Home Knowledge Low Power Mode ဆိုတာ …

Low Power Mode ဆိုတာ …

2369

iOS ရဲ့ Special Battery Boosting Feature ကို Low Power Mode လို့ ခေါ်ပါတယ် ။ 

Low Power Mode ကို Enabled သာ လုပ်ထားမယ်ဆိုရင် ကျနော်တို့ရဲ့ ဖုန်းကို အားသွင်းဖို့ လိုအပ်နေတဲ့ အနေအထားမှာတောင် ( ၃ ) နာရီလောက် ဆက်လက်ပြီး အသုံးပြုနိုင်ပါသေးတယ် ။ 

Apple ကတော့ Low Power Mode ဟာ Processor အလုပ်လုပ်မှုကို လျော့ချပေးထားပြီ ၊ သိပ်ပြီး မလိုအပ်တဲ့ Features အချို့ကိုလည်း ပိတ်ပေးထားမှာ ဖြစ်ပါတယ်လို့ ဆိုထားပါတယ် ။ ဒီလို ပိတ်ထားတာ လျော့ထားတယ်တွေကို ခင်များအနေနဲ့ သိမှာတောင် မဟုတ်ပါဘူးတဲ့ ။ 

ဒီတော့ Low Power Mode ကို Enabled လုပ်ထားခြင်းဖြင့် Disables or Reduces ဖြစ်စေနိုင်တာတွေကတော့ 

  • Mail Fetch 
  • Background app refresh 
  • Automatic downloads
  • Some visual effects
  • CPU ( 40% Throttled Down ) တို့ပဲ ဖြစ်ပါတယ် ။

Low Power Mode ဟာ ကျနော်တို့ ဖုန်းရဲ့ Battery အား 20 % သို့ ရောက်ရှိသွားတဲ့အခါမှာ အလိုအလျောက် Enabled ဖြစ်သွားမှာပဲ ဖြစ်ပါတယ် ။ 

Low Power Mode သူ့ဟာသူပဲ Active ဖြစ်လာမှာကို ကျနော်တို့ ထိုင်စောင့်နေရမှာလား ? 

မလိုပါဘူး ။ 

Setting >> Battery >> Low Power Mode ကို On ပေးပြီး Enable လုပ်နိုင်သလို ၊ Control Center က Battery အိုင်ကွန်လေးကို နှိပ်ပြီးလည်း Enable or Disable ကို လွယ်လွယ်ကူကူ လုပ်လို့ ရပါသေးတယ် ။ 

Low Power Mode Active ဖြစ်နေပြီ ဆိုတာနဲ့ ဖုန်းရဲ့ Battery အိုင်ကွန်လေးဟာ အဝါရောင်ကို ပြောင်းသွားမှာပဲ ဖြစ်ပါတယ် ။ 

Low Power Mode ကို ကျနော်တို့ အသုံးပြုသင့်လား ?

ဒီမေးခွန်းအတွက် အဖြေကို ပြောပြပါမယ် ။ 

A 7 Processor အသုံးပြုထားတဲ့ iPhone 5S နဲ့ A 8 Processor ပါဝင်တဲ့ iPhone 6 လိုမျိုးကို Low Power Mode ကို Enable ပြီး စမ်းသပ်ရာမှာ CPU Throttle Down ဟာ ( 40 % ) ထက် ပိုမိုခဲ့တာကို တွေ့ရှိရခဲ့ပါတယ် ။ 

Mobile Legend တို့ ၊ PUBG တို့လိုမျိုး အချိန်အတော်ကြာ ပေးပြီး ဆော့ရမယ့် ဂိမ်းတွေအတွက် Low Power Mode ဟာ CPU ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ( ၄၀ ) ရာခိုင်နှုန်းနီးပါး ( ဒါမှမဟုတ် ဒီထက် ပိုပြီး )  လျော့ချပေးမှာ ဖြစ်လို့ ကစားရာမှာ Performance အနည်းငယ် ကျဆင်းစေမှု ဖြစ်နိုင်ပါတယ် ။

အထူးသဖြင့် iPhone 5S , 6 , 6 + , 6S , 6S + and iPhone SE တို့ကို ကိုင်ဆောင်တဲ့ ဂိမ်းမာယူစာတွေအနေဖြင့် Low Power Mode ကို Enable ပြီး အဆိုပါ ဂိမ်းမျိုးကဲ့သို့သော ကြီးကြီးမားမားနဲ့ အချိန်ကြာကြာဆော့ရမယ့် ဂိမ်းမျိုးတွေမှာ ဆော့ချိန်ကြာလာလေ Performance ကျလာလေ ( သို့မဟုတ် CPU က ပိုပြီး အလုပ်လုပ်ပေးနေရလို့ ဖုန်းပူလာတာမျိုး ) ခံစားရလာနိုင်ပါတယ် ။ 

*** ဒီတော့ အထက်က iPhone Series ယူစာတွေအနေဖြင့် အဆိုပါ ဂိမ်းမျိုးကို Low Power Mode ကို Disabled လုပ်ထားပြီး ကစားသင့်ပါတယ် ။ ***

Low Power Mode ကို ဘယ်အချိန်မှာ ကျနော်တို့ အသုံးပြုရမလဲ ? 

Apple ကတော့ Low Power Mode ကို ဘယ်အချိန်မှာ အသုံးပြုပါဆိုပြီး လမ်းညွှန်ချက် ပေးထားခြင်း မရှိပါဘူး ။ တိုက်တွန်းထားခြင်းလည်း မရှိပါဘူး ။ 

ဒီတော့ ကျနော့်ရဲ့ အတွေ့အကြုံအရပဲ ပြောပါမယ် ။

ကျနော့် iPhone Battery ကို အားသွင်းတဲ့ အချိန်မှာ Low Power Mode ကို Enabled ပြီး ထားတာက သာမန်အနေအထားနဲ့ အားသွင်းတာထက် ပိုမိုမြန်မြန်ဆန်ဆန် အားဝင်စေတာကို တွေ့ရပါတယ် ။ 

ကျနော့် iPhone Battery အား 100 % or 95 % ရောက်ရင် Low Power Mode ကို Disabled ပြီး အသုံးပြုပါတယ် ။ 

ပြီး ဂိမ်းဆော့တယ် ။ 

Facebook သုံးတယ် ။ 

သီချင်းနားထောင်တယ် ။ 

Videos တွေကြည့်တယ် ။ 

နောက် ကျနော့် iPhone Battery အား 45 %  or 40 % သို့ ရောက်တဲ့အခါ Low Power Mode ကို ပြန်ပြီး Enabled ထားပြီး အသုံးပြုပါတယ် ။ 

ကျနော်က မကြာခဏ ခရီးထွက်ရလေ့ ရှိပါတယ် ။ လမ်းခရီးမှာ ဖုန်းကို အသုံးမပြုပဲ ပတ်ဝန်းကျင်ကို ငေးမောလေ့ရှိတတ်တဲ့ ကျနော်ကတော့ ကျနော့် iPhone Battery အား 100 % ပြည့်နေစေဦးတော့ Low Power Mode ကို Enabled လုပ်ထားလေ့ ရှိပါတယ် ။ 

အသုံးပြုဖို့ မလိုတဲ့ အနေအထားမို့ ဒီလိုအချိန်မှာ Low Power Mode နဲ့က အသင့်တော်ဆုံးပဲလို့ ကျနော်ကတော့ ယူဆပါတယ် ။ 

ကဲ .. ကျနော့်အတွေ့အကြုံနဲ့ ကျနော့်အယူအဆကိုတော့ ပြောပြီးပြီ ။ ခင်များတို့ကရော ဘယ်လိုယူဆလဲဗျ ? 

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
5K Shares
https://publishers.propellerads.com/#/pub/auth/signUp?ref_id=TuDw