05/25/2020

iPhone တွေရဲ့ Battery Health ကျခြင်း အကြောင်း

2K Shares

အားလုံးပဲမင်္ဂလာပါခင်ဗျာ

မိတ်ဆွေက iPhone အသုံးပြုတဲ့သူဖြစ်ပါသလား? ဒါဆိုရင်တော့ အခု ကျနော်တို့ရေးထားတဲ့ ဒီပို့စ်လေးကိုသေချာလေးဖတ်ပေးပါလို့ အရင်ဦးဆုံး မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ ဒီပို့စ်လေးဖတ်ပြီးသွားရင်တော့ မိတ်ဆွေအတွက် အကျိုးထူးအနေနဲ့ Apple နှင့် Battery Health ကျခြင်းအနုပညာ ကို နားလည်ခံစားတတ်သွားမှာ အမှန်ပါခင်ဗျာ။

စလိုက်ရအောင်ခင်ဗျ Apple ဟာ iOS 11.3 နောက်ပိုင်းမှာ စတင်ထည့်သွင်းလာတဲ့ Battery Health ဆိုတဲ့ Features ဟာ တဖက်ကကြည့်ရင်လည်း ကို့ဖုန်းအတွက် အရမ်းကိုအသုံးဝင်တဲ့ Features တစ်ခုအဖြစ် ကောင်းပေမယ်လို့တစ်ချို့လူတွေအတွက်ကတော့ တကယ့် Psycho ကြီးတစ်ခုလိုဖြစ်နေမယ်ထင်ပါတယ်။

Apple iPhone အသစ်တိုင်းဟာ စဝယ်ပြီဆိုတာနဲ့ Battery Health မှာ 100% အပြည့်ပါပါတယ်။ ဒါကိုမိတ်ဆွေတို့လည်း သိပြီးသားဖြစ်မှာပါ။ အဲ့ဒီ 100% ကနေ တဖြေးဖြေးနဲ့ 80% အောက်ရောက်ပြီဆိုရင်တော့ Battery Replacement လုပ်ဖို့ Apple က ပြောထားပါတယ်။ တကယ်လည်း Battery Replacement ပြုလုပ်သင့်တဲ့အနေအထားတစ်ခုရောက်နေပြီဖြစ်ပါတယ်။

ကျနော်တို့ Battery Cycle Count အနေနဲ့တွက်ကြည့်မယ်ဆိုရင် Cycle Count 500 ပြည့်ပြီးရင် Battery Replacement လုပ်ဖို့အတွက် Apple က ညွှန်ကြားထားတာဖြစ်ပါတယ်။ Battery Cycle Count ကို ဘယ်လိုတွက်တာလည်းဆိုတော့ဥပမာမိမိ iPhone မှာ Battery 50% ပဲရှိတော့လို့ အားသွင်းလိုက်တယ်ဆိုပါစို့။ အဲ့ဒီ 50% ကနေ 100% ပြည့်သွားတယ်ဆိုရင် 0.5 Cycle Count လို့သတ်မှတ်တာဖြစ်ပြီးတော့ Battery 50% + 50% နှစ်ခါသွင်းမှသာ Cycle Count 1 လို့သတ်မှတ်တာဖြစ်ပါတယ်။ ဆိုတော့ 20% + 20% + 20% + 20% + 20% = 100% ကိုမှ 1 Cycle Count လို့တွက်တာဖြစ်ပါတယ်။

ဒါကြောင့် 500 Cycle Count ဟာ 20% နဲ့ညီမျှတာကြောင့် (၂၅) ကြိမ်အားအပြည့်သွင်းပြီးတဲ့အချိန်တိုင်းက 1 Cycle Count ဖြစ်နိုင်ပါတယ်။ ဒီအရေအဝွက်ဟာ မိမိတို့ ဖုန်း Model အမျိုးအစားနဲ့ ပြင်ပ ရာသီဥတုအခြေအနေ/ အပူချိန်အပေါ်မှာလည်း အဓိကမူတည်ပါသေးတယ်ခင်ဗျာ။

ဒါကြောင့် ပုံမှန်အားဖြင့် iPhone တလုံးဟာ တစ်ရက်ကို တစ်ကြိမ်အားသွင်းရတယ်ဆိုရင် တစ်လကို အနည်းဆုံးအကြိမ် (၃၀) အားသွင်းရမှာပါ။ ဆိုတော့ 1% ခန့်မှန်းနှုန်း ရှိပါတယ်။ အဲ့ဒီနှုန်းထားနဲ့ဆိုရင် Battery ကို ()  နှစ်ကနေ () နှစ်အသုံးပြုပြီးတာနဲ့ Battery Replacement လုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။

အဲ့ဒီလိုပဲ မိတ်ဆွေက တစ်နေကုန်နီးပါး ဖုန်းအမြဲကိုင်နေတဲ့သူ/ အသုံးပြုနေတဲ့သူဆိုရင် တစ်ရက်ကို ပျမ်းမျှအနည်းဆုံးတော့ () ကြိမ်အားသွင်းရမှာပါ။ ဒါကြောင့် တစ်လကို အကြိမ် (၆၀) ခန့်ဖြစ်ပြီးတော့ 2% ဝန်းကျင်ဖြစ်ပါတယ်။ တကယ်လို့ မိတ်ဆွေက iPhone နဲ့ Game မကြာမကြာဆော့တတ်တဲ့သူဖြစ်ဖြစ်၊ Gamer ပဲဖြစ်ဖြစ်ဆိုရင်တော့ ဝယ်ယူပြီး (၁၈) လနေရင် Battery Replacement လုပ်ရမှာဖြစ်ပါတယ်ခင်ဗျာ။

တချို့လည်း ရှိကြမှာပါ။ ကျနော့်သူငယ်ချင်းဖုန်းက ဝယ်ထားတာ 100% အပြည့်ပဲ၊ မကျသေးဘူး၊ ကျနော့်ဖုန်းကျတော့ 90% ~ 95% ဖြစ်သွားတယ်ဆိုတာမျိုး ရှိနိုင်ပါတယ်။ ကျနော်တို့ ကြုံတွေ့ရသလောက်/ လေ့လာကြည့်သလောက် iPhone တစ်လုံးနဲ့တစ်လုံးက Battery Health ကျတာ မတူကြပါဘူး။ အဓိကတော့ အသုံးပြုပုံခြင်း ကွာကြလို့ပါ။

တစ်ချို့က Battery Charging လုပ်ရင်းနဲ့ ဖုန်းသုံးပါတယ်/ Games ဆော့ပါတယ်။ အဲ့ဒါက Battery Health ကို ခပ်မြန်မြန်ကျစေပါတယ်။ နောက်ပြီးတော့ မိမိဖုန်းရဲ့ Original Charging တွေနဲ့မဟုတ်ပဲ ကြုံရင်ကြုံသလို လိုအပ်လာတဲ့အခါ တွေ့တဲ့ Charger တစ်ခုခုနဲ့ အလွယ်တကူအားသွင်းခြင်းဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ ဖုန်းအားကို 20% အောက်ကို ခဏခဏလျော့အောင် သုံးပြီးတော့။ အားကုန်တဲ့ထိထားပြီးအသုံးပြုတာမျိုးကလည်း Battery Health ကို လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန် ကျစေတဲ့ အဓိကအချက်တွေထဲမှာပါပါတယ်ခင်ဗျာ။

အခုလို ရာသီဥတုပူတဲ့အချိန်မှာ iPhone တွေမှာ Battery Security အတွက် ပူနေပြီဆိုရင် အားသွင်းတဲ့အခါ 80% ထက်ပိုပြီး သွင်းမရပါဘူး။ အဲ့ဒါကို တစ်ချို့က Error လို့ထင်နေတာမျိုးတွေလည်းရှိပါတယ်။ တကယ်တော့Apple က သူ့ရဲ့ Battery တွေကို အထက်မှာပြောသလို မြန်မြန်မပျက်အောင်လို့ Optimized လုပ်ပေးထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်ခင်ဗျာ။

ကဲဒီလောက်ဆိုရင် မိတ်ဆွေတို့အနေနဲ့ Battery Health ကျတာ တစ်ယောက်နဲ့တစ်ယောက် မတူတာတွေ၊ Battery Cycle Count တွက်တာ ဘယ်လိုဆိုတာတွေ၊ ရာသီဥတုပူလာရင် ဖုန်းတွေလည်း ပူလာတတ်သလို iPhone တွေမှာဆိုရင် 80% ထက်ပိုပြီး အားသွင်းလို့မရတော့တာမျိုးတွေ၊ Battery Health ကျခြင်း/ မကျခြင်းဟာ ပုံမှန်ဖြစ်တဲ့အကြောင်းနဲ့ အရမ်းကြီးစိုးရိမ်စရာ မရှိလောက်တော့ဘူးလို့ ထင်ပါတယ်ခင်ဗျာ။

Win Mobile World မှကူးယူဖော်ပြပါသည်။

9 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။