iTunes မှ App Store ကို ဖယ်ရှား လိုက်ပြီ ဖြစ်တယ့် Apple

3408

iTunes ကို Shutdown လုပ်ပြစ်ဖို့ စီစဉ် နေပြီ ဖြစ်တယ့် Apple ဟာ အခုချိန်မှာ App Store ကိုပါ iTunes ကနေ ဖယ်ရှားလိုက် ပြန်ပါပြီ

အောက်ပါ Link တွေကို နှိုင်းယှဉ် ခြင်းအားဖြင့် ယခင် itunes.apple.com မှ ယခု apps.apple.com ကို ပြောင်းလဲ သွားသည် ကို တွေ့မှာပါ

ProCam 6 by Samer Azzam

https://itunes.apple.com/us/app/procam-6/id730712409?mt=8

ProCam 6 by Samer Azzam

https://apps.apple.com/us/app/procam-6/id730712409

အထက်ပါ link နှစ်ခု ဟာ ProCam 6 app ရဲ့ ယခင် ITunes မှ App Store ကို မဖယ်ရှား မှီ link နှင့် ယခု ဖယ်ရှားပြီး link ပါပဲ

အခုချိန်မှာ App Store, Music(music.apple.com) & Podcast(podcasts.apple.com) တို့ဟာ iTunes ကနေ ဖယ်ရှား ပြီး ဖြစ်ပါတယ် TV & Movies တွေကတော့ iTunes မှာ ဆက်လက် တွေ့ရှိ နေရ တုန်းပါပဲ

Apple က iTunes မှာ ယခင်က ချိတ်ဆက် အလုပ်လုပ် လျက်ရှိခဲ့တယ့် Service တိုင်းကို သီးသန့်စီ ခွဲထုတ် မယ်ဆိုတာ No doubt ဆက်လက် သံသရ ရှိစရာ မလိုတော့ဖူး လို့ ထင်ပါတယ် အသုံးပြု သူတွေ အနေဖြင့် ယခု အချိန်ထိတော် ယခင် အတိုင်းသာ ဆက်လက် အသုံးပြု သွားနိုင်မှာ ပဲ ဖြစ်ပါတယ် 

Apple မှ iOS 13 နှင့်အတူ Sign in with Apple ကို မိတ်ဆက် ထားရှိပြီး iTunes အစား Apple ID ကိုသာ အဓိက ထား သုံးစွဲသွားမယ်လို့ ယူဆမိပါတယ် ထို့ပြင် iTunes အစားထိုး သုံးစွဲမှုမှာ တစ်စုံ တစ်ရာ ပြောင်းလဲမှု ရှိခဲ့ရင် iOS Banker Myanmar မှ အမြန်ဆုံး အသိပေး ဖော်ပြပေးသွားပါမယ်

Facebook Comments
1K Shares