05/25/2020

iPhone 8 ကိုရုပ်ဖျက်ပြီး ထွက်လာရုံ သက်သက် ဆိုတာ ဝန်ခံထားတယ့် Apple

4K Shares

iPhone 8 series ကို နှုတ်ဆက်ဖို့ အချိန်ကျ ပါပြီ။

April 15 ရက် နံနက်ခင်းမှာ ပဲ Apple က iPhone 8 & 8 Plus ထုတ်လုတ်မှုကို ရပ်ဆိုင်းလိုက်ပြီ လို့ တိကျတယ့် သတင်းရင်း မြစ်ကနေ သိလိုက်ရပြီး သားပါ။ တကယ်တော့ ဒီသတင်းဟာ သိပ် အထူးအဆန်းတော့ မဟုတ်လှပါဖူး၊ iPhone SE က iPhone 8 ပဲ ဆိုမှာတော့။ “အဆန်း မဟုတ်ပါ”

iPhone 8 ဟာ 2k17 မှာ မိတ်ဆက် ချိန်တုန်းက $699 ကနေ စတင်ခဲ့ပြီး ယခင်”လ” ကထိ $469 နဲ့ iPhone 8 Refurbished unit တွေကို Apple Store ပေါမှာ ရောင်းချ နေတုန်းပါ။ ပြည်ပ Apple media ကြီးများရဲ့ ဖော်ပြချက်အရ အဆိုပါ iPhone 8 unit များဟာ သိပ်မကြာခင် တစ်ပတ်ခန့် လောက်ကပဲ Apple Store ပေါမှ ဖယ်ရှားသွား ပြီလို့လဲ သိခဲ့ရပါ သေးတယ်။

iPhone 8 ရဲ့ starting price နဲ့ ယှဉ်ရင် iPhone SE ၏ $399 ဆိုတယ့် စျေးဟာ ဖြစ်သင့် သလောက် ထိုက်တန်မှု အပြည့်ဝ ရှိတယ့် “စျေး”လို့ ဆိုလို့လည်း သင့်တော် ပါတယ်။ နောက်ဆုံး ရောင်းချခဲ့တယ့် iPhone 8 ရဲ့ $469 နဲ့ ယှဉ်လိုက်ရင် SE ရဲ့ organs တွေဟာ တကယ် အရသာ ရှိပြီး မက်လောက် စရာပါပဲ။
ကောင်းပြီ iPhone 8 နဲ့ SE က တူတူပဲမို့ ဆိုရင် iPhone 8 Plus ကို Apple က ဘာကြောင့် kill ရပြန် တာလဲ?

အဖြေက ရိုးတာ ထက်ပိုပါတယ်။ iPhone 8 Plus ရဲ့ Dual camera နဲ့ လုပ်ဆောင်ချက် တွေ ဖြစ်တယ့် အဓိက Portrait mode ဟာ iPhone SE ရဲ့ Camera တစ်လုံးနဲ့ စွမ်းဆောင် နိုင်လို့ပါပဲ။ source တွေအရ တိကျ မပြောနိုင် ပေမယ့် iPhone SE မှာ iPhone XR ရဲ့ hardware camera ကို ပိုင်ဆိုင် ထားပြီး XR ထက် ကောင်းတယ် camera software performance ကိုတောင် ရရှိထား ပါသေးတယ်။ ဒါတွေ အားလုံးဟာ A13 ရဲ့ ကျေးဇူး တွေပါ။

iPhone 8 မှာ Fingerprint & home button ဆက်လက် ပါဝင်ပြီး wireless charging နှင့်အတူ iPhone 11 series ရဲ့ A13 Chip, WiFi 6 & Gigabit အဆင့်ရှိ LTE Network, Storage capacity အနေနဲ့ ကတော့ 64GB,128GB & 256GB ဆိုပြီး ပဲ ရရှိ သွားမှာပါ။

“ကျွန်တော့် အတွက်တော့..
iPhone SE က ထွက်တော့မယ့် အချိန်မှာပဲ iPhone 8 series က ရပ်ဆိုင်း ပြစ်လိုက်တယ် ဆိုတာ Apple က iPhone SE ဟာ iPhone 8 ပါပဲ ဆိုတာ ရိုးရှင်းစွာ ဝန်ခံလိုက် သလိုပါပဲ။”

ရေးသားသူ-Kaung Myat Phone Kyaw
(iOS Banker Myanmar)
CultofMac မှ သတင်း ရယူပါသည်။

15 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။