i-FlashDevice အသုံးပြုရန် အရိုးရှင်းဆုံး လမ်းညွှန်

7381

iFlash drive အရိုးရှင်းဆုံး ချိတ်ဆက်အသုံးပြုမယ်

ကျွန်တော်အသုံးပြုပြမယ့် drive အမျိုးအစားကတော့ Flash Drive 32GB Model:XP890 3 in 1 drive အမျိုးအစားပင်ဖြစ်ပါတယ်။အသုံးပြုပုံလေးကို ပုံလေးတစ်ပုံချင်းစီထောက်ကြည့်ပေးပါ။Flash drive မတူညီခြင်းကြောင့် driver App များကွဲပြားနိုင်သော်လည်း import export သဘောတရားမှာတူညီပါသည်။

Normal Flash Driveအတွက်download linkပါ
Name
i-FlashDevice by ShenZhen 0101 technology Co.,Ltd

Sandisk driveများအတွက်download linkပါ
Name
SanDisk iXpand™ Drive by SanDisk

အခြားdrive များဖြစ်ခဲလျှင်လည်း ဘူးခွံမှတစ်ဆင့်QR code or driver name ဖြင့် App Store မှရှာဖွေအသုံးပြုနိုင်ပါတယ်။

အရင်းဆုံး driver အဆင်သင့်ရှိနေရပါမယ်။ဖွင့်ကြည့်လိုက်လျှင်flash device မရှိပါက Device is offlineပြနေပါလိမ့်မယ်။

Flash device ချိတ်ဆက်လိုက်လျှင် communicateလုပ်ရန် Allowလာတောင်းရင်ပေးလိုက်ပါ ဒီနေရာမှာ internet connection လိုအပ်ပါတယ် internet မှသူနဲ့သက်ဆိုင်တယ့်driver ကိုauto runပြုလုပ်ရန်အတွက်ပါ အကယ်လို့ Drive ထဲမှာ Photos & Videos Play သွားမရရင် Connection ပြန်စစ်ပြီး Driver ကအစကပြန်ဝင်ကြည့်ပေးပါ။

ဒါကတော့ ကျွန်တော့် Drive ထဲက Video & Music အချို့ကို ထည့်သွင်းထားတာပါ။

Facebook Comments
2K Shares