iPhone တွေအတွက် iOS 13 ၏ အကောင်းဆုံး Features များ

1162

iOS 13 ကို စတင်မိတ်ဆက်လိုက်ကထဲက မျက်စိထဲ တန်းပြီး တိုးဝင်လာတာကတော့ Dark Mode ပါပဲ ။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး ။

Apple ၏ ကိုယ်ပိုင် Apps အချို့ရဲ့ ဒီဇိုင်းအတော်များများကို အသစ်ပြုလုပ်ထားပါတယ် ။ Privacy နဲ့ပါတ်သက်လို့ ပိုမို Control လုပ်လို့ ကောင်းလာပါတယ် ။ အချို့ Features အသေးလေးတွေကိုတော့ မပြောပြတော့ပါဘူး ။ အခု ဒီပို့စ်မှာတော့ iOS 13 ရဲ့ အကောင်းဆုံးလို့ ပြောလို့ရတဲ့ New Features တွေ အကြောင်းကိုပဲ ပြောပြပါမယ် ။

1. System-Wide Dark Mode

Dark Mode နဲ့ iOS 13 ဟာ ကြည့်ရတာ သိပ်ကို လှပနေပါတယ် ။ Dark Stock Apps တွေဖြစ်တဲ့ Dynamic Wallpaper , Dark Lockscreen , Dark Widgets တို့လည်း ပါဝင်ပါဦးမယ် ။

Dark Mode ကို Control Center ( or ) Sunset Time ကို အခြေခံပြီး Scheduled အနေဖြင့်လည်း Turn On လုပ်နိုင်ပါမယ် ။ Dark Mode ကို Enabled လုပ်ပြီးတာနဲ့ Applications တွေအပါအဝင် အရာအားလုံးမှာ Dark Mode ဖြစ်သွားမှာ ဖြစ်ပါတယ် ။ Third-Party Developers တွေကသာ သူတို့ရဲ့ Apps တွေကို iOS 13 နဲ့ ကိုက်ညီအောင် ပြုလုပ်ပေးပြီးရင်တော့ Third-Party Apps တွေမှာပါ Dark Theme ကို အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ် ။

2. Redesigned Photos App

Apple ဟာ Photo Viewing နဲ့ Editing အတွေ့အကြုံတွေကို ပိုကောင်းမွန်လာအောင်လို့ Redesigned လုပ်ပေးလာပါတယ် ။ ပထမဆုံး Photos ပေါ်မှာ Focus လုပ်တဲ့အခါ Dark Mode ကြောင့် သိပ်ကို လှပါတယ် ။

Photos ထဲမှာလည်း Days , Months & Years ဆိုပြီး Sub Tabs တွေကို တွေ့ရပါမယ် ။

အကောင်းဆုံးကတော့ Photos Edit Features ဟာ ပိုကောင်း ပိုပြည့်စုံလာတာပါပဲ ။

3. Brand new Reminders App

Reminders App ဟာ အလုံးစုံ Redesigned လုပ်လာတာပဲ ဖြစ်ပါတယ် ။ Natural Language ကို Support လုပ်လာပါပြီ ။

အခု Reminder ထဲမှာ စရိုက်လို့ ရပါပြီ ။ Date , Time & Place တို့ကို အလိုအလျှောက် Reminder က စီစဉ်ပေးသွားပါလိမ့်မယ် ။

ဒါမှမဟုတ် New Toolbar ထဲကနေ Time , Date , Location , Flags , Photos & Scan Documents တို့ကို ထည့်သွားလို့လဲ ရပါတယ် ။

Smart Lists Feature ကနေပြီး Flagged , Scheduled & Today တို့အပေါ်မှာ အခြေခံပြီး Reminders နဲ့ Groups တို့ကို အလိုအလျှောက် Organizes လုပ်ပေးသွားပါလိမ့်မယ် ။

4. Sign in With Apple

New Website or Service တို့ကို Log in ဝင်တဲ့အခါ ကိုယ့်ရဲ့ Privacy ကို ကာကွယ်ဖို့ Apple ၏ Genius Way ဖြစ်တဲ့ Sign in With Apple ပဲ ဖြစ်ပါတယ် ။ Sign in With Apple ခလုတ်ကို အသုံးပြုဖို့ ရွေးချယ်လိုက်ပြီဆိုတာနဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်ရဲ့ Personal Data တွေကို ယူလို့ မရနိုင်တော့ပါဘူး ။ ” No Name , No Email , No Phone Number ” ပါတဲ့ ။ Face ID နဲ့ ဖွင့်မှသာ ဝင်လို့ ရပါမယ် ။

အကယ်၍ Application က သင့်ရဲ့ Email ကို လိုအပ်လာပြီဆိုရင် သင့်ရဲ့ Real Email Address ကို Hide လုပ်ဖို့ Choose လုပ်နိုင်ပါမယ် ။ ဒီနေရာမှာ Apple က ကျပန်း Email Address တစ်ခုကို အလိုအလျှောက် ဖန်တီးပေးသွားပြီး Application ဆီသို့ ပေးပါလိမ့်မယ် ။ ပြီး သင့်ရဲ့ Real Email ဆီသို့ Forward လုပ်ပြီး ပို့ပေးပါလိမ့်မယ် ။

5. Better Privacy Controls for Location Access

Apple ဟာ Location Allow ကို စိတ်ကြိုက် သတ်မှတ်ခွင့် ပြုလိုက်ပါပြီ ။ While in use , Allow once , ဒါမှမဟုတ် Ever ဆိုပြီး သင့်မှာ ရွေးချယ် သတ်မှတ်ပေးခွင့် ရှိလာပါပြီ ။

Background မှာ Application က Location Data ကို အသုံးပြုတော့မယ်ဆိုရင် Apple က Alerts တစ်ခု သင့်ဆီ ပို့ပေးပါလိမ့်မယ် ။ နောက်ပြီး Apple ဟာ သင့်ရဲ့ Current Location ကို ဆွဲယူ အသုံးပြုခြင်း မရှိနိုင်စေရန်အတွက်လည်း Bluetooth နဲ့ WiFi Devices တွေရဲ့ Metadata Accessing လုပ်တာကိုလည်း Blocking လုပ်ပေးထားပါသေးတယ် ။

6. New Maps Features

Maps App မှာ Street View လိုမျိုး Feature ကို ထည့်ပေးလာခဲ့ပါပြီ ။

7. Siri Improvements

Siri ၏ Voice ဟာ အသစ်ဖြစ်သလို တိုးတက်မှုတွေလည်း ရှိလာပါပြီ ။ နားထဲမှာ ပိုမိုပြီး Smoother & Easier ဖြစ်ဖို့ လုပ်ပေးလာပါတယ် ။ Siri ဟာ AirPods တွေနဲ့ ပိုပြီး ကောင်းကောင်း အလုပ်လုပ်လာပါတယ် ။ Messages ဝင်တဲ့အခါ Siri က အလိုအလျှောက် ဖတ်ပေးပြီး Reply လုပ်တာတွေကိုလည်း သင်ရွေးချယ်လို့ ရပါမယ် ။

Siri ဟာ HomePod ပေါ်မှာလည်း ကောင်းမွန်မှုတွေ ရှိလာပါပြီ ။ Multiple Users တွေကို မှတ်မိသိရှိလာပါပြီ ။ Multi User မှာလည်း Musics , Notes , Calenders , Reminders အစရှိသည်တို့ကို Support လုပ်လာပါပြီ ။

8. Memoji Everywhere

Memoji မှာလည်း Creation အမျိုးမျိုးကို ပြုလုပ်လာနိုင်ပါပြီ ။ Hairstyles , Headwear , Makeup , Piercings & Accessories အစရှိသည့် Features အသစ်တွေ ပါလာပါပြီ ။

ဒါပေမယ့် တကယ့်အကောင်းဆုံး အပိုင်းကတော့ New Memoji Stickers တွေကို မည်သည့်နေရမှာမဆို အသုံးပြုလို့ ရလာတာပဲ ဖြစ်ပါတယ် ။ A9 Chip ကနေ အမြင့်ပိုင်း Chips တွေ အသုံးပြုထားသည့် Devices အားလုံးရဲ့ Messages App မှာ Memoji ကို Create လုပ်နိုင်ပါပြီ ။ Memoji တစ်ခုကို Create လုပ်လိုက်တာနဲ့ Apple က Sticker Pack ကိုပါ အလိုအလျှောက် Create လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ် ။ အဆိုပါ Sticker App ကို Stock Keyboard ထဲကို တိုက်ရိုက် ထည့်သွင်းပေးသွားမှာဖြစ်ပြီး Messages App ထဲမှာလည်း အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ် ။ Whatsapp နဲ့ WeChat တို့လိုပေါ့ ။

9. An Upgraded CarPlay Experience

Apple ဟာ iOS 13 မှာ CarPlay ကို Redesigned ပြန်လုပ်ထားပါတယ် ။ Dashboard မြင်ကွင်းမှာ ( ၃ ) ခု တွေ့ရပါမယ် ။ Music Controls & Suggested Actions ကို ညာဖက်ခြမ်းမှာ တွေ့ရမှာဖြစ်ပါတယ် ။ Dark Mode မှာဆို New Calender App ကိုပါ ရရှိပါမယ် ။

Siri ဟာ CarPlay ပေါ်မှာ Waze & Pandora တို့လိုမျိုး Third-Party Apps တွေနဲ့ ကောင်းကောင်း အလုပ်လုပ်လာပါပြီ ။

10. New Volume and Silent Mode HUD

နောက်ဆုံးမှာတော့ Apple ဟာ Volume HUD နဲ့ Ringer HUD တို့ကို Redesigned လုပ်ပေးလိုက်ပါပြီ ။ အခုဆို Volume Indicator ကို ဘယ်ဖက်အပေါ်မှာ ပြသပေးမှာ ဖြစ်ပါတယ် ။ ပထမတစ်ကြိမ် နှိပ်စဉ်မှာ Volume HUD အကြီးနဲ့ ပြမှာဖြစ်ပြီး ဆက်နှိပ်သွားတဲ့အခါမှာတော့ Volume HUD က မူလထက် သေးသွယ်သွားမှာပဲ ဖြစ်ပါတယ် ။

Silent Mode HUD ကလည်း အပေါ်ကနေ Pill-shaped လေးအဖြစ် အောက်ကို ကျလာမှာပဲ ဖြစ်ပါတယ် ။

11. Real Automation in Shortcuts

Shortcuts App မှာတော့ ထူးထူးခြားခြားနဲ့ ကြီးကြီးမားမား ပြောင်းလဲသွားတာမျိုး မရှိပါဘူး ။

ဒါပေမယ့် မပြောင်းလဲဘူးသာ ပြောရတာ Shortcuts ရဲ့ အကောင်းဆုံး အပိုင်းကတော့ New Automation Tab ပါပဲ ။ Shortcuts မှာ Real Automation ပါလာလို့ပဲ ဖြစ်ပါတယ် ။ အရင်က Shortcut တစ်ခုကို User အနေဖြင့် Manually ထည့်သွင်းပေးရတာပဲ ဖြစ်ပါတယ် ။ အခုတော့ နေရာနဲ့ အချိန်တွေပေါ် အခြေခံပြီး အလိုအလျှောက် Shortcuts ခလုတ်တစ်ခုအဖြစ် Shortcuts က Set Up လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ် ။

NFC ကိုပါ Support လုပ်လာပါတယ် ။ Apple Home App နဲ့လည်း ပေါင်းစည်းထားပါတယ် ။

12. Better Health App

သင့်ရဲ့ Health & Fitness နဲ့ ပါတ်သက်တဲ့ Activity တွေကို Highlights အဖြစ် ဖော်ပြတာတွေကို Health App မှာ Redesigned လုပ်ပေးလာပါပြီ ။ အောက်ကို Scroll Down ဆင်းကြည့်ရင် ထိပ်ဆုံးမှာ သင့်ရဲ့ Favorite Data ကို တန်းမြင်ရပါလိမ့်မယ် ။

Search Button ကို နှိပ်ပြီး အခြား Features တွေကို Switch လုပ်နိုင်ပါတယ် ။ Cycle Tracking Feature အသစ်လည်း ပါဝင်လာပါတယ် ။ ဒါကတော့ မိန်းကလေးတွေအတွက်ပဲ ဖြစ်ပါတယ် ။

13. Safari Gets a Real Download Manager

ဘာလို့ Safari မှာ Download Manager မထည့်ပေးရလဲဆိုပြီး အမြဲတွေးနေခဲ့မိတာ ။ အခုတော့ Apple က Download Manager ကို Safari မှာ ထည့်ပေးလိုက်ပါတယ် ။ Files App ထဲကို တိုက်ရိုက် Download ဆွဲနိုင်ပါပြီ ။

Download ဆွဲမယ့် Links ကို ဖွင့်လိုက်တာနဲ့ Download ဆွဲမလားဆိုတဲ့ Popup လေး ပေါ်လာပါလိမ့်မယ် ။ Download လေးကို နှိပ်လိုက်ရုံပါပဲ ။

14. Share Sheet Is Much Improved

အခု iOS မှာ Share Section ဟာ အလွန်တိုးတက်လာပါပြီ ။ Sharing လုပ်ဖို့အတွက် Suggestion မှာ iMessages နဲ့ AirDrop တို့ကိုပါ ထည့်သွင်းပေးလာပါပြီ ။

အောက်မှာလည်း Scrolling Down လုပ်သွားပါက Default အနေဖြင့် Available Actions တွေကို မြင်တွေ့ရပါမယ် ။

15. iOS 13 Solves Little Annoyances

iOS 13 မှာ One Handed ဖြင့် အသုံးပြုနိုင်သည့် Gestures တွေကို iPhone ပေါ်မှာ အသုံးပြုလို့ ရပါပြီ ။

iOS 13 Audio with two AirPods

iPhone တစ်လုံးထဲဖြင့် AirPods ( ၂ ) ခုကို Sync လုပ်ပြီး တပြိုင်နက် Musics ကို Play လုပ်နိုင်လာပါပြီ ။

ဒါကတော့ iPhone တွေအတွက် iOS 13 ၏ အကောင်းဆုံးသော Features တွေပဲ ဖြစ်ပါတယ် ။

Via Khamosh Pathak ( iPhoneHack )

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
855 Shares