iOS 13 for iPad

630

iPad အတွက်ရေးရတာ နည်းနည်းတော့အားရသဗျ

ဘာလို့လဲဆိုတော့ Apple က iOS 13 လို့ အမည်ခံထားပေမယ့် iPad OS ဆိုတာကြီးကို မိတ်ဆက်ပေးထားလို့ပဲဖြစ်ပါတယ်

iPad အနေနဲ့ Performance ကတော့ပြောစရာမလိုတာ အားလုံးသိပြီးတဲ့အတိုင်းပါပဲ
ဒါပေမယ့် Software ပိုင်းမှာ အားနည်းချက်လေးတွေရှိတာကို Apple အနေနဲ့ သတိထားမိပြီး
အချိန်မှီ ပြင်ဆင်မှုတွေပေးတော့မှာ ဖြစ်ပြီး အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ software update တွေပေးမယ်လို့ယူဆရပါတယ်
iPad user တွေအတွက်တော့ သတင်းကောင်းဖြစ်လာမှာပါပဲ

အခု iPad OS မှာပါလာမယ့် features တွေကတော့

1.New Home Screen

ပုံမှာမြင်ရတဲ့အတိုင်းဘဲ Home screen design အပြောင်းအလဲလုပ်ထားပြီး ဘယ်ဘက်ကိုဆွဲကြည့်မယ်ဆိုရင် Wealther တို့ Calender တို့ Events တို့ကို ပုံအတိုင်းပြပေးမှာဖြစ်ပါတယ်

2. Split view and Slide Over

Multitasking နဲ့ Slider option တွေကပိုမို အားကောင်းလာပြီး
Email ထဲက စာတွေနဲ့ ပုံတွေကိုလည်း ကိုယ့်ရဲ့ Note App ထဲကို drag and drop လုပ်လို့ရပါတယ်
Side by side app နေရာမှာလည်း app ကိုတစ်ခုတည်းမဟုတ်ဘဲ သုံးလေးခုလောက်ဖွင့်ထားလို့ရပြီး
တစ်ခုနဲ့တစ်ခုကို swipe လုပ်ပြီး change လို့ရပါတယ်

3. Multi Window Capability

Multi window တွေလဲ အရင်ကထက် ပိုကောင်းလာမယ် ပိုပြီး customized လုပ်လို့ရလာမယ်

4. Improved Text Editing

ဒါကတော့ အလန်း feautre ဖြစ်ပါတယ်
ကိုယ် select လုပ်ချင်တဲ့ Text ကိုအလွယ်တကူ select လုပ်လို့ရပြီး အရင် လို magnify view နဲ့မပေါ်တော့ဘဲ Gesture(လက်သုံးချောင်း) နဲ့ Copy Cut Paste တို့ကို ပြုလုပ်နိုင်မှာဖြစ်ပြီး
မှားသွားလို့ undo လုပ်ချင်ရင် အရင်လို shake လုပ်စရာမလိုတော့ဘဲ လက်သုံးချောင်းနဲ့ swipe ပြန်လုပ်လိုက်ရင် Undo ဖြစ်သွားမှာပါ

5. Desktop-class browsing with Safari

Safari ကပိုကောင်းလာပြီး desktop မှာသုံးသလို website တွေကို ကြည့်နိုင်မှာဖြစ်ပါတယ်
Google Docs တို့ WordPress တို့ Squarespace တို့လို site တွေက ပိုကြည့်လို့ အဆင်ပြေလာမှာပါ
နောက်တစ်ခုအနေနဲ့ Download Manger ကိုလည်း ထည့်ပေးလိုက်ပါပြီ

6.More ways to use Apple Pencil

Apple pencil က latency လည်းနည်းသွားမယ် ပြီးတော့ipad နဲ့ ပို intergrated ဖြစ်လာပြီး webpage,documents နဲ့ email ကို screen corner ကနေ swipe လုပ်ပြီးပို့လို့ရပါတယ်

7. Dark Mode

ဒါကတော့ အားလုံးမှန်းထားတဲ့ အတိုင်းဘဲ idevice တိုင်းမှာ ပါလာမှာဖြစ်လို့ အရမ်းအသားပေးပြီးမပြောတော့ပါဘူး Low-light ထဲရောက်ရင် မဲနေတော့ပိုကြည့်လို့အဆင်ပြေလာမယ်ပေါ့

8.External Drive Support

SD card reader အပြင် USB drive support ပါပေးတော့မယ်ဖြစ်ပါတယ်။

တခြား minor ပြောင်းလဲမှုတွေအနေနဲ့ကတော့
  • Faster Unlock

apple အဆိုအရ face unlock က iOS12 ထက် 30% ပိုမြန်လာမှာပါ။
ပြီးတော့ apps တွေ launch လုပ်ရာမှာလည်း အရင်ထက် 2ဆပိုမြန်လာပြီး download လုပ်လုပ်ရတဲ့ size ကလည်းသေးလာမယ်လို့ ပြောထားပါတယ်။

  • File တွေကို Grid view, List view and Detail View ထားပြီးကြည့်လို့ရတာ

  • Floating Keyboard (သေးအောင်လုပ်ပြီးနေရာရွှေ့လို့ရတာ)

  • Fonts အသစ်တွေထည့်လို့ရတာ

  • Photos တွေကို layout အသစ်နဲ့ highlight လုပ်ပေးတာတွေ

  • ပုံမှန်ဆို facebook တို့ Gamil တို့နဲ့ account ဝင်လို့ရသလို Sign in with apple account နဲ့လည်းဝင်လို့ရပါပြီ

  • Map ကပိုလန်းလာတယ် ဒါပေမယ့် စိတ်မကောင်းစွာနဲ့ US MAP ကတော့ အလန်းဆုံးဖြစ်မှာပါ Smooth3D view ရလာမယ် ပြီးတော့အရင် ကမပေါ်တဲ့ Location တွေအများကြီးထပ်ထည့်ထားပြီးပြည့်ပြည့်စုံစုံလေးဖြစ်လာမှာပါ။

iPad OS preview Video

အားလုံးပဲ iPad OS ကိုကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

Ref: Apple
Lwin Moe Aung (iOS Banker Myanmar)

Facebook Comments
1K Shares