05/25/2020

New AirPods 2020 ကို နောက်လမှာ Apple က ကြေငြာဖွယ်ရှိ

2K Shares

YouTuber တစ်ဦးဖြစ်တဲ့ Jon Prosser ပြောကြားချက်အရ နောက်လထဲမှာ Apple က သူတို့ရဲ့ New AirPods နဲ့ 13 လက်မMacBook Pro တို့ကို မိတ်ဆက်ပေးလာမယ်လို့ သိရပါတယ်။ မူလက Apple ဟာ March လမှာ ကျင်းပမယ့် Event ပွဲမှာ2020 iPhone SE နှင့်အတူ မိတ်ဆက်ပေးလာဖို့ ရည်ရွယ်ထားခဲ့ပေမယ့် Coronavirus ကပ်ဘေးကြီးကြောင့် Apple ဟာအဆိုပါ အစီအစဥ်ကို ပြောင်းလိုက်ရပါတယ်။ ပြီးခဲ့တဲ့တစ်ပါတ်အတွင်းကတော့ iPhone SE ကို Apple က ထုတ်လိုက်ပြီဖြစ်ပါတယ်။

ပြောကြားချက်တွေအရတော့ New AirPods Model ကို ( B288A ) Code နဲ့ ဖြစ်ပါမယ်။ Second Generation ဖြစ်တဲ့ AirPods ရဲ့ Codename က ( B288 ) ဖြစ်တဲ့အတွက် ဒီသတင်းကတော့ သေချာသလောက်ရှိမယ် ထင်ပါတယ်။

Apple New AirPods မှာ ဘယ်လို Features တွေ ပါလာမလဲဆိုတာကို ဘာမှ မသိရသေးပါဘူး။ ဒါပေမယ့် ကောလဟာလတွေအရတော့ Apple ဟာ AirPods Pro နဲ့ အလားတူတဲ့ AirPods Pro Lite ကို ဖန်တီးနေတယ်လို့ ကြားထားပါတယ်။ ဒီသတင်းသာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ ဈေးနှုန်းသက်သာတဲ့ AirPods တစ်မျိုး ထွက်ရှိလာဖွယ်ပါပဲ။

Posted by Rajesh Pandey

ဇာနည် ( iOS Banker Myanmar )

6 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။