iTunes latest beta version မှာ ထိတ်လန့်စရာ Feature ပါဝင်လာလေပြီ

577

အပတ်စဉ် နှစိစဉ် လစဉ် နှစ်စဉ် Jail ပြုလုပ်ခြင်းကို တားစီးနေတယ့် Apple ဟာ ဒီတစ်ကြိမ်တော့ အပြင်း ဆုံး ထိုးချက်တစ်ခု အားသုံးလိုက်ပါပြီ

Jailbreak Users တွေ အဖို့တော့ ဒါဟာ တကယ် စိတ်မကောင်း စရာ ဖြစ်ခဲ့ရပါပြီ Apple ဟာ အသစ်ထွက်ရှိလာတယ့် iTunes 12.9.4.61 (the latest beta) မှာ Downgrade ဆင်းလို့ မရအောင် ကာကွယ် လိုက်ပါပြီ

ဒါတော်တော် ပြင်းတယ့် ထိုးနှက်ချက်ဗျ Jail တွေ ဘယ်လို စခန်း ဆက်သွားကြမလဲ ဆိုတာ တကယ်ပဲ သိခြင်မိသလို အမြစ်ပြတ် သုတ်သင်လိုက် နိုင်မလား ဆိုတာကိုလည်း စိုးရိမ်မိတာ အမှန်ပါပဲ ကျွန်တော်ကိုယ်တိုင်လည်း Jailbreak Fan ကြိးကြီး မဟုတ်ပေမယ့် မပျောက်ကွယ် စေခြင်တယ့် ထဲမှာတော့ ရှေ့ဆုံးက တန်းစီပါရစေ

Jail ကို ကျွန်တော်ဆိုရင် 9.0 ရဲ့ အရင်ပိုင်းမှာ တအား သဘောကျခဲ့မိတယ် Jail ရတာလည်း လွယ်ကူတယ် သုံးရတယ့် Tweaks တွေကလည်း Powerful ဖြစ်တယ် ခံစားရတယ် (အဆိုးဖက်မှာတော့ အရင် Jail legend တွေ သိကြလိမ့်မယ် Jail လိုက်ရင် iCloud ဖြုတ်နိုင်သွားတာကိုပေါ့ ဆက်သာ Jail နေ ပြသနာ မရှိဖူး ဖြစိခဲ့တယ်ပေါ့ ဒါတော့ မကောင်းဖူးဆိုလို့ ကိုယ့်ဟာကိုယ် Locked ပြန်ဖြစ်တာ မျိုးအတွက်တော့ မဆိုးလှပါဖူး ပြောရမယ်ဗျ ကဲထားပါတော့)

ခုချိန်မှာ ipsw.me မှာ စစ်ကြည့်ရင် တွေ့ရမယ် 12.1.1 & 12.1.2 ကိုပြန်ပြီး Downgrading လုပ်လို့ ရမယ်ပေါ့ Beta မှာတော့ သွားရှာပါပြီ Apple က နောက်ဆုံး Version ကိုပဲ သုံးရအောင် တွန်းအားပေး နေတာပါပဲ iTunes 12.8 မှာတော့ ဆင်းလို့ရနေသေးတာမို့ ဆင်းခြင်တယ့် သူတွေ အချိန်မှီ ဆင်းထားဖို့ တိုက်တွန်းပါရစေ 

နောက်ဆုံး Version မှာ ဒါဟာ အတည်တကျ ဖြစ်လာဖို့တော့ များပါတယ် ပြုတ်ဖို့တော့ နည်းတယ် ထင်တယ်ဗျ ကျွန်တော့် အမြင်ပေါ့လေ

idownloadblog Reddit iMore တို့မှ ကိုးကား ရေးသားပါသည်

Facebook Comments
1K Shares