Home Knowledge iPhone ကို Restart / Hard Reset / Reboot လုပ်နည်း

iPhone ကို Restart / Hard Reset / Reboot လုပ်နည်း

2428









ကိစ္စက ရှိလာပြီဗျ ။






စတွေးလာပြီ ။







ကဲ ကြာတယ် လုပ်ကြမယ် ။



ဟုတ်ကဲ့ ။



No .. No …

လိုအပ်ပါသေးတယ် ။






iPhone 7 / 7 Plus မှာတော့ …










********************************************

********************************************

{ Unicode } 

ဒီတစ်ခါ Knowledge Sharing ပေးချင်တာကတော့ဗျာ ။ iPhone တွေကို Reboot လို့လဲခေါ်တယ် ၊ Hard Reset လို့လဲခေါ်တယ် ၊ အဲ Restart လို့လဲ ခေါ်ကြတဲ့ဟာကို လုပ်တဲ့နည်းဗျာ ။ 

ဒါကတော့ ဒုတိယအကြိမ်မြောက် Edit ပြန်လုပ်ပြီး တင်ပေးတဲ့ Post ပဲ ဖြစ်ပါတယ်ဗျ ။ လက်ရှိ ရက်ပိုင်းအတွင်းမှာ ထွက်ထားတဲ့ iPhone XS နဲ့ iPhone XS Max တို့ကို Restart လုပ်တဲ့နည်းကိုပါ ထည့်ပေးလိုက်ပါတယ်ဗျာ ။

ဘယ်လိုအချိန် ဘယ်လိုနေရာမျိုးတွေမှာ ခင်များတို့ ၊ ကျနော်တို့ရဲ့ iPhone တွေကို Reboot လုပ်ဖို့ လိုအပ်နေတာလဲ ??

ဂိမ်းတွေကို မနားတမ်း တစ်ဆက်ထဲ ဆော့မယ်ဗျာ ။

fb ကို တစ်မနက်လုံး ၊ တစ်ညလုံး မနားမနေ ထိုင်ပွတ်နေမယ်ဗျာ ။

ဒါမှမဟုတ် Movies တွေ တစ်ကားပြီးတစ်ကား ဒေါင်းလုတ်ဆွဲနေမိတယ်ဗျာ ။

တစ်နေ့တစ်ရက်ထဲက ကိစ္စမရှိပေမယ့် ။

နေ့စဉ်ရက်ဆက် ဆိုရင်တော့ …

ကိစ္စက ရှိလာပြီဗျ ။

နည်းနည်းဟမ်းချင်လာပြီ ။

Loading တွေ ဆွဲချင်လာတယ် ။

စိတ်ထဲမှာလဲ အရင်လို စိတ်တိုင်းမကျသလိုမျိုး ခံစားလာရတော့မယ် ။

မပေါ့တော့ဘူးလို့ ထင်လာပြီ ။

Reset လုပ်လိုက်ရင် ကောင်းမလား ?

စတွေးလာပြီ ။

အမှန်က Reset လုပ်ဖို့ အခြေအနေအထိ မရောက်သေးဘူးဗျ ။

ဒီပြဿနာက Reboot လုပ်လိုက်ရုံနဲ့တော့ Errors Clear ဖြစ်တယ် ။

အဲ .. iOS Version အသစ် တင်ပြီးလို့ လိုအပ်တဲ့ ဆော့ဝဲလ်အချို့ကို install လုပ်ပြီးသွားရင်လည်း ဒီနည်းလမ်းလေးနဲ့ပဲ Restart လုပ်လိုက်သင့်ပါတယ်ဗျ ။

ကဲ ဒီတော့ လုပ်ကြည့်ကြမယ်ဗျ ။

မလုပ်ခင် ဒီနေရာမှာ အကြံပေးချင်တာက ဘာပြဿနာ တစ်စုံတစ်ရာမှ မရှိ ၊ မတက်ဘူး ဆိုတဲ့ သူများကလည်း တစ်လမှာ ( ၂ ) ကြိမ်လောက်တော့ Reboot လုပ်သင့်တယ်ဗျ ။

မနားတမ်း အချိန်ပြည့် Run နေခဲ့ရတဲ့ ကိုယ့်အချစ်တော် အိုင်ဖုန်းလေးထဲက CPU တို့ ၊ Ram တို့ ၊ အခြားသက်ဆိုင်ရာ နည်းပညာပစ္စည်းတွေကို Refresh ဖြစ်ဖို့ Reboot လုပ်ပေးပါမှ သူလဲ သူ့အစွမ်းအစကို အပြည့်အဝ ထုတ်ပေး ၊ ထုတ်ပြနိုင်မှာပေါ့ ဟုတ်ဖူးလားဗျ ။

ကဲ ကြာတယ် လုပ်ကြမယ် ။

iOS 10 အထိ Reboot လုပ်ဖို့ iOS မှာ built-in မပါလာသေးပါဘူး ။ အဲဒီအတွက် Apple က ဖြေရှင်းပေးထားခဲ့တာကတော့ Physical Button လို့ ခေါ်တဲ့ ခလုတ်လေးတွေကို နှိပ်ပြီး Reboot လုပ်တဲ့ နည်းပါပဲ ။

ဒါဖြင့် iOS 11 မှာကျတော့ Physical Button တွေ နှိပ်စရာ မလိုတော့ဘူးပေါ့ ?

ဟုတ်ကဲ့ ။

Assistive Touch ကနေ Restart ကို လွယ်လင့်တကူ လုပ်ပေးလို့ ရနေပါပြီ ။

ဒါဆို ဒီခလုတ်တွေ နှိပ်ပြီး လုပ်ဖို့ မလိုတော့ဘူးပေါ့ ?

No .. No …

လိုအပ်ပါသေးတယ် ။

တစ်ခါတရံ Assistive Touch ကို မပြောနဲ့ ၊ Touch Screen ကို ထိတာ ၊ ဖိတာကိုတောင် မသိတဲ့ ဟမ်းနေတာမျိုး iPhone အချို့မှာ ဖြစ်တတ်ပါတယ် ။

ဒီလိုအချိန်မျိုးမှာ Restart / Hard Reset / Reboot လုပ်ဖို့အတွက် ဒီခလုတ်တွေကို နှိပ်တတ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ် ။

ကဲ .. Save ထားလိုက်ကြတော့ဗျာ ။

အရင်ထွက်ခဲ့တဲ့ iPhone Series အဟောင်းတွေကနေ iPhone 6S / 6S Plus အထိကို …

Home Button + Power Button ကို တပြိုင်ထဲ နှိပ်ထားပြီး ၊ Apple Logo ပန်းသီးပဲ့လေးပေါ်လာမှ နှိပ်ထားတာကို လွှတ်ပေးလိုက် ရပါမယ် ။ သူ့ကိစ္စ သူလုပ်ပြီးလို့ ပြန်တက်လာရင် Reboot လုပ်ငန်းစဉ် ပြီးသွားပြီ ဖြစ်ပါတယ် ။

iPhone 7 / 7 Plus မှာတော့ …

Volume Down + Power Button ကို တပြိုင်ထဲ နှိပ်ထားပြီး ၊ Apple Logo လေး ပေါ်လာမှ ခလုတ်တွေကို လွှတ်ပေးပါ ။ ဒါဆို Rebooting စလုပ်ပါပြီ ။

iPhone 8 / 8 Plus / X တို့မှာတော့

Volume Up ကို တစ်ချက်နှိပ် ၊ ပြီး Volume Down ကို တစ်ချက်နှိပ် ၊ ပြီးတာနဲ့ Power Button တစ်ခုထဲကိုပဲ နှိပ်ထားပေတော့ ။ Slide to power off စာတန်းပေါ်လာရင်လဲ Power Button ကို မလွှတ်ပဲ ဆက်သာ နှိပ်ထား ။ နောက်ဆုံး Apple ရဲ့ Logo လေးပေါ်လာတော့မှ ခလုတ်ကို လွှတ်ပေးလိုက်ပေတော့ ။ 

ဒါဆို Reboot ဖြစ်သွားပါလိမ့်မယ် ။

iPhone X မှာ လုပ်ရသလိုပါပဲ ။ 

iPhone XS နဲ့ iPhone XS Max မှာ လုပ်ရမယ့် နည်းကလေ ။ Volume Up ကို တစ်ချက်နှိပ် ။ ပြီး Volume Down ကို တစ်ချက်နှိပ် ။ ပြီးတာနဲ့ Power Button ကိုပဲ နှိပ်ထားလိုက်ပေတော့ ။ Slide to power off စာတန်းပေါ်လာရင်လဲ Power Button ကို မလွှတ်ပဲ ဆက်သာ နှိပ်ထား ။ Apple ရဲ့ Logo လေး ပေါ်သည်အထိ နှိပ်ရမှာနော် ။ ပေါ်လာရင် လွှတ်လိုက်တော့ ။ အဲဒါကို Restart / Hard Reset / Reboot လုပ်တယ်လို့ ခေါ်တယ် ။ 

ကဲ အခုဆိုရင် ခင်များတို့ ၊ ကျနော်တို့ရဲ့ အိုင်ဖုန်းလေးတွေကို Reboot လုပ်လိုက်လို့ Refreshing ဖြစ်ပြီး ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်နဲ့ သုံးနေကြပြီ မဟုတ်လားဗျ ။

အားလုံးအဆင်ပြေကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
4K Shares
https://publishers.propellerads.com/#/pub/auth/signUp?ref_id=TuDw