Home Knowledge iPad မှာ ဘာကြောင့် Calculator App မပါရခြင်းရဲ့ ဇာတ်လမ်းလေးကို သင်သိပါသလား?

iPad မှာ ဘာကြောင့် Calculator App မပါရခြင်းရဲ့ ဇာတ်လမ်းလေးကို သင်သိပါသလား?

2133

သင်ဟာ iPad အသုံးပြုဖူးမယ် ဆိုရင် iPad မှာ Built-in Calculator App မပါဖူးဆိုတာ သတိထားမိမှာပါ iPhone မှာပါတယ့် Calculator လိုမျိုး App ပေါ့ သေချာတာပေါ့ App Store မှာတော့ သိပ်မိုက် သိပ်ရှယ်ဂွတ် အလန်းစား Free ကော Paid ပါ Calculators App တွေအပြည့် ရှိနေတယ် ဆိုတာကိုပါပဲ

အခုချိန်ထိအောင် iPad မှာ Built-in Calculator app ရှိမလာသေးပါဖူး Genius Apple တို့ တစ်သက်လုံး မထည့်တော့ဖူးလား ထည့်ဖို့ရော အစီစဉ်မှာရှိနိုင်ရဲ့လား ဆိုတာကိုတော့ မသိနိုင်တော့ပါဖူး

တကယ်တော့ ပထမဆုံး iPad အစမ်းထုတ်လုပ်ထားတယ့် ပုံကြမ်းမှာ Calculator App ပါပါတယ်

ဇာတ်လမ်းက ဒီလိုဗျ …, အချိန်က iPad ဖြန့်ချီဖို့ တစ်လ အလို

Steve Job said:
-Scott Forstall ကျွန်တော့ ရုံးခန်းကို လာတွေ့ပါဦး

Scott Forstall(သူဟာ American Software engineer တစ်ယောက်ပါ iPhone,iPad တွေအတွက် original software development team ရဲ့ ထင်ရှားတယ့် အဖွဲ့အဝင် တစ်ယောက်အဖြစ် လူသိများပါတယ်)

Steve Job said:
-iPad အတွက် Calculator design အသစ် ဖန်တီး ရေးဆွဲ ပြီးပြီလား

Scott Forstall Ans:
-ဟုတ် ဒီိမှာပါ (ရိုးရိုး iPhone ရဲ့ Calculator app ကို iPad မျက်နှာပြင် အရွယ်အစားနဲ့ ကိုက်ညီအောင် ဖြဲကားထားတယ့် ပုံစံသက်သက်သာ ဖြစ်သည် ဆိုလိုသည်မှာ iPad screen size နဲ့ ကိုက်ညီမယ့် သီးသန့်တည်ဆောက်ထားတယ့် App မဟုတ်ပေ)

Steve Job said:
-ဟင် ဒီပုံစံကြီးလား ကြည့်ရတာ စိတ်ပျက်စရာကြီးဗျာ ရွံစရာကြီး lol:-) iPad အတွက် design အသစ် ဘယ်မလဲ?

Scott Forstall Ans:
-မရှိဖူး အာစိ:-) ဒီဟာကိုပဲ ကျွန်တောတို့ iPad နဲ့အတူ ထည့်ပေးလိုက်မှာပဲ

Steve Job said:
-မရဖူး မထည့်နဲ့ ထုတ်သာပြစ်လိုက်တော့

Scott Forstall အနေနဲ့ တစ်လမကျန်တော့တယ့် အချိန်တောတွင်းမှာ iPad အတွက် Calculator app design အသစ်ကို မဆွဲနိုင်ဖူးဆိုတာ သိသော်လည်း UI TEAM နဲ့ အပြင်းအထန် ကြိုးစားခဲ့ပါသေးတယ် မဖြစ်နိုင်တော့တာမို့ နောက်ဆုံး iPad မှာ Calculator App ထည့်မပေးခဲ့တော့ပါဖူး

ခွင့်ပြုပါ iPad Users တို့အတွက် တကယ်ကောင်းတယ့် iPad App လေးတွေ Free လေးတွေ မိတ်ဆက်ပေးပရစေ ခင်ဗျ ပုံလေးတွေ တစ်ချက်ကြည့်လိုက်ပြီး နှစ်သက်ပါက သူံးစွဲကြည့်နိုင်ပါတယ် အော် ဘယ်လိုပဲနေနေ iPad မှာ Calculator ကတော့ မဖြစ်မနေ ဒေါင်းသုံးရမှာပဲလေ Admin ကတော့ မထည့်စေခြင်ဖူးဗျ iPad မှာ Calculator မပါပဲမြင်လိုက်တိုင်း Steve Job ရဲ့ လေးစားဖွယ်ကောင်းတယ့် လုပ်ရပ်လေးတစ်ခုကို ပြန်လည်သတိရမိရင်း

ဒီ Download link ကိုနှိပ်ပြီး ဒေါင်းနိုင်ပါတယ်

ဒီ Download link ကိုနှိပ်ပြီး ဒေါင်းနိုင်ပါတယ်

Refer:Reddit,iDownloadblog

Facebook Comments
575 Shares
https://publishers.propellerads.com/#/pub/auth/signUp?ref_id=TuDw