iPhone & iPad ပေါ်ကနေ Videos တွေကို Compress လုပ်နည်း

263

iPhone or iPad တို့ဖြင့် Videos တွေကို ကောင်းမွန်လွယ်ကူစွာ ဖမ်းယူ ရိုက်ကူးလို့ ရပါတယ် ။ ဒါပေမယ့်လည်း အဲဒီ Videos တွေက တော်တော်လေးကို Size က ကြီးနေတတ်ပါတယ် ။ သင့်ရဲ့ Devices မှာသာ Low Space ( နေရာလွတ် နည်းပါးမှု ) ဖြစ်နေတယ် ဆိုရင်တော့ ဒုက္ခ ဖြစ်ပါပြီ ။

ဒီတော့ အဆိုပါ Videos ဖိုင်တွေကို Compress ( ချုံ့ပြီး ) သင့်ရဲ့ iPhone or iPad ပေါ်မှာပဲ သိမ်းဆည်းထားမလား ၊ ဒါမှမဟုတ် အခြားသော Mail တို့ , Messages တို့ဖြင့် Sharing လုပ်သွားမလား ဆိုတာကို သင်ရွေးချယ်လို့ ရပါမယ် ။

Videos တွေကို Compress လုပ်လို့ရမယ့် App ကတော့ Video Compress Reduce Movie Size လေး ဖြစ်ပါတယ် ။ သူ့ကို iPhone မှာရော ၊ iPad မှာရော အသုံးပြုလို့ ရပါမယ် ။ ဝယ်စရာ မလိုပါဘူး ။ Free ပါ ။ ( Ads ကြော်ငြာတွေတော့ ပါပါလိမ့်မယ် )

https://geo.itunes.apple.com/us/app/video-compress-reduce-movie-size-shrink-video/id1163846234?mt=8&at=11l4L8&ct=CompressVideo

Video Compress App လေးကို ဖွင့်ပါ ။ Access your photo library ကို Allow လုပ်ပေးပါ ။အဲဒီနောက် Started ကို နှိပ်ပြီး စလို့ရပါပြီ ။

1) Videos တွေကို Camera Roll , Videos or Recently Added တို့ကနေ သွားပြီး Select လုပ်ပေးလို့ ရပါမယ် ။

2) Video ကို ရွေးပေးပြီးလျှင် ညာဖက်အပေါ်က Checkmark ကို နှိပ်ပေးလိုက် ရပါမယ် ။

3) အဲဒီနောက်မှာတော့ Video ရဲ့ Original Size နဲ့ Target Size တို့ကို မြင်တွေ့ရပါလိမ့်မယ် ။ အဲဒီမှာ Target Size တွေကို အပေါ်အောက် Slider လေးဖြင့် ရွှေ့ပြီး Compress Size ကို Adjust လုပ်လို့ ရပါမယ် ။

4) အပေါ်က Share Button လေးကို နှိပ်ပြီးလျှင် Video ကို Compressing လုပ်ပေးနေတာကို မြင်တွေ့ရပါလိမ့်မယ် ။

5) ပြီးသွားတဲ့အခါမှာတော့ သင့်ရဲ့ Device ပေါ်မှာ သိမ်းဆည်းဖို့အတွက် Save ကို နှိပ်လိုက် ရပါမယ် ။ ဒါမှမဟုတ် အခြားသော Messages or Mail တွေကို Share ချင်ပါက More ကို နှိပ်ပြီး ရွေးချယ်ပေးလို့ ရပါမယ် ။

ညာဖက်အပေါ်က Home Button ကို နှိပ်ပြီး အခြား Video ကို Compress လုပ်ဦးမလား ၊ App ကိုပဲ Close လုပ်မလား ဆက်လုပ်လို့ ရပါမယ် ။

သင့်အနေဖြင့် Video Preview တွေ ၊ Video File Type တွေကို Change ချင်ရင်တော့ Main Screen က Settings Button ( Gear Icon ) လေးကို နှိပ်ရပါမယ် ။ အဲဒီမှာ Tools တွေနဲ့ Adjust လုပ်လို့ ရပါမယ် ။ MP4 ဒါမှမဟုတ် MOV File Types တွေကို ရွေးချယ်လို့ ရပါမယ် ။ ပြီးရင်တော့ Done ကို နှိပ်လိုက်ရုံပါပဲ ။

iPhone & iPad ပေါ်ကနေ Videos တွေကို Compressing လုပ်တဲ့အခါမှာ လွယ်ကူပြီး မိနစ်အနည်းငယ်ခန့်သာ ကြာပါတယ် ။ Video Compress Apps တွေကတော့ App Store ပေါ်မှာ အများကြီး ရှိပါတယ် ။ ဒါပေမယ့် တစ်ခုပြီး တစ်ခု စမ်းကြည့်မှပဲ သိရမှာပါ ။ ဘယ်ဟာက ပိုကောင်းတယ် ။ ဘယ်ကောင်က ပိုလွယ်တယ်ပေါ့ ။ အခု Admin ပြောပြတဲ့ Video Compress App ထက် ပိုကောင်းတာတွေ ၊ ပိုမိုက်တာတွေ ရှိပါဦးမယ် ။ သိတဲ့ ယူစာတွေက ဒီပို့စ်အောက်မှာ ပြန်လည် မျှဝေ Sharing လုပ်ပေးသွားလို့ ရပါတယ်နော် ။

Via Sandy Writtenhouse

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
787 Shares