Samsung မှ Foldable Display များကို Apple သို့ ထောက်ပံ့ ပေးသွားမည်

236

Foldable Smartphones တွေ ခေတ်စားလာတယ့် 2019 နှစ်မှာ Android manufactures တွေဟာ Foldable phone များကို အပြိုင်အဆိုင် ထုတ်လုပ် ဖန်တီးနေကြပါပြီ ထိုမျိုးထဲမှ ထိပ်ဆုံး တစ်နေရာမှာ Samsung ရပ်တည်လို့နေ တယ်ဆိုတာကလည်း Display Crown ကိုပိုင်ဆိုင် ထားတယ့် သူဆိုတော့ ပြောစရာလိုမယ် မထင်ပါဖူး

ယခု ရက်ပိုင်း အတွင်းမှာ ထွက်ရှိလာတယ့် သတင်းတွေ အရ Samsung မှ Foldable display များကို ထောက်ပံ့ ပေးဖို့ရန် Apple နှင့် ဆွေးနွေး နေပြီ ဖြစ်တယ်လို့ သိရပါတယ်

Korea site တစ်ခုဖြစ်တယ့် ET NEW ရဲ့ ဖော်ပြချက်မှာ (တရုတ်ဖက်က ဆိုတော့ Industry Source report မျိုး ဖြစ်တာမို့ ယုံကြည် နိုင်တယ်) Samsung ဟာ Apple အတွက် Foldable display တွေကို ထုတ်လုပ်ဖို့ စီစဉ်နေပြီလို့ သိရပြီး သူတို့ရဲ့ ကိုယ်ပိုင် Galaxy Fold ထက် အနည်းငယ် လေး သေးငယ်တယ့် 7.2” အရွယ်အစား display တွေ ဖြစ်တယ်လို့လည်း သိရပါတယ်

ကြည့်ရတာ Samsung ဟာ Apple အတွက် Foldable display supplier ဖြစ်ခြင်သွားပုံရပါတယ် ယခင် ပုံမှန် OLED display တွေ ရဲ့အဓိက ထောက်ပံ့ ပေးသူဖြစ်ခဲ့သလို မျိုးပေါ့ လောလော ဆယ်မှာ Samsung ဟာ Apple ရဲ့ နောက်ဆုံး iPhone series တွေဖြစ်တယ့် iPhone XS & XS Max တို့ရဲ့ OLED display တွေကို ထောက်ပံ့ ပေးထားပါတယ် 

Samsung အနေနဲ့ Apple ကို Display ထောက်ပံ့လာတာဟာ အကြီးဆုံး ပါတနာ လုပ်ဖော်ကိုင်ဖက်ကြီး တွေဖြစ်နေခဲ့ပြီးသားပါ ယခင်ကလည်း OLED panels တွေကို ထောက်ပံ့ခဲ့ပြီး ယခုအခါ Fold display တွေကို ဆက်လက် ထောက်ပံ့ခဲ့မယ် ဆိုရင် အံ့သြစရာတော့ မရှိပါဖူး ဒါ့အပြင် Samsung ရဲ့ Foldable နည်းပညာဟာ ယခုအချိန်မှာ ပြီးပြည့်စုံတယ်လို့ ပြောလို့ရပါတယ်

စကားမစပ် ဖော်ပြထားပါ ပုံဟာ foldable iPhone မဟုတ်ပါဖူး LetsGoDigital ကဖော်ပြထားတယ့် Foldable iPad သာ ပေါထွက်လာရင် ဘယ်လို ပုံ ဖြစ်နိုင်တယ်ဆိုတယ့် ပုံစံငယ်ပဲ ဖြစ်ပါတယ် အတည်ယူလို့ မရဖူးပါဖူး ဒါပေမယ့် ကျွန်တော် ပြောနိုင်တာကတော့ အနာဂတ်တစ်ခု ဆိုတာပါပဲ ဒီတော့ Foldable idevice ကို 2k19 မဟုတ်ရင်တောင် 2k20 မှာ တွေ့မြင်သွားရဖွယ် ရှိပါတယ်

ကျွန်တော် မေးခြင်တယ့် မေးခွန်းတွေက Foldable iPad ထွက်ရှိလာရင် Physical damage ဘယ်လောက်ထိ ခံနိုင်မလဲ ဘယ် နှကြိမ်များများ အခေါက် အချိုး လုပ်နိုင်မလဲ ဘယ်လောက်ထိ နေ့စဉ် Daily life မှာ အသူံးဝင်စွာ ထောက်ပံ့ ပေးနိုင်မလဲဆိုတာပါပဲ iUsers တိုလည်း Comment မှာ ထင်ကြေး ပေးကြည့်နိုင်ပါတယ်

Source from 9to5Mac

Facebook Comments
1K Shares