Home Knowledge iPhone , iPad တွေ တဖြည်းဖြည်းနဲ့ နှေးလာတယ်လို့ ခံစားနေရပြီလား ?

iPhone , iPad တွေ တဖြည်းဖြည်းနဲ့ နှေးလာတယ်လို့ ခံစားနေရပြီလား ?

2367

ဒီခံစားချက် ရနေပြီဆိုရင် ကျနော့ရဲ့ ဒီပို့စ်လေးကို ဆုံးအောင် ဖတ်ကြည့်လိုက်ဖို့ သင့်နေပါပြီ ။

Apple ဟာ သူတို့ရဲ့ Operating System ဖြစ်တဲ့ iOS ကို ပိုမို ကောင်းမွန်သည်ထက် ကောင်းမွန် ၊ တိုးတက်သည်ထက် တိုးတက်လာစေရန် ဖန်တီးနေပြီး Version Updates တွေကိုလည်း တစ်နှစ်ပြီး တစ်နှစ် ထုတ်ပေးလျှက် ရှိနေပါတယ် ။ အခုလက်ရှိ Latest Version ဖြစ်တဲ့ iOS 12.1 ကို ထုတ်ပေးထားပြီး ဖြစ်ပါတယ် ။

ဒီ iOS 12 မှာ အဓိကအနေဖြင့် Performance ကို အကောင်းဆုံး တိုးတက်မှုရှိအောင်လို့ ပြုလုပ်ပေးထားပါတယ် ။ ဒါကြောင့်လည်း Apple က ဒီလို ဆိုခဲ့တာပဲ ဖြစ်ပါတယ် ။ iOS 12 ဟာ iPhone 5S , iPhone 6 and iPad mini 2 တို့လိုမျိုး Older Devices တွေကို Performance ပိုင်းမှာ အရမ်းကို တိုးတက်ကောင်းမွန်လာစေပါမယ် ၊ ပြီး ဘလာ ဘလာ ဘာတို့ ညာတို့လဲ တိုးတက်မယ်ပေါ့လေ ။

ဒါပေမယ့် တကယ်ကော သူတို့ပြောတဲ့အတိုင်း တိုးတက်လာရဲ့လား ။ ဒီအတွက် အဖြေကတော့ အမျိုးမျိုး ကွဲပြားနေကြမှာပဲ ဖြစ်ပါတယ် ။ အချို့ အဆင်ပြေမယ် ။ အချို့တွေ အဆင်မပြေဘူး ။

ဒါ ဘာဖြစ်လို့လဲ ။
ဘာလို့ ဒီလို မတူညီကြတာလဲ ။

ပေးတဲ့ Update ကလည်း ဒီဟာပဲ ။
သုံးတဲ့ Devices ကလည်း သူ့လိုပဲ ။
ငါ့ကျမှ ဘာဖြစ် …
iOS 12 ရဲ့ Errors လား ။
iPhone က ချို့ယွင်းချက်လေလား ။

ဘယ်သူ့ ဘယ်သူမှ အတတ်ပြောနိုင်ကြမှာ မဟုတ်ပါဘူး ။ ဂဃနဏလည်း သိကြမှာ မဟုတ်ပါဘူး ။ ဒီတော့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့် Devices ရဲ့ အဖြေကို ကြိုးစား ရှာဖွေ ဖြေရှင်းကြည့်ရပါမယ် ။

ဒီအတွက် ရလာမယ့် အဖြေကတော့ ကောင်းချင်လည်း ကောင်းသွားမယ် ။ မကောင်းရင်လည်း ဒုံရင်းက ဒုံရင်းပဲမို့ အရင်းအတိုင်းပေါ့ ။ သေချာတာကတော့ လက်ရှိ အခြေအနေထက် ဆိုးသွားစရာ မရှိဘူး ဆိုတာကိုတော့ အာမခံပါတယ် ။

နံပါတ် ( ၁ ) Latest iOS Version ကို Update လုပ်ပါ ။

မြန်မာပြည်က ယူစာအတော်တော်များက ဝယ်ကထဲက ပါလာတဲ့ Version အတိုင်း ဆက်လက် အသုံးပြုနေတတ်ကြပါတယ် ။ 

ဘာလို့ ဒီလို ဖြစ်ရတာလဲ ။ 

အဖြေက ရိုးရိုးလေးပါပဲ ။ 

ထိုင်နေ အကောင်းသား ထသွားမှ ကျိုး ဆိုသလို စကားအတိုင်း ကြောက်ကြလို့ရယ်ပါပဲ ။ 

ဒီကိစ္စမှာတော့ အငြင်းမပွါးချင်ပါဘူး ။

ဒါပေမယ့် တစ်ခုတော့ ပြောချင်ပါတယ် ။

မလိုအပ်ပဲနဲ့ iOS တွေရဲ့ Updates တွေကို Apple က အားအားယားယား ထုတ်ပေးနေတာတော့ မဟုတ်ဘူး ဆိုတာပါပဲ ။ 

ဒီတော့ ကိုယ်လက်ရှိ အသုံးပြုနေတဲ့ iOS Version က Latest ကော ဖြစ်ရဲ့လားဆိုတာကို သေချာစစ်ဆေး ကြည့်ရပါမယ် ။ Setting ကို ဝင် ၊ General ထဲက About မှာ iOS Version ကို ကြည့်လို့ ရပါတယ် ။ ကိုယ်က လက်ရှိ Latest Version ကို မသိဘူးဆိုရင်တော့ ကိုယ့်ရဲ့ Devices ကို WiFi နဲ့ ချိတ် ။ ပြီး Setting ၊ General ထဲက Software Update မှာ ဝင်ကြည့်လိုက်ရပါမယ် ။ ကိုယ့်ရဲ့ Devices ဟာ Latest ဖြစ်နေပြီးသားဆိုရင် iOS Version Name ရယ် ၊ Your Software is up to date ဆိုတဲ့ စာတန်းလေးကိုပါ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ 

အဲဒီနေရာမှာပဲ ကိုယ့်ရဲ့ Devices အတွက် iOS Update ကို ပေးနေပြီဆိုရင်တော့ Download & install ဆိုတဲ့ စာတန်းလေးကို နှိပ်ပြီး Latest iOS Version ကို Updating လုပ်ဖို့ လိုပါလိမ့်မယ် ။

နံပါတ် ( ၂ ) ကိုယ့် Devices ရဲ့ Battery Health ကို စစ်ဆေးကြည့်ပါ ။ 

iOS 10 နဲ့ အထူးသဖြင့်တော့ iOS 11 မှာ Battery နဲ့ ပါတ်သက်တဲ့ ပြဿနာ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပေမယ့် ဒီ iOS 12 မှာတော့ အဆိုပါ ပြဿနာတွေ , issues တွေကို Apple က ဖြေရှင်းပေးထားပါတယ် ။ ဒါပေမယ့် ဘယ်အရာကမှ ပြီးပြည့်စုံတယ် ဆိုတာကတော့ မရှိပါဘူး ။ 

ကိုယ့် Devices ရဲ့ Battery Health ကကို ကျဆင်းနေရင်တော့ Devices ကလည်း နှေးကွေးသွားမှာပဲ ဖြစ်ပါတယ် ။ 

ကိုယ့် Devices ရဲ့ Setting , Battery ကို ဝင်လိုက်ပါ ။ ပြီး Battery Health ထဲကို ဝင်ကြည့်ရပါမယ် ။ Maximum Capacity မှာ 80 % အောက် လျော့နည်းနေရင်တော့ Battery ကို လဲလှယ်သင့်ကြောင်း ပညာရှင်တွေက အကြံပြုချက် ပေးထားကြပါတယ် ။ 

တကယ်ပဲ လဲဖို့ လိုအပ်နေပြီလား ။ 

အသုံးပြုနေတဲ့ မိမိကိုယ်တိုင်သာ အသိဆုံး ဖြစ်မှာပါပဲ ။ 

Maximum 80 % အောက် ရောက်နေပေမယ့် Performance မကျပဲ နှေးကွေးသွားခြင်းလည်း မရှိပဲ Fastest ဖြစ်ပြီး အသုံးပြုနေကြတဲ့ ယူစာတွေကလည်း အများအပြား တွေ့နေရပါတယ် ။ ဒီတော့ ရိုးရိုးသားသား အကြံပေးရမယ်ဆိုရင်ဖြင့် 80 % အောက် လျော့နေတိုင်း မလဲလှယ်သေးပဲ ဘယ်လိုမှ အဆင်မပြေပါဘူးဆိုတဲ့ အခြေအနေမျိုးရောက်မှသာ လဲလှယ်မှု ပြုပါ ။ 

လဲလှယ်ပြီးရင်တော့ နှေးကွေးလေးလံတာတွေလည်း အထိုက်အလျောက် ပျောက်သွားမှာကတော့ အသေအချာပါပဲ ။

နံပါတ် ( ၃ ) Devices ရဲ့ Motions တွေကို လျော့ချပါ ။ 

iOS Versions ကြီး အသစ်တစ်ခုထွက်တိုင်း Animations အသစ်တွေ တိုးတိုး ပါလာလေ့ ရှိပါတယ် ။ ဒီ Animations လေးတွေဟာ သေချာ သတိထားမိတတ်တဲ့ သူမှသာ မြင်တွေ့ရမှာပါ ။ အမှုမဲ့ အမှတ်မဲ့ နေတတ်တဲ့ သူတွေကတော့ ဘယ်လိုမှ မြင်တွေ့ရမှာ မဟုတ်ပါဘူး ။ 

သူတို့ရဲ့ လှုပ်ရှားမှုတွေက iOS အသုံးပြုရာမှာ ဘာမှ အထောက်အကူ မပြုပေမယ့် ကိုယ့်ရဲ့ Devices ကိုတော့ မူလထက် နှေးကွေးသွားစေတယ်လို့တော့ ခံစားရစေပါတယ် ။ အထူးသဖြင့် ဒီခံစားချက်ကို iPhone X ယူစာတွေမှာ အဖြစ်များပါတယ် ။ 

Battery လည်း ပိုမိုကုန်စေတယ် ။ 

ထူးထူးခြားခြားလည်း အသုံးဝင်လှမှု သိပ်မရှိတဲ့ ဒီ Animations လှုပ်ရှားမှုကို ပိတ်ထားသင့်ပါတယ် ။ Setting ကနေ General , Accessibility ကို ဝင်ပြီး Reduce Motion ကို On ပေးထားလိုက်ခြင်းဖြင့် ပိတ်ထားလို့ ရပါတယ် ။ 

ကိုယ့်ရဲ့ Devices ဟာ မူလကထက် တော်တော်ကြီးကို မြန်ဆန်လာတယ်လို့ ခံစားရပါလိမ့်မယ် ။

နံပါတ် ( ၄ ) ကိုယ့် Devices ရဲ့ Storage ကို များများ အလွတ်ထားပါ ။ 

ကိုယ့် Devices ရဲ့ Storage ဟာ 32GB ပဲဖြစ်ဖြစ် ၊ 64GB ပဲဖြစ်ဖြစ် အထဲမှာ နောက်ထပ်နေရာလွတ် သိပ်မကျန်တော့ဘူး ဆိုရင်တော့ မယုံမရှိပါနဲ့ ။ သေချာပါတယ် တကယ့်ကိုပဲ Devices ဟာ အလွန်ကို နှေးကွေးလေးလံ သွားတာကို တွေ့ရပါလိမ့်မယ် ။ 

Setting ထဲကနေ General , Storage ကို သွားကြည့်လိုက်ပါ ။ ဘယ်ဆော့ဝဲလ်တွေက နေရာအများကြီး ယူနေကြတယ် , ယူထားကြတယ် ။ သီချင်းတွေ , ဗွီဒီယိုတွေက ဘယ်လောက်တောင် နေရာစားနေတယ် ။ ဓါတ်ပုံတွေက ဘယ်လိုနေရာတွေ ယူနေတယ် ဆိုတာတွေ အားလုံးကို မျက်ဝါးထင်ထင် မြင်ရ တွေ့ရပါလိမ့်မယ် ။ 

ဒီလိုမျိုး Storage တွေကို နေရာယူမှုတွေကြောင့် ကိုယ့်ရဲ့ Devices ဟာ မလေးလံသင့်ပဲ လေးလံ နှေးကွေးနေရတာပဲ ဖြစ်ပါတယ် ။ 

ဒီတော့ Storage မှာ နေရာလွတ်တွေ တိုးလာစေဖို့အတွက် ဖျက်သင့်တဲ့ ဆော့ဝဲလ်တွေကို ဖျက် ။ မလိုအပ်တော့တဲ့ သီချင်း ဗွီဒီယိုတွေ , ဓါတ်ပုံတွေကို ဖယ်ရှားပေးလိုက် ရပါမယ် ။ 

အသုံးပြုတာလည်း များတယ် ။ 

ရှိသင့်တဲ့ Storage ထက် ပမာဏ ပိုယူနေတဲ့ ဆော့ဝဲလ်တွေကိုတော့ Delete လုပ်ပစ်ပြီး အစကနေ ပြန်ဒေါင်းပြီး အသုံးပြုသင့်ပါတယ် ။ အထူးသဖြင့် Facebook App နဲ့ Messenger App တို့ပဲ ဖြစ်ပါတယ် ။ 

ဒါမှမဟုတ်လည်း Offload Unused Apps ကို Enable လုပ်ပေးလိုက်ပြီး အသုံးပြုခြင်း သိပ်မရှိတဲ့ ဆော့ဝဲလ်တွေကို ယာယီ Remove လုပ်ထားလို့ ရပါမယ် ။ အသုံးလိုတဲ့ အခါမှသာ ပြန်ဒေါင်းပြီး အသုံးပြုနိုင်ပါတယ် ။ ဒီနည်းလမ်းတွေနဲ့လည်း ကိုယ့် Devices ရဲ့ Storage မှာ နေရာလွတ်တွေကို တိုးလာအောင် ဖန်တီးယူနိုင်ပါတယ် ။ 

Storage မှာ နေရာလွတ်တွေ ပိုများလာပြီဆိုရင် ကိုယ့် Devices ရဲ့ နှေးကွေးမှုတွေကလည်း လျော့နည်းသွားပါလိမ့်မယ် ။

နံပါတ် ( ၅ ) ကိုယ့် Devices ကို မကြာခဏ Refresh ဖြစ်အောင် လုပ်ပါ ။ 

Refresh ဖြစ်အောင် လုပ်ရမယ်ဆိုတော့ ဇဝေဇဝါ ဖြစ်မသွားကြပါနဲ့ ။ ကိုယ့် Devices ကို မကြာခဏ Hard Reset ( Reboot / Force Restart ) လုပ်ခိုင်းတာပဲ ဖြစ်ပါတယ် ။ 

Devices ရဲ့ Assistive Touch ကနေပြီး Restart ကို နှိပ်ကာ Refresh လုပ်နိုင်ပါတယ် ။ ဒီပို့စ်မှာတော့ ဒီနည်းလမ်းနဲ့ Refresh လုပ်တာထက် ကိုယ့် Devices မှာ ပါတဲ့ Buttons တွေနဲ့ လုပ်ရတဲ့ Hard Reset ကိုသာ Recommend ပေးပါတယ် ။

နံပါတ် ( ၆ ) နောက်ကွယ်မှာ အလုပ်လုပ်လေ့ရှိတဲ့ Background Refresh တွေကို ပိတ်ထားပါ ။ 

အထူးသဖြင့် Facebook လို , Messenger လို အခြားသော ဘာလိုလို ညာလိုလို ဆော့ဝဲလ်တွေဟာ ကိုယ်မမြင်ရတဲ့ နောက်ကွယ်မှာ Refresh ဖြစ်နေစေဖို့ လုပ်ဆောင်နေတတ်ကြပါတယ် ။ 

ကိုယ်မမြင်ရပေမယ့် အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် Devices ကတော့ ထိုက်သင့်သလောက် လေးလံနေမှာဖြစ်သလို Battery အားတွေလည်း ဆုံးရှုံးနေမှာပဲ ဖြစ်ပါတယ် ။ 

ဒီတော့ Setting ကနေ General , Background App Refresh ကို ဝင်ပြီး Disable လုပ်ထားပေးဖို့ လိုပါတယ် ။

နံပါတ် ( ၇ ) ကိုယ့် Devices ရဲ့ System Setting ကို ရှင်းလင်းရေး လုပ်ပါ ။ 

အသုံးပြုတာ ကြာလာတာနဲ့အမျှ Devices ရဲ့ System Setting ဟာ တစ်ခါတရံမှာ သူ့ဟာနဲ့သူ ရှုပ်ထွေး နေတတ်လေ့ ရှိပါတယ် ။ 

ဘာနဲ့ ဥပမာတူလည်းဆိုတော့ လူတစ်ယောက်ရဲ့ ဦးခေါင်းပေါ်က ဆံပင်လိုပါပဲ ။ နေ့စဉ် ခေါင်းဖီးပေးနေတဲ့ သူအတွက် သူ့ရဲ့ ဦးခေါင်းပေါ်က ဆံချည်မျှင်တွေဟာ မရှုပ်မထွေးပဲ သပ်သပ်ရပ်ရပ်နဲ့ ရှိနေကြမှာ ဖြစ်သလို ၊ ခေါင်းမဖီးတဲ့ သူအတွက်ကတော့ သူ့ခေါင်းပေါ်က ဆံချည်တွေဟာ ရှုပ်ထွေးနေတဲ့ ချည်ခင်လိုပဲ ဖြစ်နေကြမှာပါပဲ ။ 

အလားတူတဲ့ iOS ရဲ့ System Setting ကို နေ့စဉ် မဟုတ်ပေမယ့်လည်း မကြာခဏဆိုသလို Cleared ဖြစ်အောင်လို့ လုပ်ပေးသင့်ပါတယ် ။ 

Setting ထဲက General , Reset ထဲကို ဝင်ရောက်ပြီး Reset all setting ကို လုပ်လိုက် ရပါမယ် ။ 

( * ဒီနည်းဟာ မည်သည့် Applications , မည်သည့် Personal Data ကိုမျှ ထိခိုက်စေမည် မဟုတ်ပါ ။ iOS ရဲ့ System Setting ကိုပဲ Cleared ဖြစ်စေမှာ ဖြစ်ပါတယ် ။ * )

နံပါတ် ( ၈ ) ကိုယ့် Devices ပေါ်ရှိ အားလုံးကို ဖျက်ပြီး All Cleared လုပ်ပါ ။ 

ဒီနည်းကတော့ ရှင်းပါတယ် ။ 

ကိုယ့်ရဲ့ Devices ပေါ်မှာရှိတဲ့ အရာအားလုံးကို Delete လုပ်ပစ်ပြီး အစကနေ ပြန်ပြီး စတင်လုပ်ဆောင်မှာပဲ ဖြစ်ပါတယ် ။ 

Devices ပေါ်မှာရှိတဲ့ Data တွေ အကုန်လုံးကို ဖျက်ပစ်မှာ ဖြစ်တဲ့အတွက် သေချာစဉ်းစားပြီးမှသာ ဒီနည်းလမ်းကို လုပ်သင့်ပါတယ် ။ 

ဒါဆို ဒီနည်းလမ်းက မကောင်းလို့လား ။ အသုံးမဝင်လို့လား ။ 

မဟုတ်ပါဘူး ။ 

ဒီနည်းလမ်းက နောက်ဆုံး မဟုတ်သေးပေမယ့် ကိုယ့် Devices တွေရဲ့ နှေးကွေးလေးလံမှု ဖြစ်နေတာတွေကိုတော့ အကောင်းဆုံး ဖြေရှင်းပေးတဲ့ နည်းလမ်းတွေထဲမှာတော့ ပါပါတယ် ။ 

ဆော့ဝဲလ်တွေ ဒေါင်းတယ် ။ 

Installed တယ် ။ 

ပြီး မကြိုက်လို့ Delete တယ် ။ 

ကြာလာတော့ ကိုယ့်ရဲ့ Devices ဟာ Garbage လို့ခေါ်တဲ့ အမှိုက်ပုံးကြီး တစ်ခုလို ဖြစ်နေပါပြီ ။ 

ဒီတော့ All Clear ဖြစ်ဖို့ နည်းလမ်းကတော့ Setting ကနေ General , Reset ထဲက Erase all content & settings ကို နှိပ်ပြီး Cleared လုပ်ပေး ရပါမယ် ။ 

( * အလွယ်တကူ မလုပ်ပါနဲ့ ။ Personal Data & Applications တွေ အကုန်ပျက်မှာ ဖြစ်ပါတယ် ။ * )

နံပါတ် ( ၉ ) Firmware ပြန်ရေးကြည့်လိုက်ပါ ။ 

ဒါကတော့ နောက်ဆုံး နည်းလမ်းပဲ ဖြစ်ပါတယ် ။ 

အပေါ်က နည်းလမ်းတွေအတိုင်း အကုန်လုပ်ကြည့်ပြီးတာတောင် ကိုယ့်ရဲ့ Devices က နှေးကွေးနေတုန်းပဲ ဆိုရင်တော့ ဒီနည်းလမ်းဖြစ်တဲ့ Firmware ကို ပြန်ရေးကြည့်ဖို့ပဲ ရှိပါတော့တယ် ။ 

ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး iTunes ကို ဖွင့်ကာ ကိုယ့်ရဲ့ Devices ကို Recovery Mode ( or ) DFU Mode ကို ပြောင်းပေးပြီး Restore Update ကို နှိပ်ကာ Firmware ပြန်ရေးကြည့် ရပါမယ် ။ 

ဒါဆိုရင် လိပ်လိုပဲ နှေးကွေးနေတဲ့ ကိုယ့်ရဲ့ Devices ဟာ iOS အသစ်နဲ့ ဝယ်ကာစ အသစ်တုန်းကလို ဖလမ်းဖလမ်း ထပြီး လန်းနေတော့မှာပဲ ဖြစ်ပါတယ် ။ 

အားလုံးအဆင်ပြေချမ်းမြေ့ကြပါစေ ။ 

ဇာနည် ( iOS Banker Myanmar ) 

***********************************************

Facebook Comments
6K Shares