iOS 13 အတွက် ကျွန်တော်တို့ ဘာတွေ သိထားပြီလဲ

1106

iOS 13 ဆိုတာကြီးက သင့်အတွက် ဖြစ်ပါ့မလား ! 

ဘယ်လို iPhone တွေပဲ ကိုက်ညီမယ် ဘာ Features တွေ ပါဝင်လာမယ် ဘယ်ချိန်မှာ လာလိမ့်မလဲ ကျွန်တော် တို့ ဘာတွေ ထက်သိထားသေးလဲ ကြည့်လိုက်ရအောင် 

မကြာတော့ပါဖူး iOS 13 ကို Apple ကနေ ထုန်လွှင့် ပေးလာတော့မှာပါ ကျွန်တော်တို့ တစ်ယောက် ခြင်းစီကလည်း ဒီ iOS 13 မှာ တစ်ခုခုတော့ တစ်ခုခုပေါ့ဗျာ မျှော်လင့် ချက်ကြီးကြီး ထားနေကြပါတယ် iPhone X ,XR, Xs, XsMax တွေ ကိုင်နေတယ့် Apple ရဲ့ Ugly Notch Family ကလည်း ဟယ့် iOS 13 မှာ ငါတို့တွေ တစ်ခုခု ရမယ်ပေါ့ ကျွန်တော်တို့ရဲ့ Classic ဆန်တယ့် Series iFamily ကလည်း iOS 13 မှာ တစ်ခုခု ထူးခြားမယ်လို့ မျှော်လင့် နေကြရပြန်ပါတယ် 

(ကျွန်တော်သည် Notch Fan စစ်စစ်မဟုတ်ပါ)

ဘယ် iPhone Model တွေ iOS 13 ရမလဲ

အရင်ဆုံး iOS 13 ဆိုတာကြီးကို မမျှော်မှန်းမီ ကိုယ့် Device က iOS 13 ရနိုင်မလား ဆိုတာ ပထမဦးစွာ Confirm ဖြစ်ပြီးသား list မှာ တိုက်ကြည့်ရပါမယ် 

  • iPhone XS
  • iPhone XR
  • iPhone X
  • iPhone 8
  • iPhone 7
  • iPhone 6s
  • 12.9 Inch iPad Pro
  • 11 Inch iPad Pro
  • 10.5 Inch iPad Pro
  • 9.7 Inch iPad Pro
  • iPad 6
  • iPad 5
  • iPad 3
  • iPad Air 2
  • iPad Mini 5
  • iPad Mini 4
  • iPad Mini 3
  • iPod Touch 6th Generation

အထက်ပါ list မှာ မြင်ရတယ့် အတိုင်း iPhone 4s, 5, 5s, 6, ဆိုတယ့် Model တွေ ရရှိနိုင်မှာ ဟုတ်ပါဖူး ဘာလို့ iPhone 4s ကို ထည့်ပြောရ တာလဲဆိုတော့ iOS Banker Myanmar Page မှာ iPhone 4s အသုံးပြုသူ ၂၀၀ ဝန်းကျင် ရှိနေပါတယ် 

“You are next”

ကြည့်ရ သလောက်တော့ list ထဲက ပြုတ်ကျသွားတာတွေက 3D Touch မပါဝင်တယ့် model တွေ အကုန်ပါပဲ iOS 7 ကစတင်လာတယ့် iPhone 5s တို့လို့ အနေနဲ့ iOS 13 ကို လုံးဝ မရသင့်တော့ပါဖူး iOS 12 ထိ Apple ကဘာစိတ်ကူးနဲ့ ပေးတာမှန်း မသိပေမယ့် တကယ်က ၄ နှစ်လောက် ပဲ Support ပေးသင့်ပြီး iOS 11 လောက်မှာတင် ရပ်သွား သင့်တာပါ iPhone 6 မှာ iOS 12 မှာ ရပ်ပေးလိုက်တာ သိပ်ကို သဘောကျမိပါတယ် Apple ကသင့်ကို ဖုန်းလဲ လိုက်တော့ လို့ ပြောနေသလိုပါပဲ 

ကဲကဲ list ကိုကြည့် ပြီး ဟေ့ဟေ့ ကိုယ်တွေက iPhone 6s model ကိုင် ထားတယ် တို့ကတော့ iPhone 7 model ကိုင်ထားတယ် ဆိုပြီး သိပ် အပျော်ကျူးမနေပါနဲ့ ဒီ တစ်ကြိမ် မှာ ကံကောင်း ပြီဆိုပေမယ့် နောက်တစ်ကြိမ်မှာ သင်ဟာ အောက်ဆုံး စာရင်းဝင်ဆိုတာ ပါ အထိအခိုက် ခံမှာ ဟုတ်ပါဖူး ပြုတ်စရာ ရှိရင် ထိပ်ဆုံးက ပြုတ်သွားမှာပါ 

iOS 13 မှာ ဘယ်လို Features ပါလာနိုင် တာလဲ

အတိအကျကြီး ပြောမှာ ဟုတ်ပါဖူး ဒီနေရာမှာတော့ ပုံမှန် အတိုင်း Leak တွေပေါမှာပဲ အခြေခံပြီး ပြောသွားမှာပါ

Credit to original Uploader
  1. Dark Mode

ဝိုးဝိုးဝိုး အံ့သြသွားမလား မထင်ပါဖူး ဟိုမှာ Mode ဒီမှာလည်း Mode နေရာတိုင်းမှာ Mode နေကြတယ် Facebook ကလည်း messenger မှာ Mode တယ့် google လည်း သူ့ Apps တွေအကုန် လိုက် Mode နေတယ် ဒါပေမယ့် ပိုပြီးတော့ ရိုးရှင်းတယ့် ပိုပြီးတယ့် Smarter ဖြစ်တယ့် Dark Mode အထိတွေ့ အသစ်ကို ခံစားမကြည့် ခြင်ဖူးလား YouTuber တွေ အားတိုင်းပြောနေတယ့် Mode ဟာ ဒါပါ ခုချိန်မှာ အခြား Smartphones UI တွေကိုလည်း Dark Mode ကို အပြိုင်အဆိုင် Support ပေးနေကြပြီ Software developers တွေကလည်း လုပ်ကြနဲ့ ခု iOS 13 Dark Mode ဟာဆိုရင်ဖြင့် ပါလာမယ်လို့ ထင်လား မထင်ပေါင်ဗျာ ကျွန်တော်ကတော့ UI တစ်ခုလုံး Dark Mode ပြောင်းသွားဖို့ တကယ်ရော် လိုလို့လားဗျာ

Credit to original Uploader

2.Sleep Mode

Sleep mode ရယ်လို့ သာ ပြောနေကြတာ ကျွန်တော်လည်း နားမလည်ဖူးဗျ leak တွေ တအား ပြောနေကြလို့ သာ ကျွန်တော်လည်း ထည့် Mode လိုက်ရတာ ဆိုလိုတာက Do not Disturb တစ်ခုလုံး ရှိနေတာ Sleep Mode က for what ဗျ အထက်ကလို ပြန်ပြောရရင် Smarter Sleep Mode မျိုးပေါ့ဗျာ Do not Disturb ပွင့်သွားစေမယ် Noti တွေ အဝင်ခေါတာတွေ အကုန် silent လုပ်ထားမယ် Screen ကို dim & black ပြောင်းမယ် ပြီးတော့ ဘာတွေ ဆက်လာမလဲ ထွက်ရင် သိရမှာပေါ့

Credit to dribbble.com

3.Redesign LockScreen 

Sammy တွေမှာ အမြဲတွေ့ရမယ့် ဘာတယ့် AOD ဆိုတယ့် Always on Display ပါ iOS မှာ ပါလာနိုင်မလား ကျွန်တော်တို့ မသေချာဖူး iUser တို့ရော်! ဒီမှာ အဓိက လိုနေတာက Redesign အစား Customize ဗျ အရင် Control Center ကို customize ရသွားသလိုမျိုး ပေါ့ ဆိုတော့ အဓိက Notch ပေါမှာ customize ကောင်းကောင်း သာရမယ် ဆိုရင် Battery % ကိုပါ့ မြင်အောင် ထည့်နိုင် လိမ့်မယ် လို့ ထင်တယ်ဗျ ဘယ်လို လဲဗျ

Credit to 9to5mac.com

4.Redesign Volume Control 

ပိုပြီးတော့ ကြည့်ရတာ ရိုးရှင်းတယ့် Volume UI အသစ် ဖြစ်လာနိုင်တယ် အရင်လို အလယ် တည့်တည့် မှာ ကွယ်နေတာ မျိုး မဟုတ်ပဲ ဘေး ကပ်သွားမယ် ဒီလိုမျိုးပေါ့ဗျာ 

Credit to Wccftech.com

5.New Message 

iOS 13 မှာ Messages ကို ပုံစံ အသစ်တစ်မျိုးနဲ့ ပြောင်းလဲ တွေ့မြင်ရငမယ်လို့ ကြားနေရပါတယ် Memoji Animoji တွေ ပြောင်းလဲ သွားမှာလား ပုံစံ အသွင်အပြင် တစ်ခုလုံးကိုတော့ ပြောင်းလဲ လိုပ်မယ်လို့ မထင်မိဖူးဗျ Message App မှာ အဲ့လောက်ကြီးလဲ ပြောင်းလဲ ဖို့ မလိုသေးဖူး လို့ ဆိုရမှာထက် ဒီမှာ ဒီလောက် အားစိုက်စရာ မလိုပါဖူးဗျ ဟုတ်တယ်မို့လား

Credit to original Uploader

6.Keyboard 

Oh you copy me လို့ ဆိုရမှာပါပဲ Swipe feature option က android တွေမှာ ရှိနေခဲ့တာ ကြာပါပြီ ကျွန်တော် Android မှာ ဆိုရင် သုံးဖြစ်တယ်ဗျ Apple က I Device တွေအတွက် ထည့်ပေး လာမယ်လို့ ထင်လားဗျ iOS 13 မှာ မြင်ရနိုင် တာထဲမှာတော့ သူပါပါတယ် ဘယ်သူ့ကို Copy ပါစေ ကျွန်တော်ကတော့ သဘောကျတယ် ကျွန်တော် ပိုအဆင်ပြေဖို့က အဓိက လေဗျာ 

Credit to 9to5mac.com

7.User Interface 

UI ပါပဲ iOS 11 မှာ ပြောင်းလဲမှု ကြီးမားခဲ့တယ့် UI က ယခု iOS 13 မှာလည်း ထပ်များ ပြောင်းလဲ နိုင်မလား ဆိုတာ သံသရ ဖြစ်စရာပါပဲ leak တွေကတော့ icon theme တွေ ပြောင်းလဲ နိုင်ချေ ရှိတယ် လို့ ဆိုထားကြတယ် သူတို့ ပြောတာကတော့ Dark Mode အတွက် ပိုကောင်း Theme တွေ လိုအပ်တာကြောင့် icons တွေ ပြောင်းလဲ နိုင်ပါတယ်တယ့် ဒါ့ထက် Double icons ဆိုတယ့် အကြံ ကို ပိုသဘောကျတယ် ဗျ ဒီလိုဗျ ပုံမှန် အတိုင်း သုံးရင် icons တွေက iOS 12 ထိ ပုံစံတွေ ဖြစ်လိမ့်မယ် Dark Mode ကို ပြောင်းသွားတယ့် အချိန်မှာတော့ dark Mode နဲ့ လိုက်ဖက်မယ့် icons တွေ အဖြစ် theme ပြောင်းသွားမှာ မျိုး ဗျ လန်းတယ် မို့လား

Credit to original Uploader

8.Second Screenpad 

iPad ကို iMac MacBook တွေရဲ့ second screen အဖြစ် သုံးနိုင်မှာ မျိုးဗျ rumor တွေကတော့ အခိုင်အမာကို ပြောနေကြတာပါ iPad မှာ Pencil ကသိပ်ကို အရေးပါ လာပြီမို့ Second screen ability ဟာ အမှန်တကယ် ဖြစ်မှာပါတယ့် ကိုကိုမမ iPad Users တို့ရော် ဘယ်လို မြင်ကြလဲ 

9.FFI

Mac & iOS ရဲ့ tracking feature နှစ်ခုကို ပေါင်းတာ မျိုးပါ အဓိက ရည်ရွယ်ချက်ကတော့ လာမယ့် iPhone new generation မှာ FMI ကို offline နဲ့ သွားဖို့ ဖန်တီးမယ်လို့ ကြားနေရတယ်ဗျ ဒီ့အတွက်အမြဲ Power ရနေမယ့် tracking hardware အကူ တစ်ခုပါ လာလိမ့်မယ် ဖုန်း အားကုန်ရင်တောင် ပြသနာ မရှိနိုင်ဖူးလို့ ဆိုတယ်ဗျ သူ့ Power ကသီးသန့်ရနေတာမျိုး သုံးလို့ရမဖူး ဖြည့်လို့ ပဲ ရတယ်ဆိုတာမျိုးဗျ တကယ်လို့ FMI နှစ်ခု bine ခဲ့ရင် ဖြစ်လာနိုင်တယ်ဗျ ဒါတော့ လန်းတယ် ဆိုတာ ဝန်ခံလိုက် တော့  (2019 iPhone တွေမှာ ပါလာမယ် လို့ ကျွန်တော် မပြောဖူးနော် 5G iPhone တွေနဲ့ တော့ ပွဲထုတ်လာနိုင် ချေရှိပါတယ်ဗျ)

တကယ်လို့ iOS 13 မှာ bine ခဲ့တယ် ဆိုရင် New generation မှာ Tracking Hardware ပါ လာနိုင်တယ် ဆိုတာ ခိုင်မာ သွားမှာပါ

Credit to original Uploader

10.iPad’s Mouse Support 

Apple ရဲ့ Magic Mouse ကို iPad မှာ support လူပ်လိုက်မယ် ဆိုရင် ဘာတွေ ထူးခြား သွားနိုင်လို့ လဲ စဉ်းစားကြည့်လိုက်ပါဦး iPad မှာ second screen ကလည်း ရှိနေမယ် Mouse လည်း သုံးနိုင်မယ် iPad Pro 2019 နောက် ပိုင်း ဆိုရင် Adobe ရဲ့ True Version of Photoshop ဖြစ်တယ့် Project Gemini ကိုလည်း မမေ့ကြနဲ့ ဦးနော် 

Credit to original Uploader

11.Split View 

Max site တွေ ဖြစ်တယ့် iPhone တွေမှာ iPad တွေရဲ့ Feature ဖြစ်တယ့် split view ကို ပေါင်းထည့် ပေးဖို့ အချိန်တန် ပြီလို့ ကျွန်တော်က တော့ ယူဆပါတယ် 

Credit to Apple.com

12.Arcade Mode

ဟိုတစ်ခါက ကြေညာသွားတယ်လေဗျာ Subscriptions နဲ့သွားမယ့် Gaming service ပါပဲဗျ subscribe လုပ်လိုက်တာနဲ့ Apple Music လိုပဲ Arcade Mode မှာ ရှိသမျှ Game တွေအကုန် ဆော့လို့ရမယ်ပေါ့ Subscribe ပြီးရင်တော့ FTP ဖြစ်ဖို့ မျှော်လင့်မိတယ်ဗျ 

Credit to Pinterest.com

13.Others

နောက် ထက် ထပ်တိုး Features လေးတွေ လည်း ရှိပါဦးမယ် Apple Music မှာ ပြောင်းလဲ တာ မျိုးတွေ ရှိနိုင်တယ် Accessibility Features မျိုးတွေ ဖြစ်နိုင်တယ် သိသာအောင် ပြောရရင် Siri လိုမျိုးပေါ့ Hardware ပိုင်းက Support ဆိုရင် Reverse Charging ရှိမယ် ဒါက 2019 iPhone တွေအတွက် လက်ရှိ model အတွက် မဟုတ်ပါဖူးဗျ 

Release Date 

June 3 ရက်ကနေ 7 ရက်အတွင်း ကျင်းပမယ့် WWDC 2019 မှာ ဖြစ်ပါလိမ့်မယ် သူနဲ့ အတူ အခြား Watch OS တွေ MAC OS တွေ AR kit တွေ လည်း အတူ တွေ့မြင်ရနိုင်တယ် အဲ့ဒီ့ အတွက် သီးသန့် ထက်ရေးပေး သွားပါမယ် အချိန်ကာ လကလည်း နီးကပ် နေပါပြီ တွေးကြည့် ရတာ ခေါင်းခြောက်ရင်လည်း နှစ်ပတ်လောက်ပဲ ထပ် စောင့်လိုက် ကြပါစို့လား

Refer from TheLinuxOs

Facebook Comments
2K Shares