ကင်မရာ (၃)လုံး ပါဝင်လာနိုင်မယ့် 2019 iPhones မျိုးဆက်သစ်များ

354

2015 လောက်က အစပြုပြီး အရှိန်အဟုန်နဲ့ တို့းတက် ပြောင်းလဲလာတယ့် Phone Camera ခေတ်မှာ Apple iPhones တွေဟာလည်း ရှေ့တန်းမှာ ရပ်တည်လို့နေကြတယ် ဆိုတာ ထူးထွေပြီး ပြောစရာ လိုမယ် မထင်ပါဖူး

Camera 3 လုံး အစပြုတယ့် Triple Camera နည်းပညာကို ကောင်းမွန်စွာ အသုံးပြုခဲ့တယ့် ဖုန်းကတော့ Huawei ရဲ့ P20 Pro ဖြစ်ပါမယ် Apple ရဲ့ iPhones တွေလည်း လာမယ့် 2019 မှာပဲ ဒီနည်းလမ်းကို အစပျိုးတော့ပါလိမ့်မယ် 

သတင်း အချက်အလက်မှာ ယူံကြည်ရခိုင်မာတယ့် Taiwanese Public News site ဖြစ်တယ့် Economic Daily ကနေ ပြီးခဲ့တယ့် Monday မှာ ဖော်ပြချက် အရ 2019 iPhone တွေအတွက် Apple ကနေ three rear cameras ဖန်တီး နေတယ် ဆိုတာပါပဲ စက်ရုံ အချက်အလက် တွေကို ကြည့်ရှုခြင်းဖြင့် trio 12 Megapixels rear lens ပါဝင်တယ်ဆိုတာ သေချာသလောက် ဖြစ်နေပါပြီ

Rumors တွေရဲ့ ဖော်ပြချက်တွေအရ Triple Camera နဲ့ 2019 iPhones တွေဟာ 5x zoom ရရှိလာမယ်လို့ ဆိုထားကြပါတယ်

Apple ဟာ နည်းပညာ အသစ်တိုင်း မှန်သမျှ အကုန်လုံးကို လိုက်ပြီး ပထမဆုံး မိတ်ဆက်စေတယ့် သူတော့ မဟုတ်လှပါဖူး (Apple သည် Presenter မဟုတ်ပါ) ယခု ခေတ်အခါ တိုးတတ်လာတယ့် ခေတ်မှီနည်းပညာတို့နဲ့ အတူ အသစ်သစ် တွေ ပေါပေါက်လာတယ့် အပြိုင်အဆိုင် အားကောင်းလွန်းတယ့် ခေတ်ကြီးမှာ နည်းပညာ အသစ်အဆန်းတွေဟာ မွန်းမံရင်း သစ်လွန်းရင်း ပေါထွန်းလာပါတယ်

ဒီတစ်ခုတော့ သတိရပါ Apple ဟာ Triple Lens Camera ဖုန်းကို မိတ်ဆက်မယ့် ပထမဦးဆုံးသော် Phonemaker မဟုတ်ပေမယ့် အသစ်ထွက်ရှိ လာမယ့် Triple lens Camera နဲ့ 2019 iPhones တွေဟာ Camera 3 လုံး ပါဝင်တယ့် ဖုန်းလောက တစ်ခုလုံးကို ရိုက်ခတ်သွားစေမယ် ဆိုတာ သံသရ ထားစရာ မလိုပါဖူး (အကောင်းဆုံး ဖြစ်မှသာ ဖန်တီးပေးစေတာ Apple ပဲ မဟုတ်လော်ဗျ)

2017 မှာ ထွက်ရှိတယ့် Duel Lens Camera နဲ့ iPhone X & iPhone 8 Plus တို့ဟာ 12 Megapixels Rear Camera တွေဟာ 2X Optical Zoom & 10X Digital Zoom တွေပါဝင်ပါတယ် အပေါက Rumor ပြန်ကောက်ရရင် 5X Optical zoom ဆိုတာဟာ အသစ်ပါဝင်လာမယ့် Third Lens ရဲ့ စွမ်းဆောင်နိုင်စွမ်း ဖြစ်မလား Digital Zoom နဲ့ပေါင်းစပ်ပြီး Hybrid နည်းပညာနဲ့ လာမလားဆိုတာ မမှန်းနိုင်ပေမယ့် သိပ်မသေချာ လှတာတော့ အမှန်ပဲဗျ (5X Optical Zoom ဆိုတာ အကူမပါပဲ နည်းနည်းတော့ များတယ့် မျှော်မှန်းချက်ပါပဲ) 

ခုလို ဖြတ်ပြောရတာ စိတ်တော့ မရှိပါနဲ့ 2019 iPhones တွေဟာ Triple lens camera မပါလာတာလည်း ဖြစ်နိုင်ပါသေးတယ် ဖြစ်ဦးတော့ Camera 3 လုံးဟာ Image ရိုက်ကူးတယ့် စွမ်းဆောင်ရည်မှာပဲ အကျိုးပြုစေမှာပါ Video ရိုက်ကူးမှုမှာတောင် အထောက်အကူ ဖြစ်စေမှာ ဟုတ်ပါဖူး ကျွန်တော် ပြောပါရစေ ဖုန်းတစ်လုံးရဲ့ Camera performance ဟာ Lens တွေ အနည်းအများ ပေါမူတည်နေတာလား

 နိုး ကျွန်တော်တော့ မထင်ပါဖူး Image rendering software, lens sensors, HDR algorithms, optical image stabilization နဲ့ နောက်ထပ် အခြား အမျိုးမျိုးပေါ မူတည်ပြီးမှ ဆုံးဖြတ်နိုင်စေတာပါ ပြီးတော့ ဒီအချက်တွေ ချရေးထားတယ့် စာရွက်ပေါ ကြည့်ပြီး ဒီဖုန်း ကင်မရာ ကောင်းပြီလို့လည်း ယူဆလို့ မရပြန်ပါဖူး တကယ်လက်တွေ့ စမ်းကြည့်ပြီးမှ သိနိုင်ပါလိမ့်မယ် ဆိုတော့ ထွက်လာမှ ကြည့်ကြရအောင်လား iUsers တို့ ခင်ဗျ

Triple lens Camera အကြောင်း Apple အား စကားတို့ခဲ့ရမှာတော့ Apple မှ တစ်စုံတစ်ရာ ပြန်လည် မှတ်ချက်ပေးခြင်း မပြုခဲ့ပါ

Industry source အား Economic Daily မှ ကိုးကားပါသည် ပုံများကို iDrop News မှကူးယူပါသည် အချက်အလက်များကို CNET မှရယူပါသည်

Facebook Comments
1K Shares