iPhone X vS iPhone XR, not-sure which one?

5030

iPhone XR ဟာ iPhone X ရဲ့ Successor Version တစ်မျိုးပါပဲ ဒီအချက် ကပဲ iPhone XR က ပိုသာပါတယ် လို့ ဆိုရမလိုပါပဲ ဗျ လူတွေနဲ့ မတူတယ့် Smartphones တွေရဲ့ Aging စနစ်က တော့ နှစ်ကြာကြာ စောင့်နိုင်လေ ပိုပြီး Model မြင့်မြင့် ထွက်လာလေ ကောင်းကောင်း ကိုင်ရလေ ပါပဲ

Apple.com

Design & Comfortable

X-XR နှစ်ခု စလုံး ပုံစံ ဟာ Notch family မျိုးဆက် တွေပဲ မို့ Design ပိုင်း ထပ်တူ ညီလု နီးပါး ရှိပါတယ် ဒါပေမယ့် လည်း iPhone X ဟာ XR ထက် စာရင် ပိုမိုပြီး ကျစ်လစ်တယ်လို့ ခံစားရမှာ ဖြစ်ပြီး အမှန်တကယ်လည်း သေးငယ်ပါတယ် Dimension ကို တစ်ချက် ကြည့်ရရင် 

{iPhone X: 143.6mm x 70.9mm x 7.7mm; 174g vs iPhone XR: 150.9mm x 75.7mm x 8.3mm; 194g} 

iPhone XR မှာ ပိုမို ကြီးမားတယ့် တည်ဆောက် ပုံရှိပြီး အလေးချိန်လည်း ပိုမိုပါတယ် အတိအကျ အားဖြင့် 20g ဖြစ်ပြီး အချင်း ၁ လက်မရှိတယ့် စတော်ဘယ်ရီ ၃ လုံး စာလောက် ပိုလေး ပါတယ် ကျယ်ပြန့်တယ့် Dimension ကြောင့်ပဲ XR ဟာ 6.1 inch ရှိပြီး X မှာ ဆိုရင် 5.8 inch ကိုပဲ တွေ့မြင်ရပါ လိမ့်မယ်

Design ပိုင်းမှာတော့ နှစ်ခုစလုံးဟာ သဘောကျစရာ လေးတွေ ဖြစ်ကြပြီး Comfortable သက်တောင့် သက်သာ ရှိမှုမှာ iPhone X ဟာ ကျွန်တော့် အတွက် ပိုပြီး ကောင်းမွန်ပါတယ်

  • Design & Comfortable (X-9/10 | XR-8.5/10) 
  • Comfortable (0.5)

Display (Resolution/Brightness)

iPhone X ရဲ့ Display ဟာ XR ထက် ပိုကောင်းတယ် ဆိုတာ သံသရ ဖြစ်စရာ မရှိပါဖူး 

(if you don’t know about anything else, you can’t doubt on that) 

OLED Display ကို အသုံးပြုတယ့် iPhone X ဟာ Resolution ပိုမို မြင့်မားသလို Brightness မှာလည်း သာခဲ့ပါတယ် OLED ကို အသုံးပြုလို့ Brightness nits ပိုသာ တယ်လို့ မဟုတ်ပါဖူး 

iPhone XR ရဲ့ အလင်းအားဟာ 590nits ဝန်းကျင် ရှိပြီး X-634nits Xs-606nits အသီးသီး ရှိပါမယ် ပြင်ပ အလင်းရောင် ပေါမူတည်ပြီး maximum nits အပြောင်းအလဲ ရှိပါလိမ့်မယ် (ဥပမာ- အပြင်မှာ အရမ်းလင်းနေတုန်း သုံးမယ်ဆိုရင် iPhone X ဟာ 810nits ထိ လင်းပါတယ်) 

Brightness ပိုင်းကို ကြည့်ရရင် X က ပိုလင်းတယ် ဆိုတာ မှန်ပါတယ် ဟုတ်ပါတယ် သို့သော်လည်း 500 nits ကျော်တယ့် Smartphones display ဖြစ်စေ Laptop ဖြစ်စေ Extremely Good အဖြစ် သတ်မှတ်ခြင်း ခံရပါတယ် 

Resolution ပိုင်းကို တစ်ချက်ပြန် ပြောရရင် iPhone X ရဲ့ OLED ဟာ Fresh ဖြစ်ပြီး iPhone XR ရဲ့ LCD ကတော့ Colorful ဖြစ်တယ်လို့ ယူဆ ပါရစေ OLED မှာ မြင်ရတယ့် ပုံစံဟာ အင်မတန် အရည်ရွှမ်းတယ့် အသီး တစ်မျိုးမျိုး ကို ကြည့်ရသလိုပါပဲ iPhone XR ရဲ့LCD ကလည်း အချဉ်တော့ မဟုတ်ဖူး ဆိုတာ သိစေခြင်ပါတယ် 

“OLED မဟုတ်ပေမယ့် 720p နဲ့နော် အချဉ်တော့ မထင်လိုက်နဲ့ ;-(“

Most color accurate LCD display ပါ သိပ်ကို ပြီးပြည့်စုံတယ့် display ဖြစ်ပြီး pixels ကို ထည့်ပြော ရမယ်ဆို ရင်တော့ 

လူတွေ ရဲ့ မျက်လုံးက လက်မ ၂၀ အကွာအဝေးက ဆိုရင် 530pixels ပဲမြင်နိုင်ပါတယ် ၁၀ လက်မဆိုရင် 300 pixels 4K ရုပ်ထွက်ကို ကြည့်ဖို့ ဆိုရင် လက်မ ၄၀-၆၀ ထိ အကွားအဝေး ရှိမှသာ pixels တွေရဲ့ ကွဲပြားမှုကို သိနိုင်မှာပါ 

တကယ်လို့ သင်ဟာ ပုံမှန် အကွာအဝေး ၁၀ လက်မ လောက်မှာပဲ ~300 pixels ထက်ပိုမိုတယ့် Display ကို ခွဲခြား နိုင်ပြီ ဆိုရင် သင့်မှာ Super vision ရှိနေလို့ပါပဲ

ဘယ်လိုပဲ ဖြစ်ဖြစ် OLED ဟာ LCD ထက်တော့ delicious ဖြစ်ပါတယ် ဈေးကလည်း မသေးလှပြီး OLED တွေ ဈေးကြီးရခြင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် အားနည်းချက် လိုကိုဖြစ်နေရပါတယ် XR ရဲ့ 720p display ကတော့ နက်နက် တူးကြည့်မှပဲ သိနိုင်မှာပါ ထွက်ထွက်ခြင်း ကတော့ 720p လို့ ကြားကြား ခြင်း အင်မတန် အိနြေ္ဒကြီးတယ့် ကိုယ်တောင် ပြုံးမိပါတယ် 🙂

  • Display (X-9/10 | XR-8/10)
  • Resolution (0.5)
  • Brightness (0.5)
Apple.com

Processor & Power Management 

A12 Bionic Chip ကို အသုံးပြုထားတယ့် XR သည် A11 Chip iPhone X ထက် ပိုကောင်း တယ်ဆိုတာ သိပေမယ့် ထက်ပြော ရပါဦးမယ် သင်မမေ့ပါနဲ့ Chip ကွာခြားမှုတွေရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ရာ ပြသနာ ပေးနေပါသေးတယ် iOS Version ပါပဲ 

iPhone XR မှာ iOS Version ဟာ iPhone X ထက် တစ်ဆင့် ပိုပြီး ရနိုင်တယ် ဆိုတာ likely ဆိုပေမယ့် ဖြစ်နိုင်ချေ များပါတယ် (ဥပမာ iPhone X ဟာ iOS 15 မှာ အဆုံးသတ် မယ်ဆိုရင် iPhone XR ကတော့ iOS 16 ထိ ရနိုင်ပါတယ်) 

A11 Chip ကို A12 အနေနဲ့ ပြောခြင်တာက “ငါက မင်းရဲ့ Performance အတိုင်း တစ်ညီတည်း လုပ်ဆောင် နိုင်တယ် ဒါပေမယ့် မင်းလောက် အသုံးအဖြုန်း မကြီးဖူးကွ” ဆိုတယ့် သဘောရှိပါတယ် A12 Bionic Chip ရဲ့ Power consumption က A11 ထက် 50% ပိုကောင်းတယ်လို့ Apple က ဆိုထားပါတယ် 

“A12 Chip ဟာ A11 ထက် Performance ပိုင်း အများကြီး မပြောင်းလဲသွားဖူး သူအာရုံ စိုက်လိုက်တာက Power Consumption ပိုင်း သီးသန့် ပါပဲ”

ဒီတော့ ပိုကောင်း တယ့် Chip set ကိုထုတ်လိုက် Power consumption တတ်သွားလိုက် battery mah တိုးပေး လိုက် နဲ့ လုံးချာ ပတ်ချာ ရမ်းနေတယ့် သူတွေ ထက် စာရင်တော့ Apple က ကျွန်တော့် အတွက်တော့ Still Guru ပါပဲ 

ထို့အပြင် A12 ဟာ A11 ထက် Graphic ပိုင်းမှာ 50% ပိုမို မြန်ဆန်ပြီး Second generation Neural Engine ကတော့ 8.3 times ပိုပြီး လျင်မြန်ပါတယ် (A11 Neural engine ဟာ 2-cores ဖြစ်ပြီး A12 မှာ 8-cores ထိပါဝင်ပါတယ်) 

  • Processor (X-7/10 | XR-9/10) 
  • Power Consumption (0.5)
  • 15% Faster Chip (0.5)
  • 50% Faster GPU (0.5)
  • 8.3 Times Engine (0.5)
Apple.com

Camera Comparison 

Short Answer: နှစ်ခုက တစ်ခု ထက်တော့ ပိုကောင်းပါတယ် 

(စိတ် ခိုင်မှ ဆက်ဖတ်ပါ :-\)

iPhone XR မြင်လိုက်ခြင်း ကျွန်တော် ပြေးမြင် လိုက်တာက iPhone 8 အကြီးကြီး ဆိုတာပါပဲ “iPhone 8X hybrid model” ဒါဆို နန်းဆန် သွားပြီ 

iPhone XR မှာ iPhone X ရဲ့ ရှေ့မျက်နှာပြင် ဒီဇိုင်းနဲ့ iPhone 8 ရဲ့ ကျောဖက် ပုံစံကို hybrid အနေအထားနဲ့ တွဲဖက် မြင်ရမယ် ဆိုတာ အားလုံး လည်း မြင်ဖူးကြတာမို့ သဘောတူမှာပါ (သဘော မတူလည်း သဘောတူလိုက်ပါ) iPhone XR ရဲ့ ကျောဖက် ကင်မရာ ဟာ တစ်လုံးတည်းပဲ ပါဝင်ခဲ့တာပါ

“Dual မဟုတ်လို့ Single ဖြစ်နေတာ ရပေမယ့် Optical image stabilization & Portrait နဲ့ ပါနော်”

2017 Generations iPhone တွေနဲ့ တူညီတယ့် Main Camera 12 MP တွေ ဖြစ်ပေမယ့် Sensor တွေ အတော် ကြီး တိုးတတ်လာတာ ကိုတွေ့ရပါမယ် ပါဝင်လာတယ့် Optical image stabilization ရဲ့ အကူအညီနဲ့ အမှောင်ထဲမှာ ဖြစ်စေ နေ့ခင်း ပိုင်းမှာ ဖြစ်စေ ရိုက်ချက်တွေဟာ သိပ်ကို ကောင်းမွန်တယ့် ရလဒ်ကောင်းကောင်း တွေ ထွက်ရှိပါတယ်

Second lens (Telephoto Len) ပါဝင်မလာတယ့် iPhone XR မှာ Portrait အတွက် အသုံးပြုထားတယ့် Software detectable စွမ်း ဆောင်မှုဟာ iPhone X နဲ့ မခြားနား ကောင်းမွန်တယ့် Bokeh effect & lightning effects တွေကို ပေးစွမ်းပါ လိမ့်မယ်

Dual Camera ဖြစ်တယ့် iPhone X ဟာ Single XR ကို အသာလည်း အနိုင်ယူ ပြနိုင်တယ် ဆိုတာ တွေးစရာတောင် လိုမယ် မထင်ပါဖူး သို့သော်လည်း iPhone XR ဟာ အခြား Dual Camera smartphones အများစုကို အသာလေး beat နိုင် ခဲ့တယ့် အချက်ကိုလည်း ထည့်စဉ်းစားပေး လိုက်ပါ 

အချုပ် အားဖြင့် ဆိုရရင် Apple က iPhone XR ကို Single Camera နဲ့ ပြသ လိုက်ကတည်းက ကျွန်တော့် အနေနဲ့ ဒီ အဓိက Bokeh effect & Zoom တွေကို မမျှော်ခဲ့မိဖူး ဆိုပေမယ့် Single Camera နဲ့ iPhone XR သူ့ရဲ့ ဒီ Camera တစ်လုံးတည်းနဲ့ ကောင်းကောင်းကြီး စွမ်းဆောင် မှု အပြည့်အဝ ပေးနိုင်ခဲ့တယ် လို့ ခံစားရပါတယ် ခေတ်ပေါ စကားအရ ဆိုရင် တန်တယ် ထိုက်တန်တယ် ပေါ့ဗျာ

  • Camera (X-9/10 | XR-8/10)
  • Bokeh & Lightening (0.5)
  • Zoom (0.5)
Apple.com

Price to Storage Ratio

Clear Winner – iPhone XR

iPhone XR 64GB ဟာ iPhone X 64GB ထက် 15% ပိုမို ဈေးသက်သာ ပါတယ် Average ပေါ့ အချို့သော် ဆိုင်တွေမှာ ပိုမို ဈေးသက်သာနေမယ် အချို့တွေမှာ ဈေးပိုများ နေနိုင်ပါတယ် မြန်မာငွေ နဲ့ဆိုရင် 1.5lakh ကနေ 2.0lakh ကြား ကွာခြားနိုင်ပါတယ်

ထို့အပြင် iPhone X 64GB ကို 5 သောင်းကနေ ၇သောင်း ဝန်းကျင်လောက် ပို သုံးလိုက်မယ် ဆိုရင် iPhone XR မှာ 256GB Version ကို ရရှိပါ လိမ့်မယ် Storage လည်း ကောင်းပြီး iOS Version ကလည်း ပိုမို ရရှိမှာမို့ Perfect combo ဖြစ်သွား နိုင်ပါတယ် 

ဒီလို မလုပ်ခြင်ဖူး ဆိုပြီး 64GB နဲ့ ပဲ လုံလောက် ပါတယ် ဆိုရင် X 64 အစား XR 64GB ကိုပဲ ဝယ်ပြီး ပိုနေတယ့် ပိုက်ဆံလေးနဲ့ Anker Soundcore 2 & Aukey PB-AT10 လေး ဝယ်သုံးလိုက်မယ် ဆိုရင်ရော် ပိုလန်း မသွားဖူးလား 

  • Price (X-7.5/10 | XR-9/10)
  • 15% Less (1.5)

Conclusion & Total Result 

  • (X-9+9+7+9+7.5 =  41.5 Score)
  • (XR-8.5+8+9+8+9 = 42.5 Score) 

Score တွေကို ပေါင်းကြည့် လိုက်ရင် iPhone XR က အနိုင်ရသွားတယ် ဆိုတယ့် သဘောရှိပါတယ် အဓိက Counter ဖြစ်သွားတယ့် အချက်က Price ratio ပါပဲ သူ့ကို Money နဲ့ counter ပြန်ထောက် လို့ရပါတယ် ဒါဆိုရင် Table က ပြောင်းပြန် ဖြစ်သွားပါမယ် 

  • (X-9+9+7+9+9 =  43.0 Score)
  • (XR-8.5+8+9+8+9 = 42.5 Score) 

ဒီအတိုင်း ဖြစ်သွားမှာပါ “because I am Rich” Money နဲ့သာ ဆိုရင် iPhone X က Winner ပါပဲ အဖြေက အရှင်းကြီးပါ ပိုက်ဆံ နိုင်ရင် iPhone X ကိုသွားပါ (သူနဲ့အတူ နောက်ဆက်တွဲ ဆက်စပ် ပစ္စည်းတွေမှာလည်း ဈေးပိုပါလိမ့်မယ်) Luxury ဆိုတယ့် Feel နဲ့ Premium Product တစ်ခုကို ကိုင်ဆောင် ထားရသလို ပါပဲ 

မလိုအပ်ဖူး နေ့စဉ် အဆင်ပြေ ချောချော မွေ့မွေ့နဲ့ သက်သက်သာသာ Latest လေး ဆိုရင်တော့ Go for iPhone XR ပါပဲ တစ်ခွန်းတည်း ပြောပါရစေ “iPhone XR ဟာ သင့်ကို လုံးဝ စိတ်ပျက်စေမှာ မဟုတ်ပါ”

Facebook Comments
1K Shares