Phone Storage နည်းတဲ့ iOS User များအတွက် အသုံးဝင်တဲ့ Offload App Function အကြောင်း

1029

အဓိက offload app ဆိုတာကတော့ storage မလောက်တဲ့သူတွေ ဒါမှမဟုတ်
ကိုယ့်ဖုန်းရဲ့ storage ကိုများများချန်ထားချင်တဲ့ လူတွေအတွက်ရည်ရွယ်ပါတယ်

နောက်ပိုင်း iPhone တွေမှာ storage တွေများလာပေမယ့်လည်း Apps တွေ Games တွေအများကြီးသွင်းချင်တဲ့အခါ ကိုယ့်ရဲ့ storage ကလည်းအများကြီးမကျန်ဘူးဆိုရင်

ပုံမှန် user တစ်ယောက်အနေနဲ့ ကိုယ်အသုံးနည်းတဲ့ သုံးလေ့ သုံးထမရှိတဲ့ App တွေ Game တွေကို
delete လုပ်စရာမလိုဘဲ offload လုပ်လို့ရမယ့် choice ကို Apple ကလုပ်ပေးထားတာပါ

App 1ခုကို delete လုပ်တာနဲ့ Offload လုပ်တာနဲ့ဘာကွာလဲဆိုရင်
Delete လုပ်လိုက်ရင် ကိုယ့်ဖုန်း ကနေ delete လုပ်လိုက်တဲ့
1. App icon ပျောက်သွားမယ်
2. App ရဲ့ Storgae size လည်းပျက်မယ်
3. App ရဲ့ Document နဲ့ Data လည်းပျက်သွားပါမယ်
အဲ့အစား Offload လုပ်လိုက်ရင်
အပေါ်မှာပြောခဲ့တဲ့ထဲက No.2 တစ်ချက်(Storage size)ပဲ ပျောက်ပါမယ်
သဘောကတော့ App ရဲ့ Storage စားတဲ့အဓိကအစိတ်အပိုင်းဖြစ်တဲ့ App size ပဲပျောက်သွားပြီး
App icon ရော ကိုယ်သုံးခဲ့တဲ့ Document နဲ့ Data History ရောကျန်ခဲ့ပါတယ်

ကျန်ခဲ့တဲ့ App icon ဘေးနားလေးမှာတော့ အခုလိုမျိုး Cloud download icon လေးပေါ်နေမှာ ဖြစ်ပါတယ်

အဲ့ဒါမှ ကိုယ် Offload လုပ်ထားတဲ့ app ကို လွယ်လွယ်ကူကူမြင်နိုင်မှာဖြစ်ပြီး Download ပြန်လုပ်
ချင်ရင်လည်း အဲ့ app icon လေးက်ုပြန်နှိပ်လိုက်ရုံပါပဲ

အရမ်းအဆင်ပြေပါတယ် Login ဝင်ထားတာမျိုးရှိတဲ့ app ကို offload လုပ်ပြီးပြန် down ပြီးဖွင့်ရင်
account တောင်ပြန်ဝင်စရာမလိုအောင် easy ဖြစ်အောင်လုပ်ပေးထားပါတယ်

App ကို delete လုပ်မယ့်အစား ကိုယ့်ရဲ့ Data history
ကျန်ခဲ့မယ့် App 1ခုကို Offload လုပ်မယ်ဆိုရင်
Setting -> General -> iPhone Storage -> ထဲမှာ ကိုယ် offload လုပ်ချင်တဲ့ app ထဲဝင် Offload app ဆိုတာလေးကိုနှိပ်ပြီး ပြုလုပ်နိုင်ပါတယ်

Offload လုပ်ပြီးသား app ကိုပြန်သွင်းချင်ရင် ဒီနေရာကပဲ reinstall လုပ်လို့ရသလို
Home screen ကနေ app ကိုပြန်နှိပ်ပြီး down လို့လည်းရပါတယ်

အဲ့လိုမှမဟုတ်ဘဲ OS က automatically offload လုပ်ခိုင်းလို့လဲရပါတယ်
Setting -> iTunes & App Stores -> Offload Unused Apps ကို on ပေးလိုက်ရုံပါပဲ

ဒါပေမယ့် auto offload လုပ်မယ်ဆိုရင် သတိထားရမှက system က သူ့ဘာသူ့ user အသုံးနဲတဲ့ app ကိုလုပ်သွားမှာပါuser ဆီ notify လုပ်မှာမဟုတ်တဲ့ အတွက် ကိုယ်သုံးချင်တဲ့ app ကလက်တလောမသုံးဖြစ်လို့ offload လုပ်သွားတဲ့ထဲပါသွားရင်ပြန် download ဆွဲရမှာပါ၊
ကဲ storage နည်းတဲ့သူတွေအတွက်တော့ ရွေးချယ်စရာ နည်းလမ်းကောင်းဖြစ်မှာပါလို့ပြောရင်း စမ်းသုံးကြည့်ဖို့လည်း တိုက်တွန်းပါရစေ။
အသုံးပြုနေတဲ့သူတွေဆိုရင်လည်း ဘာတွေအဆင်ပြေလဲ ဘာတွေအဆင်မပြေဘူးလဲဆိုတာ comment ပေးသွားလို့ရပါတယ်။

Ref: Macworld
Lwin Moe Aung (iOS Banker Myanmar)

Facebook Comments
2K Shares