iPadOS 13 နဲ့ iOS 13 မှာ ပါဝင်လာမယ့် Text Editing Gestures အသစ်အကြောင်း

1396

အချိန်ကာလကြာရှည်စွာ ငြီးငွေ့လာခဲ့ရတဲ့ Text Editing နဲ့ ပါတ်သက်၍ Apple ဟာ iOS 13 မှာ Fixed လုပ်ပေးလာခဲ့ပါတယ် ။

အခုဆိုရင် Undo Text ပြန်လုပ်ဖို့အတွက် iPhone , iPad တွေကို Shake စရာ မလိုတော့ပါဘူး ။ လိုအပ်တာမှန်သမျှကို Three Finger Swipe ( လက်ချောင်းသုံးချောင်းဖြင့် ပွတ်ဆွဲ ) လုပ်လိုက်ရုံပါပဲ ။ Gestures က ရိုးရိုးလေးပါပဲ ။

1. Tap, Hold and Move the Cursor

ရိုက်ထားပြီးဖြစ်သည့် Text ထဲမှာ Cursor ကို လွယ်ကူစွာ စိတ်ကြိုက် Move လုပ်နိုင်ပါတယ် ။ ထောက်ထားမယ် ၊ ပြီးဖိထားပြီး Cursor ကို ရွှေ့ယူသွားလိုက်ရုံပါပဲ ။ ထားချင်တဲ့နေရာ သေချာပြီဆိုမှ ဖိထားတဲ့ လက်ကို လွှတ်ပေးလိုက်ရုံပါပဲ ။

2. Swipe to Select a Block of Text

စာပိုဒ်တစ်ခုလုံးကို Select လုပ်ရာမှာလည်း အလွန်ကို လွယ်ကူလာပါပြီ ။ ရွေးချင်တဲ့ Text ကနေ ဖိထားပြီး Select လုပ်ချင်တဲ့ နေရာအထိ Swipe လုပ်သွားလိုက်ရုံပါပဲ ။

3. Cut, Copy and Paste

Copy နဲ့ Paste အတွက် New Gestures ( ၂ ) ခုပါလာပါတယ် ။ ဒီ Gestures တွေ အားလုံးဟာ Three Finger Gesture တွေပဲ ဖြစ်ပါတယ် ။ Select လုပ်မယ့် Text ပေါ်ကို လက် ( ၃ ) ချောင်းနဲ့ အတွင်းသို့ ဖိဆွဲလိုက်ပါက Text ကို Select လုပ်ပြီး ဖြစ်ပါလိမ့်မယ် ။ Copy ယူလိုက်တဲ့ Text ကို Paste ချမယ်ဆိုပါက မတူညီတဲ့ Gesture ကို အသုံးပြုရပါမယ် ။ လက် ( ၃ ) ချောင်းနဲ့ အတွင်းကနေ အပြင်ကို ဖြန့်ဆွဲလိုက်ပါက Copy ယူလာတဲ့ Text ကို Paste ချလိုက်ပြီး ဖြစ်သွားပါလိမ့်မယ် ။

Text ကို Cut လုပ်မယ်ဆိုရင်တော့ Copy လုပ်သလိုကိုပဲ ခပ်မြန်မြန် လက် ( ၃ ) ချောင်းဖြင့် ဖိညှစ်ဆွဲလိုက်ရပါမယ် ။

4. Undo and Redo

iOS 13 မှာ Undo လုပ်ဖို့ iPhone or iPad တို့ကို Shake ဖို့ မလိုတော့ပါဘူး ။ Three Fingers နဲ့ Swipe Left ( ဘယ်ဖက်ကို ဖိဆွဲ ) လိုက်ရင် Undo Text ဖြစ်ပါမယ် ။ Swipe Right ( ညာဖက်ကို ဖိဆွဲ ) လိုက်ရင် Redo Text ပါ ။

5. New Formatting Bar

ဒီလိုမျိုး Swipe Gestures ကို မကြိုက်ဘူးဆိုရင်လည်း Formatting Shortcuts Bar အသစ်လေးကို အသုံးပြုလို့ ရပါမယ် ။ Three Fingers နဲ့ပဲ Text ပေါ်ကို ဖိထားလိုက်ပါက အပေါ်မှာ Formatting Bar လေး Popup အနေဖြင့် ပေါ်လာပါလိမ့်မယ် ။ Undo , Cut , Copy , Paste & Redo စသဖြင့် Shortcuts တွေ ပါဝင်ပါတယ် ။

ဆိုတော့ ဒါက iOS 13 မှာ ပါဝင်လာမယ့် Text Editing Gestures လေးတွေပဲ ဖြစ်ပါတယ် ။ ပြောရရင်တော့ Apple ဟာ iOS 13 မှာ အသုံးဝင်မယ့် Features တွေ အမြောက်အများ ထည့်ပေးလာပါတယ် ။ တကယ် အသုံးဝင်၏ မဝင်၏ကတော့ လာမယ့် September မှာ iOS 13 ထွက်လာတဲ့အခါကျ ယူစာတွေ စမ်းသပ်ကြည့်နိုင်ကြောင်းပါခင်ဗျာ ။

Ref : Khamosh Pathak

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
579 Shares