လုပ်နေကြ နေ့စွဲထက် ၁လ နောက်ကျ နေတယ်လို့ ဆိုထားပါတယ်

ထို့ပြင် iPhone အသစ် ရဲ့ ပုံစံ Features တွေဟာ ကောလားဟာလ အဖြစ် မြောက်များစွာ ထွက်ရှိနေတာ ဖြစ်သော် ငြားလည်း Pro မဟုတ်တယ့် iPhone 5.4” & 6.1” model တွေဟာ September လ မရောက်မခြင်း ထုတ်လုပ်မှု စတင်မှာ မဟုတ်တယ့် အပြင် iPhone 12 Pro Max ကတော့ October ထိတောင်မှ ထုတ်လုပ် နိုင်မှာ မဟုတ်သေးဖူး လို့ ဆိုထား ပြန်ပါ သေးတယ်

ဒီပုံစံ အတိုင်းသာ ဆိုရင် iPhone 12(5.4”) & iPhone 12 Plus(6.1”) models တွေကို October & November လတွေမှသာ launch ပြုလုပ်နိုင်တော့ မှာဖြစ်ပြီး iPhone 12 Pro Max ကတော့ December လထဲ မှာတောင် မြင်ရဖို့ မသေချာတော့တယ့် အနေအထား မျိုးပါပဲ အားလုံးသိကြတယ့် အတိုင်း Apple ရှိနေတယ့် US ဟာ COVID-19 ရဲ့ ထိုးနှက်ချက် ကို တော်တော်လေး ထိခံထားတယ့် သူဖြစ်ပြီး iPhone 12 ရဲ့ ထုတ်လုပ်မှုကို အခုလောက်ပဲ ထိခိုက် ခဲ့တာတောင် တော်သေးတယ် လို့ ပြောရမှာ ပါပဲ

မည်သို့ပင် ဖြစ်စေကာမူ Admin ကတော့ iPhone 12 ကိုပဲ စောင့်ဝယ်မှာပါ

BGR မှ သတင်းရယူ ပါသည်

9 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။