2019 အတွင်း MacBook အသစ် 7 မျိုးကို Apple မိတ်ဆက်လာနိုင်

550

Apple ဟာမထွက်ရှိရသေးတဲ့ MacBook အသစ်ရဲ့ Model 7 မျိုးကို Eurasian Economic Commission database မှာ register လုပ်ခဲ့ပါတယ် .. Register လုပ်ခဲ့တဲ့ Model တွေကတော့ A2141, A2147, A2158, A2159, A2179, A2182 နဲ့ A2251 တို့ပဲဖြစ်ပြီး အဲ့ဟာတွေကို Portable Computers လို့ဖော်ပြထားတာဖြစ်တဲ့အတွက် MacBook တွေဖြစ်နိုင်ပါတယ်။

မိတ်ဆက်လာနိုင်ခြေရှိတဲ့ MacBook တွေထဲကတခုအပါအဝင်ဖြစ်တဲ့ 12-inch MacBook ဟာ 2017 June ကတည်းက နောက်ဆုံးမိတ်ဆက်ခဲ့တာဖြစ်ပါတယ် .. MacBook Air ကတော့ပြီးခဲ့တဲ့နှစ်ကမှ refresh လုပ်ထားတာဖြစ်လို့ ဖြစ်လာနိုင်ချေသိပ်မရှိပါဘူး

တချို့သတင်းတွေအရတော့ ဒီနှစ်ကုန်ပိုင်းမှာ Design ပိုင်းလုံးဝပြောင်းလဲထားတဲ့ 16-inch MacBook Pro တွေထွက်လာမယ်လို့ကြားသိရပါတယ် .. MacBook Pro တွေဟာ 2016 ကတည်းက Design အပြောင်းအလဲမရှိပဲ Specs ပဲ Upgrade လုပ်ထုတ်နေတာက 2019 MacBook Pro တွေထိပါပဲ .. 2019 MacBook Pro တွေမှာ i9-9th gen processor တွေထည့်သွင်းပေးထားပါတယ် .. MacBook အသစ်တွေရဲ့မိတ်ဆက်ပွဲကို October မှာကျင်းပမယ်လို့ခန့်မှန်းရပါတယ်။

ကဲဒီတော့ iOS Banker Myanmar ရဲ့ ပရိသတ်ကြီးတွေ MacBooks အသစ်တွေအတွက်ရင်ခုန်နေပြီလားဗျာ

Source : MacRumors

#ph0b14 (iOS Banker Myanmar)

Facebook Comments
567 Shares