iPhones တွေကို ဘာလို့ လူကြိုက်များရတာလဲ

11021

Apple ဟာ iPhone ဟောင်းတွေကို iOS Major Updates အား ( ၆ ) နှစ်အထိ Support ပေးပါတယ် ။

Apple ဟာ Software Updates ပေးတာနဲ့ပါတ်သက်လို့ Andriod တွေထက် အမြဲတမ်း သာလေ့ရှိပါတယ် ။ Andriod ယူစာတွေအနေဖြင့် Latest , Greatest ဖြစ်တဲ့ Flagship ဖုန်းတွေကို ဝယ်ကိုင်မှသာ Software Updates တွေကို ရနိုင်ချေ ရှိပါတယ် ။ ဒါတောင် 1 year ထက် ပိုရဖို့က ကံကောင်းမှပါ ။ ဒီနေရာမှာတင် Apple က Andriod ထက် အမြဲသာလွန်နေတဲ့ အချက်ကတော့ iOS ရဲ့ New Version တွေကို သူ့ရဲ့ Devices တွေ အားလုံးနီးပါးပေါ်မှာ ရရှိနိုင်စေတာပါပဲ ။

အကယ်၍ ခင်များအနေဖြင့် Latest iPhone တစ်လုံးကိုသာ ဝယ်ကိုင်ထားတယ်ဆိုရင် Latest iOS Updates တွေကို နောက် ( ၄ ) နှစ်လောက်အထိကတော့ လှည့်ကြည့်စရာ မလိုအောင် ရဖို့က ကျိန်းသေပါတယ် ။ ပြီးခဲ့တဲ့နှစ်တွေရဲ့ Software တွေကို Support လုပ်တဲ့ စာရင်းကို ပြန်ကြည့်လိုက်ရင် iPhones တွေဟာ ( ၄ ) နှစ်ထက် ပိုရနေတာကို တွေ့ရပါလိမ့်မယ် ။ ဒီတော့ Apple ဟာ Devices ဟောင်းတွေရဲ့ Update တွေကို ( ၄ ) နှစ်အထိတောင် မဟုတ်ပဲ ပိုပြီး Support လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီစာရင်းကို ကြည့်လိုက်ရင် iPhone 4S တောင်မှ Major iOS Update ကြီး ( ၅ ) ခုကို ရရှိခဲ့တာကို တွေ့ရပါလိမ့်မယ် ။ အလားတူ iPhone 6 , 6 Plus တို့သည်လည်း Major iOS Update ( ၅ ) ခုကို ရရှိခဲ့ပြီး ၊ iOS 13 ကျမှ Cut Off လုပ်ခံရတာ ဖြစ်ပါတယ် ။ ဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက iPhone 5S ပဲ ဖြစ်ပါတယ် ။ Major iOS Update ( ၆ ) ခုအထိ ရရှိထားတာပဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ မေလအထိ iOS 12 ကို Installed လုပ်ထားသည့် Devices ( 87 ) % ရှိပြီး ၊ Andriod 9 Pie ကို Installed လုပ်ထားသည့် Devices ( 10.4 ) % ပဲ ရှိပါသေးတယ် ။ အခုဆိုရင်လည်း 2015 က မိတ်ဆက်ပေးခဲ့တဲ့ iPhone 6S နဲ့ 6S Plus တို့သည် လာမယ့် စက်တင်ဘာမှာ ထုတ်ပေးမယ့် iOS 13 ကို ရရှိဦးမှာဖြစ်လို့ Major iOS Update ( ၆ ) ခုအထိ ရရှိသွားပြီ ဖြစ်ပါတယ် ။ ( သြော် .. iPhone SE ကလည်း Major iOS Update ( ၆ ) ခု ရရှိသွားပါပြီနော် ) ဆိုတော့ iPhone 6S နဲ့ 6S Plus ကိုင်ထားတဲ့ ယူစာတွေအနေဖြင့် Update ကို ( ၅ ) နှစ်အထိ ရရှိသွားတာပဲ ဖြစ်ပါတယ် ။

Apple ရဲ့ iPhones တွေကို ဝယ်ယူဖို့အတွက် ခင်များတို့ရဲ့ ငွေကြေး အတော်များများကို အသုံးပြုရပါလိမ့်မယ် ။ ဒါပေမယ့်လည်း Apple က သူတို့ရဲ့ Devices တွေအပေါ် အခုလိုမျိုး အချိန်အကြာကြီး နှစ်အများကြီး Support လုပ်ပေးတဲ့အတွက် ခင်များတို့အနေဖြင့် iPhones တွေကို နှစ်အကြာကြီး အသုံးပြုလို့ ရနေတာက ခင်များတို့ရဲ့ ရွေးချယ်မှု ၊ နှစ်သက်မှုက မမှားဘူးဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ် ။

Via Statista

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
2K Shares