Home Knowledge iPad မှာ WiFi Connection ပြဿနာတက်တဲ့အခါ ဖြေရှင်းနည်းများ

iPad မှာ WiFi Connection ပြဿနာတက်တဲ့အခါ ဖြေရှင်းနည်းများ

1909

iPad Models အမျိုးမျိုးဖြစ်တဲ့ …

•12.9-inch iPad Pro 2nd generation

•12.9-inch iPad Pro 1st generation

•10.5-inch iPad Pro

•9.7-inch iPad Pro

•iPad 6th generation (iPad 6)

•iPad 5th generation (iPad 5)

•iPad Air 2

•iPad Air

•iPad mini 4

•iPad mini 3

•iPad mini 2 

တို့မှာ WiFi Connections ချိတ်ဆက်တဲ့အခါ ကြုံတွေ့ရတတ်တဲ့ Problems တွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ အခြေအနေနဲ့ ကြုံတွေ့လာရတဲ့အခါ Fix လုပ်ပေးရမယ့် နည်းလေးတွေကို ကျနော်ပြောပြပါမယ် ။ 

No . ( 1 ) : Latest iOS Software ကို Update လုပ်ပါ ။ 

ခင်များအနေနဲ့ ခင်များရဲ့ iPad အား Latest iOS ကို မတင်ရသေးဘူးဆိုရင် အခုပဲ Update လုပ်လိုက်ပါ ။ အချို့သော WiFi ပြဿနာတွေဟာ Latest iOS ကို တင်လိုက်ခြင်းအားဖြင့် ဖြေရှင်းပြီးသားဖြစ်သွားစေတယ်ဆိုတာကို မြင်တွေ့ရပါတယ် ။ 

( ဒီတော့ Latest iOS ကို PC အသုံးပြုပြီး Update လုပ်ပေးဖို့ လိုပါမယ် ။ ) 

No . ( 2 ) : Hard Reset ( Force Restart ) ချကြည့်ပါ ။

ဒီလို ပြဿနာမျိုးတွေနဲ့ ဘာမှနှိပ်မရအောင် ဟမ်းနေတာမျိုးတွေကို Hard Reset ( Force Restart ) လုပ်လိုက်ခြင်းအားဖြင့် ဖြေရှင်းနိုင်ပါတယ် ။ Force Restart , Hard Reset & Force Reboot ဆိုပြီး အမျိုးမျိုးခေါ်နေပေမယ့်လည်း တစ်ခုထဲပါပဲ ။ 

Hard Reset လုပ်နည်းကို ဒီလင့်မှာ ဖတ်ကြည့် ။ https://www.facebook.com/1292870577393028/posts/2185710884775655/

No . ( 3 ) : ချိတ်ထားတဲ့ WiFi ကို Forget & Rejoin ပြန်လုပ်ပါ ။ 

WiFi နဲ့ Not able connect ဖြစ်နေပြီး Password အမှန်ကို ရိုက်ထည့်ပေမယ့်လည်း incorrect ပဲ ပြနေတယ်ဆိုရင် အဲဒီ WiFi ပေါ်ကို ဖိပြီး Forget this network ကို နှိပ်လိုက်ရပါမယ် ။ ပြီးရင် Network ကို ပြန် join ပေးရပါမယ် ။ Password ကို ပြန်ရိုက်ထည့်ပေးပါ ။

ဒီလိုနည်းနဲ့လည်း WiFi ပြဿနာကို ဖြေရှင်းနိုင်ပါတယ် ။

No . ( 4 ) : Reset Network Setting ကို ချကြည့်ပါ ။ 

Networking နဲ့ ပါတ်သက်တဲ့ ပြဿနာအတော်များများဟာ Reset Networking လုပ်ပြီးရင် ပျောက်သွားတာ များပါတယ် ။ ဒီ Reset Networking လုပ်ပြီးသွားရင် Networking နဲ့ပါတ်သက်တဲ့ info တွေကို Clear လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ် ။ 

ဒီတော့ Cellular Data Setting တွေ ၊ WiFi Hotspot Setting တွေ ပြန်ရိုက်ထည့်ပေးဖို့တော့ လိုပါမယ် ။ 

Reset Network Setting ချမယ်ဆိုရင် Setting >> General >> Reset >> Reset Network Setting ကို နှိပ်လိုက်ရပါမယ် ။ 

No . ( 5 ) : VPN ကို ထည့်ထားရင် Disable လုပ်ထားပါ ။ 

Setting >> Cellular Data ထဲမှာပဲဖြစ်ဖြစ် ၊ VPN App နဲ့ပဲဖြစ်ဖြစ် VPN ကို Enabled လုပ်ထားတယ်ဆိုရင် အခုပဲ Disable လုပ်ပြီး WiFi Connections ပြဿနာကို ဖြေရှင်းလိုက်ပါ ။ 

No . ( 6 ) : Wi-Fi Networking Services ကို Disable လုပ်ထားပါ ။ 

နိုင်ငံတကာမှာ တက်လာတဲ့ သတင်းတွေအရ ယူစာတွေဟာ Setting >> Privacy >> Location Services >> System Services >> Wi-Fi Networking ကို Off ပေးထားခြင်းဖြင့် သူတို့ရဲ့ WiFi ပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြကြောင်း သိရှိရပါတယ် ။ 

ဒီ Wi-Fi Networking Services ဟာ ခင်များရဲ့ Location အတွက်ပဲ အသုံးပြုတာဖြစ်လို့ သူ့ကို Disable လုပ်ထားလိုက်ခြင်းဖြင့် WiFi ကြီးတစ်ခုလုံးကို မထိခိုက်စေပါဘူး ။ 

No . ( 7 ) : Custom DNS ကို အသုံးပြုပါ ။ 

တစ်ခါတရံမှာ ခင်များတို့ ISP ရဲ့ DNS servers တွေမှာ ပြဿနာတက်တတ်ပါတယ် ။ ဒီလိုအခါမျိုးမှာ ခင်များအနေနဲ့ Google DNS or CloudFlare’s DNS တို့ကို ပြောင်းပြီး အသုံးပြုသင့်ပါတယ် ။ 

( DNS ဆိုတာက Domain Name System , Service , Server ပါ ။ ဒီအကြောင်း နောက်မှ အကျယ်ရေးပါဦးမယ် ။ ) 

No . ( 8 ) : Wi-Fi Assist ကို On / Off လုပ်ကြည့်ပေးပါ ။ 

iOS မှာ built-in အဖြစ် ပါဝင်နေတဲ့ Wi-Fi Assist လို့ ခေါ်တဲ့ Feature တစ်ခု ရှိပါတယ် ။ သူ့ကို On ပေးထားမယ်ဆိုရင် WiFi Connections နဲ့ ချိတ်ဆက်ပြီး အင်တာနက် အသုံးပြုနေစဉ် WiFi လိုင်း ပြတ်တောက်မှု ဖြစ်သွားပါက ( သို့မဟုတ် လိုင်းကျသွားပါက ) အလိုအလျှောက် Cellular Data သို့ ပြောင်းလဲ ပေးသွားမှာပဲ ဖြစ်ပါတယ် ။ 

အခု အဆိုပါ Wi-Fi Assist ကို On ပေး ၊ Off ပေး လုပ်ပေးလိုက်ခြင်းအားဖြင့် WiFi Connections ပြဿနာတွေကို ပြေလည်စေနိုင်ပါတယ် ။ 

Wi-Fi Assist ကို On / Off လုပ်ပေးဖို့ Setting >> Cellular ( Mobile ) >> Wi-Fi Assist ကို သွားရပါမယ် ။ 

No . ( 9 ) : Ask to Join Network ကို Enable / Disable ပြောင်းကြည့်ပါ ။ 

Setting >> Wi-Fi >> Ask to Join Networks ကို Off ( Disable ) နဲ့ On ( Enable ) လုပ်ကြည့်ဖို့လည်း လိုပါမယ် ။ 

( ဒီ Solution နဲ့ ပါတ်သက်လို့တော့ ကျနော့်အနေနဲ့ သိပ်အားမရပါဘူး ။ ဒါပေမယ့်လည်း ချန်ထားခဲ့ဖို့ဆိုတာကလည်း နှမြောစရာ ဖြစ်နေလို့ ထည့်သွင်းပေးလိုက်ပါတယ် ။ ) 

No . ( 10 ) : iPad ကို Restore ပြန်လုပ်ကြည့်မယ် ။

အပေါ်မှာ ကျနော်ပြောပြခဲ့တဲ့ အချက်တွေနဲ့ ခင်များရဲ့ iPad WiFi ပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူး ဆိုရင်တော့ PC က iTunes နဲ့ ချိတ်ပြီး Restore ပြန်လုပ်ခြင်းအားဖြင့် ခင်များရဲ့ iPad ကို အသစ်တစ်လုံးကဲ့သို့ ပြန်လည် ရရှိစေမှာပဲ ဖြစ်ပါတယ် ။ 

ကဲ ဒီအချက် ( ၁၀ ) ချက်ကို ခင်များ သေသေချာချာ ဖတ်လို့ပြီးသွားပြီ ဆိုရင်တော့ ခင်များရဲ့ iPad မှာ ဖြစ်နေတဲ့ WiFi Connections ပြဿနာကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရရှိနိုင်ပါပြီခင်ဗျာ … ။         

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
639 Shares