iPadOS မှာ Home Screen ပေါ်က Apps တွေရဲ့ အိုင်ကွန်တွေကို ချိန်ညှိနိုင် …

236

Apple ဟာ သူ့ရဲ့ Tablet Owners တွေအတွက် ပထမဆုံးအဖြစ် Home Screen ပေါ်က Apps တွေရဲ့ အိုင်ကွန်အရွယ်အစားတွေကို လိုသလို သေးနိုင် ၊ ကြီးနိုင်စေရန် iPadOS မှာ ခွင့်ပြုပေးလိုက်ပါပြီ ။

MacRumors ရဲ့ သတင်းတွေအရ ဒီ Feature ဟာ iPadOS ၏ Beta 5 မှာမှ ပထမဆုံး ပါလာတာလို့ သိရပါတယ် ။

ဒီ Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ iPadOS Beta 5 ကို တင်ထားဖို့ လိုပါမယ် ။ တင်ပြီးသား ယူစာတွေကတော့ Settings ထဲက App Icon Size ကို ဝင်ပြီး Home Screen ပေါ်က အိုင်ကွန်တွေရဲ့ အရွယ်အစားကို ကြီးမလား ၊ သေးမလား လွယ်လွယ်ကူကူပဲ Customize လုပ်နိုင်ပါမယ် ။

ဒီ Feature ကိုတော့ 6.5 inch ရှိတဲ့ iPhone XS Max Models အပါအဝင် မည်သည့် iPhone တွေပေါ်မှာမှ မရနိုင်ပါဘူး ။ iPad Only ပဲ ရတာပါ ။

ဒီ Feature ကို iPhone တွေပေါ်မှာ ရလာလိမ့်မယ်လို့လဲ တယ်မထင်ပါဘူး ။ ခင်များတို့ရော ဘယ်လို ထင်လဲဗျ ။

Ref : Christian Zibreg

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
536 Shares