05/25/2020

iPhone 8 User များအနေနဲ့ iPhone SE 2020 ကို ပြောင်းကိုင်သင့်ပီလား

3K Shares

iPhone 8 ကိုအသုံးပြုနေတယ့် User တွေအတွက် ယခု iPhone SE 2020 က ကြီးမားတယ့် ပြောင်းလဲမှုတစ်ခုဖြစ်မှာပါ။

ယခုထွက်ရှိလာတယ့် iPhone SE 2020 ဟာ iPhone 8 နှင့်တော်တော်ကိုဆင်တူပါတယ်။အပြင်ပန်းပုံစံတာတူနေပေမယ့် စက်အတွင်းပိုင်းမှာ ထည့်သွင်းထားတယ့် စွမ်းဆောင်ရည်တွေကတော့ ကွဲပြားသွားပါလိမ့်မယ်။

သင်ဟာ iOS Device ကို နှစ်ပေါင်းများစွာစွဲကိုင်လာပါက iPhone 8 ကနေ iPhone SE 2020 ကို ပြောင်းကိုင်ဖို့ ခက်ခဲမယ်မထင်ပါဘူး။

iPhone 8 နဲ့ iPhone SE 2020 ရဲ့ အချက်အလက်တွေကို နှိုင်းယှဉ်ပြပေးပါ့မယ်။

iPhone SE ဆိုတာနဲ့ ဟိုးအရင် 1st Generation iPhone 5 ပုံစံကို user တိုင်းပြေးမြင်မိမှာအမှန်ပါ။ ဒါပေမယ့် ယခု2nd Generation မှာတော့ iPhone 8 Design ကိုယူထားတာဖြစ်တယ့်အတွက် Design ပိုင်းကတော့ ပြောစရာမရှိပါဘူးအရောင်အနေနဲ့ iPhone 8 မှာ ရွေးချယ်စရာအများအပြားရှိပီး iPhone SE 2020 မှာတော့ အရောင် မျိုးပဲရှိပါတယ်။

iPhone SE 2020 မှာ A13 Bionic Chip ကိုထည့်သွင်းပေးထားပီး iPhone 11 Series တွေမှာ ပါဝင်တယ့် Chip လဲဖြစ်ပါတယ်။ထို့အပြင်ပိုမိုမြန်ဆန်သော Wi-Fi 6 နှင့် Gigabit-class LTE ဆက်သွယ်မှုများကိုလည်းထည့်သွင်းပေးထားပါတေးတယ်။

iPhone 8 ကိုတော့ A11 Bionic Chip နဲ့ Neural Engine ကိုအသုံးပြုထားကာ iPhone 8 ရဲ့ Neural Engine သည်တစ်စက္ကန့်တွင်ဘီလီယံ ၆၀၀ အထိလည်ပတ်နိုင်ပီး iPhone SE 2020 ရဲ့ 8-Core Neural Engine သည်တစ်စက္ကန့်လျှင်ထရီလီယံ ထရီလီယံအထိလည်ပတ်နိုင်စွမ်းရှိပါတယ်။RAM အနေနဲ့ iPhone 8 မှာ 2GB RAM ရှိပီး iPhone SE မှာတော့ 3GB RAM ရှိပါတယ်။Battery ပိုင်းမှာတော့ iPhone 8 မှာ Li- Ion 1821 mAh နဲ့ 15 W First Charging ကို Support ပီး iPhone SE မှာတော့ Li-Po 2942 mAh နဲ့ 18 W First Charging Support ပေးပါတယ်။

သင်ဟာ iPhone 8 ကိုနှေးကွေးလေးလန်းနေပီလို့ခံစားနေရပါက iPhone SE 2020 က ကောင်းမွန်တယ့်စွမ်းဆောင်ရည်ပေးပါလိမ့်မယ်။AR စွမ်းဆောင်ရည် နဲ့ Arcade Gaming တွေအတွက် iPhone SE 2020 က သင့်အကြိုက်ဖြစ်စေပါလိမ့်မယ်။

ကင်မရာပိုင်းအနေနဲ့ iPhone 8 နဲ့ iPhone SE 2020 မှာတော့ ကွာခြားချက်မရှိပါဘူး ဒါပေမယ့် A13 Bionic ရဲ့ Neural Engine ကိုအသုံးပြုထားတယ့် iPhone SE မှာတော့ အနည်းငယ် ကွဲပြားသွားပါလိမ့်မယ်။ iPhone SE မှာ Portrait Mode ကိုထည့်သွင်းပေးထားပီး ဓာတ်ပုံအရည်အသွေးကိုတော့ လက်တွေ့မြင်မှ သိရပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ iPhone 8 User တွေအတွက် အတွင်းပိုင်းကိုတာ ပြောင်းလဲထားတယ့် iPhone SE ကို $399 ကနေစတင်ပီး ဝယ်ယူနိုင်မှာဖြစ်ပီး စျေးနှုန်းသက်သာတယ့် iPhone SE ကို ဝယ်ယူသင့်ပါကြောင်း တိုက်သွန်းအပ်ပါတယ်။

ထပ်တိုးပြောချင်တာက iPhone 8 မှာ 1 Sim ပဲအသုံးပြု၍ရမှာဖြစ်ပီး iPhone SE မှာတော့ Dual Sim ( Nano Sim & eSim ) ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီအချက်နဲ့တင် ရွေးချယ်စရာဖြစ်နေပါပီ။

6 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။