05/29/2020

iPhone 11 Pro ၏ Night Mode ကို iPhone XS , iPhone X နှင့် iPhone 8 တို့ပေါ်ကနေ အသုံးပြုနည်း

1K Shares

Apple ဟာ iPhone တွေအတွက် Night Mode ဆိုတဲ့ လှပတဲ့ Feature လေးကို ထည့်ပေးလာပါတယ် ။ အခြားသော Samsung , Huawei တို့ ၊ Google ရဲ့ Night Sight Mode တွေထက်လည်း သာတဲ့ Mode ပေါ့ ။ ဒါပေမယ့် ဒီ Night Mode ကို iPhone 11 , iPhone 11 Pro နဲ့ iPhone 11 Pro Max တို့အတွက်ပဲ ရရှိတာပါ ။ တကယ်ဆို iPhone XR , iPhone XS , iPhone X , iPhone 8 နဲ့ iPhone 7 တို့ကလည်း Night Mode လို Feature မျိုးကို ကောင်းကောင်း လုပ်ဆောင်နိုင်တာပဲဟာ ။ အခုတော့ Apple က iOS 13 မှာ သူတို့အတွက် Built-in အဖြစ် မထည့်ပေးလိုက်ပါဘူး ။

ဒီတော့ iPhone 11 တွေရဲ့ Night Mode လိုမျိုး Feature ကို ကျန်တဲ့ iPhone Series တွေအတွက် ကျနော်တို့က Third-Party App ကို အသုံးပြုရပါမယ် ။ ဒီအတွက် Neural Cam ဆိုတဲ့ Camera App ကောင်းကောင်းလေး ရှိနေပါတယ် ။ မိမိအသုံးပြုနေတဲ့ iPhone အမျိုးအစားတွေပေါ် မူတည်ပြီး Low-Light အနည်းဆုံး အနေအထားတွေမှာတောင်မှ အကောင်းဆုံးသော ပုံတွေကို ရရှိဖို့ ကူညီပေးနိုင်ပါတယ် ။ အံ့အားသင့်လောက်စရာပေါ့ဗျာ ။

Neural Cam ဟာ Telephoto , Ultra-Wide Angle နှင့် Front Camera Sensor တို့ကို ကောင်းကောင်း Support လုပ်ပါတယ် ။ အသုံးပြုနေတဲ့ iPhone ပေါ်မှာ မူတည်ပြီး ဓါတ်ပုံရိုက်တဲ့အခါ အချိန်အနည်းငယ်တော့ ကြာပါမယ် ။ နောက်ဆုံးထွက်ရှိလာတဲ့ ပုံရဲ့ ရုပ်ထွက်ကလည်း အသုံးပြုနေတဲ့ iPhone ပေါ်မှာပဲ မူတည်ပြီး ကွာဟမှု ရှိပါမယ် ။ ဘာလို့ ဒီလို ပြောရသလဲဆိုတော့ Neural Cam App ဟာ iPhone XS တို့ပေါ်က 12MP ဖြင့် ရိုက်ထားတဲ့ ပုံတွေနဲ့ ပိုမို သင့်လျော်မှု ရှိနေလို့ပါပဲ ။ ကျန် Older iPhones တွေနဲ့ ရိုက်တဲ့အခါမှာတော့ ထွက်လာတဲ့ ပုံရဲ့ ရုပ်ထွက်တွေက အနည်းငယ်တော့ ကျနေပါလိမ့်မယ် ။

iPhone 11 Pro ၏ Night Mode ကို iPhone XS , iPhone X နှင့် iPhone 8 တို့ပေါ်ကနေ အသုံးပြုနည်း

Step 1: Neural Cam ($4.99) ကို ဒေါင်းလုတ်ဆွဲပါ ။

Step 2: App ကို ဖွင့်ပြီး မိမိရိုက်မယ့် မြင်ကွင်းကို ချိန်ပြီး Shutter ခလုတ်ကို နှိပ်ပါ ။ Screen ပေါ်မှာ ရိုက်ယူနေတဲ့ Capturing Circle အဝိုင်းလေး လည်နေတာပြီးသည်အထိ နှိပ်ထားဖို့ လိုပါတယ် ။ ဒါပဲလေ … ရိုးရိုးလေးပဲဟာ ။

Selfie Camera ကို ချိန်းပြီးလည်း Low-Light အနေအထားမှာပါ ပုံကောင်းတွေ ရရှိဖို့ Neural Cam App က ကူညီနိုင်ပါသေးတယ် ။

ကျနော်ပြောတာ မယုံလို့ ထွက်လာတဲ့ Results တွေကို အောက်မှာ Check ကြည့်လို့ ရပါသဗျ ။

iPhone XR ပေါ်ကနေ Built-in ပါလာတဲ့ Camera App ကို အသုံးပြုပြီး ရိုက်ထားတဲ့ ပုံပေါ့ ။

iPhone XR ပေါ်ကနေ Neural Cam ကို အသုံးပြုပြီး ရိုက်ထားတဲ့ ပုံပေါ့ ။

အချို့အခြေအနေမှာတော့ Neural Cam ရဲ့ Results တွေဟာ အနည်းငယ် ပိုမှောင်နေတာ ၊ ပိုမိုလင်းနေတာမျိုး ကြုံတွေ့ရနိုင်ပါတယ် ။ ဒါပေမယ့်လည်း Neural Cam ရဲ့ Developer တွေက App ကို တိုးတက်မှု ရှိလာအောင်နဲ့ ပိုမိုကောင်းမွန်တဲ့ Results တွေ ထွက်လာဖို့အတွက် အမြဲတစေ လုပ်ဆောင်လျှက် ရှိနေကြပါတယ် ။

[ Ref : Rajesh Pandey ]
[ Ref : Neural Cam App ]

Wish all peace.

@ZN

13 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၈ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၆ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။