iPhone 8 Plus vs iPhone XR (သင် ဘယ်တစ်လုံးကို ရွေးချယ်သင့် သလဲ)!

708

Apple ရဲ့ budget iPhone အဲဟုတ်ပါဖူး most expensive in Myanmar အာ ဟုတ်သေးပါဖူး most affordable 2018 iPhones (CNET ကကြောသလို) နဲ့ သူ့ အရင် တစ်နှစ် ထွက်ရှိခဲ့တယ့် iPhone 8 Plus တို့ကို နှိုင်းယှဉ် ကြည့်လိုက် ရအောင် (ပြည်တွင်း ဈေးကွက်နဲ့ အညီ နှိုင်းယှဉ် ပြပေးမှာ ဖြစ်ပါတယ်) 

သင်ဟာ Apple Fans တစ်ယောက်လည်း ဖြစ်တယ် (fan မဟူတ်သေးပဲ အပြောင်းအလဲကို ခံစားခြင်သူ တစ်ဦးလည်း ဖြစ်ကောင်း ဖြစ်နိုင်မယ) Big screen fan တစ်ယောက်လည်း ဖြစ်တယ် ဈေးအရမ်းကြီးတာ ကြီးလည်း မသွားခြင်ဖူး ကိုယ့် အတိုင်းအထွာနဲ့ ပြင်ရ လည်း စားရိတ် သက်သာမယ် အစရှိတယ့် ခေါင်းစည်းတွေ စဉ်းစာပြီးပြီ ဆိုရင် iPhone 8 Plus & iPhone XR တို့ကပဲ အသင့်တော်ဆုံးတွေ ဖြစ်ကြမှာပါ 

Photo credit to Rightful Owner

iPhone XR ဟာ သေချာတာပေါ့ Apple ရဲ့ latest performance & latest chipsets တွေ နောက်ဆုံးရ software features အပြည့်အစုံနဲ့ ရှိနေတယ် ဆိုတာပါပဲ Notch ကိုလည်း တွေ့ရမယ် (ကျွန်တော်ကတော့ notch ရဲ့ big fan တစ်ယောက် မဟုတ်တာကြောင့် XR အပြင် X,Xs တို့ကိုလည်း Feel မလာခဲ့ပါ) အချို့တွေကလည်း သဘောကျကောင်း ကျပါလိမ့်မယ် အချို့တွေကတော့ iPhone classic ပုံစံ ယခင် နန်းဆန်တယ့် အလှနဲ့ Apple ရဲ့နောက်ဆုံး မျိုးဆက် အဖြစ် ဆက်ခံသူ Home Button ကို တပ်ဆင်ထားတယ့် iPhone 8 Plus ကိုပဲ သဘောတွေ့မိ ပါလိမ့်မယ် (ကျွန်တော်ကတော့ big screen fan မဟုတ်တာကြောင့် iPhone 8 ကိုပိုသဘောကျ ပါတယ်) 

သင့်အတွက် ဘယ် iPhone က ပိုမိုသင့်တော် လိမ့်ဆိုတာကတော့ သင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ ဒါပေမယ့် သင်နောင်တ ရနိုင်တယ့် ဆုံးဖြတ်ချက် မျိုး မလုပ်မိအောင် ကျွန်တော် ဒီနေရာကနေ အချက်အချို့ ပန့်ပိုးစေပြီး ထောက်ပြ ဝေဖန်ပေး သွားမှာမို့ မှန်ကန်တယ့် သင့်အတွက် မွေးဖွားလာတယ့် iPhone ကို သင်ကိုယ်တိုင် ရွေးချယ်နိုင်စေဖို့ မျှော်လင့်မိပါတယ် 

Spoiler Alert (Short Result) iPhone XR is Winner(For personal choice : iPhone 8 is still my favorite one not Plus one)

Photo credit to Rightful Owner

Design (iPhone XR ရဲ့ ကြွယ်ဝတယ့် ရောင်မျိုးစုံ နဲ့ iPhone 8 Plus ရဲ့ Home Button) 

iPhone XR ရဲ့ ထူးခြား Design ဟာ Notch လို့ ထင်မှတ်စရာ ရှိပါတယ် ဒါနဲပဲ Notch မပါတယ့် 8 Plus ထက်သာပါတယ် လို့ ပြောခြင်းဟာ မတရား ရာကျပါတယ် အထူးသဖြင့် Notch ကို သိပ်သဘော မတွေ့မိတယ့် (Personal Choice) ကျွန်တော်တို့လို အချို့ ကိုယ်စား iPhone XR ရဲ့ ကြွယ်ဝ များပြားပြိး အရောင်အသွေး စုံလင်တယ့် အရောင်တွေကို ပိုလို့ နှိုင်းယှဉ်စရာ ဖြစ်လာမိပါတယ် 

Notch form vs Rectangular shape 

iPhone X ထွက်ရှိစဉ်က ပြောင်းလဲ ခဲ့ကြတယ့် အချို့ လက်ဟောင်း iPhone 7 Plus ပိုင်ရှင် အချို့ Complain တတ်ခဲ့ကြတယ့် အကြောင်းအရာကတော့ 5.8 inch ရှိတယ့် iPhone X ဟာ 5.5 inch ရှိတယ့် iPhone 7 Plus or 8 Plus လောက် လက်တွေ့ အသုံးပြုရာမှာ အမှန်တကယ် မြင်ကွင်း မကျယ် သည့်အပြင် ပိုသေးတယ်လို့တောင် ခံစားရတယ် ဆိုတယ့် ဝေဖန်ချက်တွေ ထွက်ရှိလာတာ တွေ့ခဲ့ရပါတယ် ဒါဟာ Rectangular shape ရှိနေတယ့် Display ရဲ့ အားသာချက် လို့ ထောက်ပြနေသလို ကြည့်ခြင်းအား ဖြင့် Notch & Rectangles မှာ ထင်သလောက် လည်း ကွာခြား မရှိစေဖူးလို့ မြင်နိုင်ပါတယ် ဒါကြောင့် ပုံမတူတယ့် form & shape ကို သရေပေးခြင်ပါတယ် 8 Plus မှာ Notch မရှိသလို XR မှာလည်း ပိုကောင်းတယ့် Rectangular shape မရှိလို့ပါပဲ

XR မှာ Home Button မရှိဖူးလေ လို့ မေးစရာ ရှိပေမယ့် နေပါဦး ဒီနေရာမှာ Button ရှိခြင်း မရှိခြင်းကို ယှဉ်ခြင်တာ မဟုတ်ပါဖူး ရရှိနိုင်တယ့် အရောင်တွေကိုပဲ ဖော်ပြခြင်တာပါ iPhone XR မှာ အရောင် (၆) မျိုးနဲ့ ရရှိနိုင်တာ ဖြစ်ပါတယ် Product Red ခေါ Vibrant Red-Blue-Yellow-Coral နဲ့ Standard Color တွေဖြစ်တယ့် Black ရယ် White ရယ်ပေါ့ iPhone 8 Plus မှာတော့ ရွေးချယ်စရာ White , Black & Gold မှာပဲ ရရှိမှာ ဖြစ်တယ်ပေါ့နော် သင်က ရုပ်ပိုင်ဆိုင်ရာ အမြင် အရောင်ပိုင်းမှာ အားသန်တယ့် သူတစ်ယောက် ဆိုရင် အရောင် အသွေး ရွေးချယ်မှုမှာ iPhone XR က သင့်အတွက် စိတ်တိုင်းကျစေမှာပါ

Display & Resolutions Comparisons 

iPhone 8 Plus က အရောင် ရွေးချယ်စရာ ပိုင်းမှာ ရှုံးနိမ့်ပေမယ့် သူ့မှာ ပိုကောင်းမွန်ပြီး ပို Sharp ဖြစ်တယ့် resolutions တွေကို ပိုင်ဆိုင်ထားပါတယ် အတိအကျ ယှဉ်စေရင် 8 Plus (401ppi)ဟာ XR (326ppi) ထက် 75ppi ပိုမို များပြားပါတယ် ဒါက true vision ပါ အမှန်တယ်မြင်နိုင်တယ့် ကွာခြား ချက်မျိုးပါ iPhone XR အကြောင်း သင်ဖတ်ရတယ့် အချိန် Most Color accurate display ကို ကြားရကောင်း ကြားရပါလိမ့်မယ် သို့သော်လည်း အမှန်တကယ် ယှဉ်ပြီး အသုံးပြုတယ့် အချိန်မှာတော့ iPhone 8 Plus ရဲ့ resolutions ဟာ shaper ပိုဖြစ်တယ် ဆိုတာ ငြင်းမရတယ့် အချက်ပါပဲ (Apple အနေနဲ့ သူတို့ရဲ့ MCA display မှာ 400ppi လောက် အနည်းဆုံး သူံးခဲ့သင့်တယ်လို့ မြင်ပါတယ်) 

Photo credit to Rightful Owner

Notch & Home Button

ဒီနေရာမှာတော့ Personal choice နဲ့ လုံးဝ သက်ဆိုင်ပြီး အမှန်တရား နှစ်ခု ထိပ်တိုက် ရင်ဆိုင်စေတာမို့ အဖြေမရှိ နိုင်ဖူး ဆိုသော်ငြားလည်း သူနဲ့ သက်ဆိုင်ရာ အချက်အလက် အချို့ကိုတော့ ဆွဲထုတ်ပေး ပါရစေ ယခင် iPhone ကိုင်ဖူးပြီးသား သူတွေအဖို့ ရင်းနှီခဲ့ ပြီးသား Home Button ဟာ iPhone 8 Plus အတွက် သင့်တင့်တယ့် အားသာချက်ဖြစ်မှာပါ လူတွေဆိုတာလည်း ကိုယ်နဲ့ ထိတွေ့ ရင်းနှီးပြီးသား ကိုပဲ အဆွဲထားလေ့ ရှိတယ့် စရိုက်လေးတွေလည်း ရှိကြသေးတာကိုးဗျ ဒါကလည်း ကောင်းတယ့် အချက်ပါပဲ ဘယ်သူမဆို ကိုယ့်နဲ့ Familiar ဖြစ်နေတာကိုပဲ သုံးခြင်တာဟာ မပြစ်ဖွဲ့လို့ မရဖူးလေဗျာ ဒါကြောင့်ပဲ Home Button ကို ယှဉ်ပလောက်စရာ မဟာ အားသာချက်ကြီးလို့ မြင်စရာတော့ မရှိသေးပါဖူး Notch ကို နှစ်သက်ကြတယ့် သူတွေလည်း ရှိနေတာကြောင့်ပါ Notch ရဲ့ Fan တစ်ယောက် မဟုတ်ခဲ့တယ့် ကျွန်တော်က Home Button ကိုလည်း မကြိုက်ခဲ့ပြန်ပါဖူး အကြောင်းကတော့

Photo credit to Rightful Owner

Face ID vs Fingerprint Scanner

စိတ်မကောင်းစွာနဲ့ ဝန်ခံခြင်တာကတော့ iPhone 6 ကိုင်ခဲ့စဉ်ကတည်းက တစ်ရက်ကို အနည်းဆူံး ၃ ကြိမ်တော့ Passcode ပြန်ရိုက်ထည့်နေရတယ် ဆိုတာပါပဲ iPhone တွေရဲ့ Fingerprint Scanner တွေက ခေတ်ပြိုင်ပေါပေါက်ခဲ့တယ့် Smartphones အချို့နဲ့မတူ ထူးခြားစွာ ကြုံတွေ့နေရပါတယ် Fingerprint ရှိပါရက်နဲ့ Passcode ရိုက်ထည့်ရတယ့် ဘဝက လူံးလုံး ကျွတ်ခြင်ပါပြီး ဒါကြောင့် Face ID ကိုပိုပြီး သဘောကျမိပါတယ်

 (နောက်ပိုင်းမှာ Fingerprint က Display ပေါမှာ ဖြစ်လာနိုင်ပါတယ် Smartphones တွေမှာလည်း ရှိနေပါပြီ Fingerprint မကောင်း ပြောခြင်းမဟုတ်ပါ အခုက 8 Plus & XR ကို ယှဉ်တွယ်နေ ခြင်းဖြစ်ပါတယ် ထို့အပြင် Notch vs Home Button က ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ဖြင့် ပြောဆိုနေခြင်း ဖြစ်ပါသည်)

Camera: Face ID vs Dual rear cameras? 

Face ID ကိုဘာလို့ Camera မှာထည့် ယှဉ်ရတာလဲဆိုရင် သူကလည်း Front Facing Camera ရဲ့ လုပ်ဆောင်နိုင်းစွမ်းတွေမှာ အကျုံးဝင်နေလို့ပါ အထူးသဖြင့် Animoji ပေါ့ Fingerprint နဲ့ ရော 8 Plus Front Camera နဲ့ပါ Animoji ခေါ animated Emojis တွေ ဖန်တီး မရတာကြောင့် unlock Type ခြင်းယှဉ်စေလို့ သရေဖြစ်ခဲ့ရင် Animoji ရရှိခြင်းကတော့ iPhone XR ရဲ့ အားသာချက်တစ်ခု ဆိုတာ ဝန်ခံရပါမယ်

Photo credit to Rightful Owner

2018 မှာ ထွက်ရှိခဲ့တယ့် iPhone series တွေနဲ့ သွယ်ဖယ် စေတယ့် iPhone XR ရဲ့ တစ်ချက်ကတော့ သူ့မှာ Rear Single Camera ဖြစ်နေတာပါပဲ ဆိုတော့ 8 Plus မှာ Dual ပါနေတာကြောင့် မပါတယ့် XR နဲ့ ဘာလို့ ယှဉ်ရသလဲဆိုရင် XR က Camera performance ပိုသာနေလို့ ပါပဲ (ခွေးကို လူက ပြန်ကိုက်ရင်တော့ သတင်းဖြစ်ပါပြီ) iPhone XR မှာ Telephoto Lens မပါဝင်ပါဖူး သူ့ရဲ့ အဓိကတာဝန်က Portrait Mode ရိုက်ကူးရာနဲ့ 2x optical Zoom အတွက် ပါပဲ ဆိုတော့ XR မှာ မရနိုင်ဖူးပေါ့ ဆိုတော့ ရပါတယ် Portrait အတွက် software ကို အသုံးပြုသွားမှာ ဖြစ်ပြီး 2x အတွက် digital zoom ကို သုံးမှာပါ 

Photo credit to Rightful Owner

8 Plus ကို ထင်ကြေးပေးနိုင် တာကတော့ သူ့ရဲ့ Dual Camera setup ကြောင့် ပိုကောင်းမွန်တယ့် Camera performance ကိုတော့ ရလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် XR ရဲ့ photo တွေကို ပိုပြီးတော့ Sharp ဖြစ်သလို vibrant လည်း ဖြစ်နေပါတယ် အခုလို ပြောတာဟာ 8 Plus က ပုံဆိုး ပန်းဆိုးတွေ ထွက်တယ်လို့ ပြောလိုက်တာလား (ဟာ မဟုတ်ရပါဖူးဗျာ) နည်းနည်းလေးတော့ မကောင်းဖူးလို့ ပြောလို့တော့ ရတယ်ဗျ 

Photo credit to Rightful Owner

Portrait မှာ အရေးပါတယ့် Fore- and background တွေမှာ single Len ဖြစ်တယ့် XR အဖို့ သိပ်ကို smooth ဖြစ်တယ့် 8 Plus ထက် သာတယ်လို့တော့ မဆိုလိုဖူး ဒါပေမယ့် မနိမ့်ဖူး skin tones တွေက ပိုပြီး စစ်မှန်တယ် blur effect ကတော့ ပိုလို့တောင် သဘာဝဆန်နေတယ် single Len နဲ့ လုပ်ဆောင် သွားတယ့် XR အဖို့ Amazing ပြောလို့ရပါတယ် 2x zoom အသုံးပြုရမှာ လည်း 8 Plus ရဲ့ Telephoto Len ကရတယ့် optical zoom နဲ့ ထပ်တူ လုပ်ဆောင်နိုင်တာကို တွေ့ရတယ် ရှင်းလင်းပြီး တိကျတယ် ပိုမိုပြီး သဘာဝဆန်တယ့် ပုံရိပ်တွေကို ရရှိတယ်

Photo credit to Rightful Owner

Review ပေါင်း သောင်းခြောက်ထောင် ဖတ်ရှုပြီး အတွေ့မကြုံ အချို့နဲ့ သိုမှီးရေးသားတယ့် ကျွန်တော့်ထက် များစွာ သာလွန်တယ့် DXO ရဲ့ XR အပေါ ပြောကြားချက်ကတော့ “what you see is what you get” ဆိုတာပါပဲ သင်တွေ့တယ့် အတိုင်း သင်ရမယ် ပေါ့ iPhone Camera တွေဟာ အစဉ်အဆက် ပိုမို၍ သဘာဝဆန်တယ့် ပုံရိပ်တွေ ကြောင့် ကျော်ကြားခဲ့တာပါ တစ်သောင်းခြောက်ထောင် ဗြူးတီး အဖတ်တွေ ကြောင့် မဟူတ်ခဲ့ပါဖူး

Photo credit to Rightful Owner

Performance: iPhone XR ရဲ့ Processor & Battery က ပိုသာတယ်ဆိုတာ ဖတ်စရာ မလိုလောက်ပါဖူး

ရေးရမှာကတော့ ကျွန်တော့် တာဝန်ကိုးဗျ 2018 ထိ iPhone XR ဟာ ထွက်ရှိသမျှ iPhone မျိုးဆက်တွေ ထဲမှာမှ Battery ကြာရှည် အခံဆုံး အဖြစ် ကျော်ကြားပါတယ်(တကယ့် battery ခံမှုကတော့ အသုံးပြုသူ၏ အသုံးပြုမှုပုံစံ စက်၏ အခြေအနေ အပူအအေး OS တို့ပေါမူတည် ၍ ပြောင်းလဲနိုင်ပါသည်) နေ့စဉ် အသုံးပြုမှု အတွက် အကိုက်ညီဆုံး battery life ကို ရှာဖွေနေတယ် ဆိုရင် iPhone XR ကပဲ သင့်လိုအပ်ချက်ကို ဖြည့်စီးပေးနိုင် မှာပါ နာရီတွေ အများကြီး ချီနေပြီး သာနေတာတော့ မဟုတ်ပေမယ့် စိတ်မပျက်စေရဖူး ဆိုတာတော့ ပြောနိုင်ပါတယ် 

Photo credit to Rightful Owner
Photo credit to Rightful Owner

Speed Performance ကို ယှဉ်ရရင်တော့ iPhone 8 Plus ကော iPhone XR ရောဟာ နေ့စဉ် အသုံးပြုမှုမှာ ထည့်ထွက်စရာ မလိုအပ်တယ့် သူတွေပါပဲ သို့သော်လည်း စာရွက်ပေါမှာ ချရေးပြရရင်တော့ iPhone XR ကသာနေတယ် ဆိုတာ ငြင်းလို့မရတယ့် အချက်ပါပဲ A12 Chip ကတော့ A11 Chip ထက်တော့ သာနေတာဆိုတာ အမှန်ပါ

Battery ပိုင်းမှာ iPhone XR ဟာ iPhone 8 Plus ထက် 30% average သာလွန်နေတာကို တွေ့ရပါတယ် XR မှာ ပိုမိုကြီးမားတယ့် 2942 mAh capacity ရှိပြီး 8 Plus မှာ 2675 mAh သာရှိပါတယ် ထို့ပြင် ပိုမိုကောင်းမွန်လာတယ့် performance chipset တွေကြောင့် battery ကိုကြာရှည်ခံစေခဲ့ပါတယ်

Photo credit to Rightful Owner

3D Touch, Capacity & Price 

3D Touch ကတော့ ပြောရရင် ကျွန်တော်ကတော့ 3D Touch ကို တစ်ရက် တစ်ကြိမ် ပျမ်းမျှ မသုံးဖြစ်ဖူးဗျ iUsers တို့ရော် ဘယ်လို ထင်ကြလည်း နောင် iPhone Series တွေမှာ Apple က 3D Touch ကို ဖြုတ်ချတော့မယ် လို့တော့ သတင်း တွေကြားနေရသေးတယ် ဒါပေမယ့်လည်း အချို့ လုပ်ဆောင်ချက်တွေမှာ XR မလုပ်နိုင်တယ့် Pressure sensitive Touch ကို စွမ်းဆောင်နိုင် တာက iPhone 8 Plus ပါပဲ

Capacity ကိုပြောရရင် iPhone XR မှာ ရွေးစရာ 64GB,128GB & 256GB ဆိုပြီး ရှိပါမယ် ဈေးလည်း ပိုရှိပါမယ် iPhone 8 Plus မှာ 64GB & 256GB ရှိမယ် ဒါကတော့ ယှဉ်တာ မဟုတ်ပါဖူး ထောင်ပြရုံပါ ဈေးကလည်း စကားပြောနေတာ မို့ပါ

ဈေးနှုန်းအရတော့ iPhone XR & iPhone 8 Plus တို့ရယ့် Base model 64GB တွေဟာ ဈေးမကွာကို တွေ့ရတယ် 256GB လည်းမလို အဲ့ဈေးလည်း မဝင်ခြင်ဖူး ဆိုရင်တော့ XR ရဲ့ 128GB model က မမျှော်လင့်ပဲ သာလွန်တယ့် အားသာချက် ဖြစ်နေသလိုကို ဖြစ်နေပါပြီ

Photo credit to Rightful Owner

ငွေ ၅ သောင်းလောက် သက်သာဖို့ iPhone 8 Plus ကို ရွေးချယ်တာက သင့်အတွက် တန်သလား?

ပမာဏနည်းပါးတယ့် Battery , အနည်းငယ် နိမ့်ပါးနေတယ့် Performance တွေ ဖြစ်တယ့် Chip & Camera performance တွေ အတွက် ငွေ ၅ သောင်းလောက် ချွေတာလိုက်တာက အဖြေတစ်ခု ဖြစ်မလား Notch ရဲ့ fan မဟုတ်တယ့် ကျွန်တော်တောင် No လို့ ဖြေပါရစေ တကယ်ပါ ၅ သောင်းနဲ့တော့ တန်ပါတယ် လို့ ယုံကြည်မိပါတယ် 

ကဲ iUsers ကြီးတို့ ရယ့် အဖြေက ???

အရေးပါတယ့် Specifications အချို့ကို Best Pick လုပ်ပေးထားပါတယ် အောက်မှာကြည့်ပါ

အချက်အလက်များကို CNET,9to5Mac,MacWorldUK,digital trends,DXO,Apple,Gsmarea,…, တို့မှ မှီငြမ်း ရေးသားပါသည်

All Photos credit to Rightful Owner.

Facebook Comments
1K Shares