သင့်မှာ iPhone တစ်လုံးရှိလျှင် သိကိုသိထားရမယ့် (၁၀) ချက်

21741

သင့်မှာ iPhone တစ်လုံးလက်ဝယ် ပိုင်ဆိုင်ထားလျှင် သိကိုသိထားသင့်တယ့် ကောင်းနိုးရာရာတွေထဲမှာ (၁၀) ချက်ကိုထုတ်ဖော်ရေးသား ပြသလိုက်ပါတယ်

(၁) သင့် iPhone ကိုကောက်ကိုင်တိုင်း Home Button ကြီးကိုနှိပ်နေတုန်းပဲလား ကောက်ကိုင်လိုက်တာနဲ့ ပွင့်လာအောင်လုပ်ထားလို့ရပါတယ် SettingsDisplay & BrightnessRaise to Wake ဖွင့်ထားလိုက်မယ်ဆိုရင် ကိုင်လိုက်တာနဲ့ပွင့်လာစေမှာပါ (6s & နောက်ပိုင်း iPhone တွေပဲရမှာပါ)

(၂) Locked ကျနေချိန်မှာ အခြားသူဝင်ပြီး တစ်ခုခု လုပ်သွားမှာ စိုးရိမ်နေပါသလား မပူပါနဲ့ Locked အနေအထားမှာ ခွင့်ပြုချက်တွေကို ထိန်းချုပ်ထားလို့ရပါတယ် SettingsTouch ID & Passcode မှာ ကိုယ်မလိုလားအပ်တယ့် Access ကိုပိတ်ပြစ်ထားလို့ရပါမယ်

(၃) Fingerprint သုံးတိုင်း Home Button ကြီးကို နှိပ်နေစရာ မလိုအပ်ပါဖူး SettingsGeneralAccessibilityHome Button မှာ တင်လိုက်တာနဲ့ ရအောင် Rest Finger to Open ဖွင့်ထားလို့ရပါတယ်

(၄) 7,7+,8,8+ မှာ Home အထိအတွေ့လေး အားမလိုအားမရဖြစ်နေပါသလား SettingsGeneralHome Button မှာ 1to heavy 3 စိတ်ကြိုက် ပြင်ဆင်ထားလို့ရပါတယ်

(၅) နောက်ပြီး အခုချိန် အရမ်း အသူံးဝင်လွန်းလှနေပြီး ဖြစ်တယ့် Control Center ရဲ့ Shortcuts တွေကို အသုံးပြုနိင်ဖို့ လုံးဝ မမေ့လျော့လိုက်ပါနဲ့ SettingsControl CenterCustomize Controls ပြုလုပ်၍ လိုရာအသုံးပြုနိုင်ပါမယ်

(၆) သင့်မှာ iPhone ရှိရက်သားနဲ့ iMessage အသုံးမပြုဖူး ဆိုရင်တော့ အမှားကြီး ဖြစ်သွားပါမယ် အခုပဲ iMessage သုံးဖို့ သတိရလိုက်ပါ

(၇) Camera ရိုက်ပြီဆိုရင် ကိုယ့်စိတ်ကြိုက် Camera setting လေးကို ချိန်ညှိကြပါတယ် ဒါပေမယ့် နောက်တစ်ခါပြန်ရိုက်မယ်ဆိုရင် Setting လေးက အစကပြန်ရောက်သွားတတ်ပါတယ် ဒီလိုမဖြစ်စေဖို့ နောက်ဆုံး ချိန်ညှိခဲ့တယ့် Camera Setting ကို သိမ်းဆည်းထားနိုင်ဖို့ SettingsPhoto & CameraPreserveSettingCameraMode ကိုဖွင့်ထားလိုက်ပါ

(၈) ညဖက် iPhone အသုံးပြုရာမှာ မျက်စိမထိခိုက်စေရအောင် NightShift ကိုအသုံးပြုဖို့ မမေ့ပါနဲ့ ControlCenter မှာလည်း ပါဝင်သလို Setting ကနေလည်း Schedule တောင်ချိန်ပေးထားလို့ရပါမယ်

(၉) သင်တစ်နေ့ ဘယ်လောက်ထိအိပ်ချိန်ရှိမလဲဆိုတာ စမ်းစစ်ခြင်ရင် ControlCenter ကနေ Timer လေးကိုဖွင့်လိုက်ပါပြီးရင်Bedtime လေးကို အသူံးပြုလိုက်ပါ

(၁၀) Multitasking ကို iPhone6s & နောက်ပိုင်းတွေမှာ ဖုန်းရဲ့ မျက်နှာချင်းဆိုင် ဘယ်ဘက်အလယ်လောက်ကို အားနဲ့ဖိပေးလိုက်ပါ App တွေတစ်ခုနဲ့တစ်ခု ကူးနိုင်တယ့် အနေအထားဖြစ်သွားပါမယ် မလွှတ်လိုက်ပဲ ပြန်ဖွလိုက်ပြီး နောက်တစ်ကြိမ်ထပ်ဖိလိုက်ပါ Apps တွေအကုန်လုံးကို WideView အနေအထား တွေ့မြင်ရပါမယ် iPhone မူရင်း keyboard မှာလည်း အလားတူ ပုံစံအသုံးပြုနိုင်ပါမယ်

Facebook Comments
4K Shares