iPhone ကိုင်ဆောင်သူ တစ်ယောက်အဖို့ သိထားသင့်တယ့် အချက်တွေ ဆိုတာ!!

8450

ဦးစွာပထမ ပြောကြားခြင်တာကတော့ အချို့သော လုပ်ဆောင်ချက်တွေဟာ iOS 11 မှ ရရှိနိုင်တာဖြစ်တာကြောင့် iOS 11 မြင့်တင်ထားဖို့တော့ လိုအပ်ပါမယ်

Emergency Call

iPhone မှာ Emergency Call ပါဝင်တယ် အသုံးပြုနိုင်တယ်ဆိုတာ လူံးဝ မမေ့ပါနဲ့

iPhone X, 8 Plus & 8
တွေမှဆိုရင် Power button ကို Press and hold ပြုလုပ်ပြီး Volume ခလုတ်တစ်ခုနဲ့ တွဲနှိပ်ထားကာ Emergency SOS slide bar မပေါမခြင်း ဖိထားပါ

iPhone 7 Plus နဲ့ Earlier
တွေမှာတော့ Power Button ကို ၅ ချက် ဆက်တိုက် နှိပ်လိုက်ရပါမယ်

Slide bar ကိုဆွဲလိုက်တာနဲ့ iPhone မှ Emergency Services တွေစီ အလိုလျောက် ခေါဆိုစေမှာပဲ ဖြစ်ပါတယ်

Charge Quicker

Image:Liverpool Echo

သိပြီးသားလည်း ဖြစ်ကြမှာပါပဲ မသိသေးရင်တော့ iPhone ကို Airplane Mode ပြောင်းထားလိုက်ပြီး အားသွင်းရင် လျင်လျင်မြန်မြန် အားဝင်ပါလိမ့်မယ်

Focal Point

Camera အသုံးပြုပြီး ပုံရိုက်တယ့် အချိန်မှာ Camera ဟာ တိကျတယ့် Focal Point ကို ရှာဖွေ သတ်မှန်ပါတယ် လက်မညိမ်တယ့် ကိုယ့်အဖို့ တိကျတယ့် Focal Point မရလာနိုင်တယ့်အတွက် ပုံလှလှလေး ထွက်ဖို့ ခဲယဉ်းလှပါတယ်

Camera ချိန်နေရင်း Focal Point သတ်မှတ်ခြင်တယ့် အနေအထားကို လက်နဲ့ မှန်ပြင်အား ၂ စက္ကန့်လောက်ဖိလိုက်ပါက AF Locked ပေါလာမှာဖြစ်ပြီး တိကျတယ့် Focal Point နဲ့ လှပတယ့် သဘာဝ ပုံလေးတစ်ပုံ ဖန်တီးရိုက်ယူနိုင်ပါပြီ

Four Digit Codes Passcode

Passcodes ၆ လုံး သုံးရတာ ရိုးနေပြီလား ၄ လုံးပြောင်းသူံးခြင်လည်းရပါတယ် Change Passcode-Passcode Option မှာ အလွယ်တကူပြောင်းလဲနိုင်ပါတယ်

Medical ID

iPhone အသုံးပြုနေသူတစ်ယောက်ဟာ Medical ID တော့ ဖန်တီးထားသင့်ပါတယ် Heal app လေးဖွင့်ပြီး ကိုယ့် Medical ID လေးကို စိတ်ကြိုက် Edit လုပ်ပြီး ဖန်တီးထားပါ Emergency Call အဖြစ်လည်း ခေါလို့ရသလို့ Power ၅ ချက်နှိပ်ခြင်းအားဖြင့်လည်း Medical ID ကို အသုံးပြုနိုင်ပါတယ်

When timer ends-stop playing

Timer မှာ ကိုယ်လိုခြင်တယ့် အချိန် အလုံလောက် သတ်မှတ်ပြီး သီချင်း ပိတ်ထားဖို့ စေခိုင်းထားလို့ရပါတယ် ညဘက် အိပ်မပျော်တာဖြစ်ဖြစ် သီချင်း လေးဖွင့်ပြီး Timer လေးချိန်ထားလိုက်ရင် အိပ်ပျော်သွားချိန်မှာ ဘာမှစိတ်ပူစရာ မရှိတော့ပါဖူး

Siri Suggestions

Battery ကြာရှည်ခံခြင်တာဟာ ကျွန်တော်တို့ iPhone Users တွေ တောင်းတာကြတယ့် အရာတစ်ခု မဟုတ်ပေလညး မလိုအပ်တယ့် Siri Suggestions တွေကို ပိတ်ထားခြင်းဟာ Battery ကို ကြာရှည် အသူံးခံစေပါလိမ့်မယ်

Shake to Undo

စာမှား ယွင်း ရိုက်မိတယ့် အချိန်မျိုးမှာ လက်ကို အသုံးမပြုပဲ iPhone ကို လှုပ်ရမ်းလိုက်ခြင်းဖြင့် undo ပြုလုပ်နိုင်ပါတယ် ဖွင့်မထားမိရင် Settings ရဲ့ Search မှာ Shake to undo ရှာဖွေ ဖွင့်လှစ်ပေးလိုက်ပါ

iPhone’s Secret Keyboard

One-handed Keyboard လို့ပြောရမယ် သူက ညာဘက်ကဖြစ်စေ ဘယ်ဘက်က ဖြစ်စေ ရိုက်ရလွယ်ကူစေရန် ဘယ်ညာ Keyboard ပြောင်းပေးတာပဲ ဖြစ်ပါတယ် ကမ္ဘာလုံးပုံလေးကို ဖိထားလိုက်မှ မြင်တွေ့ရမှာပါ

Take a Photo and shooting video in same time

ဒါကတော့ ရိုးရှင်းတယ့် အသုံးပြုပုံလေးပါ Video ရိုက်နေစဉ် အတွင်း ဓာတ်ပုံရိုက်ယူခြင်းပါ ဘယ်ဘက် အောက်ထောင့်က အဝိုင်းလေးကို သတိထားမိကြမှာပါ သူ့ကို နှိပ်ခြင်းဟာ video ရိုက်နေစဉ်အတွင်း လိုခြင်တယ့် မြင်ကွင်းမျိုးမှာ ဓာတ်ပုံကို အမိအရ ရယူနိုင်ပါမယ်

Switch between Applications

Assistive Touch သုံးတာများတာ တစ်ကြောင်း ကြောင့် သင်မေ့လျော့ကောင်းမေ့လျော့နေနိုင်တာဟာ Home Button ကိုနှစ်ချက် နှိပ်ခြင်းအား ဖြင့် Multitasking တွေအကြား အကူးအပြောင်း လုပ်နိုင်သေးတယ် ဆိုတာကိုပါပဲ

Reject an important call by message

အရေးပါတယ့် ဖုန်းလည်းဖြစ်တယ် ကိုင်ဖို့ လည်း မဖြစ်နိုင်သေးတယ့် အခြေအနေမျိုးမှာ အသူံးဝင်မှာကတော့ Settings-Phone-ရဲ့ Respond with text ပါပဲ ကိုယ် လိုခြင်သလို စိတ်ကြိုက်ပြင်ဆင်ထားပြီး အသူံးပြုနိုင်ပါတယ် ဖုန်းဝင်လာတယ့်အချိန်မှာ စာတိုလေးနဲ့ ငြင်းဆိုနိုင်ဖို့ရန် အတွက်ကိုပေါ့

ဆက်ပါဦးမယ်….

Facebook Comments
4K Shares