iOS 13 Beta ကို Install မလုပ်သင့်သေးသည့် အချက်များနှင့် iOS 13 Beta ကို Install လုပ်နည်း

1049

iOS 13 ဟာ Developer Beta လို့ ဆိုထားသည့်အတွက် Developers များအတွက်သာ ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ် ။ သိပ်မကြာခင်မှာတော့ New Features အပုံအပင်နဲ့ ပထမဆုံးသော Public Beta ကိုလည်း ထုတ်ပေးလာလိမ့်မယ်လို့ ယုံကြည်ရပါတယ် ။ Official iOS 13 ကြီးကိုတော့ လာမယ့် September ကျမှသာ ထုတ်ပေးပါလိမ့်မယ် ။

ခင်ဗျား စိတ်ဝင်စားလွန်းနေတယ် ဆိုရင်တော့ iOS 13 Beta ကို install လုပ်လို့ ရပါပြီ ။ ဒါပေမယ့် ခင်ဗျား အထူးသတိထားရမယ့် ကိစ္စတွေ ဒီ Beta မှာ ရှိနေတယ်နော် ။ ဘာလို့ဆို Beta မှန်သမျှမှာ Bugs တွေ ၊ Errors တွေ ၊ Issues တွေ အများမှ အများကြီး ဖြစ်နေတတ်ကြလို့ပါပဲ ။

ဒီတော့ ကျနော့်ရဲ့ ပုဂ္ဂလိက အမြင်အရ ပြောရရင်တော့ ခင်ဗျားတို့ ဒီ iOS 13 First Beta Version ကို မတင်သင့်သေးဘူးခင်ဗျ ။ အဲဒီလို မတင်သင့်သေးကြောင်းကို အချက်အလက်တွေနဲ့ ကျနော်က ရှင်းပြမယ်ဗျာ ။

( 1 ) အပေါ်မှာ ပြောခဲ့သလိုပါပဲ အခု Apple ထုတ်ပေးတဲ့ iOS 13 ဟာ First Beta ပဲ ရှိပါသေးတယ် ။ ဒီတော့ Apple အနေဖြင့် iOS 13 ကို လုပ်စရာ အများကြီး ရှိနေ ကျန်နေသေးကြောင်း ခင်ဗျားတို့ ရှင်းရှင်းလင်းလင်း သိနိုင်ပါပြီ ။ iOS 13 Beta ရဲ့ Bugs တွေကြောင့် ခင်ဗျားရဲ့ iPhone , iPad တွေ အပေါ်မှာ အချို့ features တွေဟာ အလုပ် မလုပ်တာမျိုးတွေကိုလည်း ခင်ဗျား ကြုံတွေ့ရနိုင်ပါတယ် ။

နောက်ထပ်သော Beta တွေ ထွက်လာဦးမှာပဲ ဖြစ်ပါတယ် ။ Beta နံပါတ်တွေ တိုး တိုးလာသလို iOS 13 ကလည်း ပိုမိုပြီး Stable ဖြစ်လာမှာပဲ ဖြစ်ပါတယ် ။ ဒီတော့ ခင်ဗျားအနေနဲ့ ဒီ First Beta ကို မတင်သေးပဲ စောင့်ကြည့်နေသင့်ပါသေးတယ်လို့ အကြံပြုပါရစေ ။

( 2 ) အကယ်၍ ဒီ Beta ကို ခင်ဗျား အသုံးပြုခဲ့မယ်ဆိုရင် ဒီ Beta ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို Developers တွေ ဒါမှမဟုတ် Apple ကနေ မည်သည့် အကူအညီ ၊ Supports တွေမှ ရရှိမှာ မဟုတ်ပါဘူး ။ Developers တွေကို မေးရင်လည်း Developers တွေက ခင်ဗျားကို Final Version ကို စောင့်ပါဦးလို့ ပြောကြမှာပဲ ။ Apple ကလည်း fix လုပ်ပေးထားမယ့် နောက်ထွက်မယ့် Beta ကိုသာ စောင့်ပါလို့ ပြောမှာပဲ ။ ရှင်းရှင်းပြောမယ်ဗျာ ။ တကယ့် Developers ကြီးတွေတောင်မှ သူတို့ရဲ့ Primary Devices တွေမှာ ဒီလို Beta Versions တွေကို install မလုပ်ကြဘူးဗျ ။ iOS Beta Versions တွေ အပေါ်မှာ သူတို့ရဲ့ Apps တွေကို စမ်းသပ်ဖို့အတွက် သီးသန့်ထားထားတဲ့ Devices တွေကိုသာ အသုံးပြုလေ့ ရှိကြတာဗျ ။ ဒါကြောင့် ခင်ဗျားမှာ Devices အဟောင်း ဒါမှမဟုတ် Primary အဖြစ် အသုံးမပြုတဲ့ Devices အပို ရှိမှသာ ဒီ Beta ကို စမ်းသပ် ကြည့်သင့်တယ်လို့ ကျနော် အကြံပြုပါတယ် ။

( 3 ) Third-Party Apps ရဲ့ Developers တွေဟာ Latest iOS Version နဲ့ သူတို့ရဲ့ Apps တွေ ကိုက်ညီမှု ရှိအောင် ထုတ်ပေးထားတာပဲ ဖြစ်ပါတယ် ။ သာမန် အခြေခံ Apps တွေကတော့ ဒီ Beta အပေါ်မှာ ကောင်းမွန်စွာ run နိုင်ပေမယ့် ဂိမ်းလိုမျိုးတွေ ၊ အခြားသော Advanced Apps တွေကတော့ သူတို့ရဲ့ သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် Developers တွေရဲ့ Updated လုပ်ပြီးမှသာ iOS 13 Beta အပေါ်မှာ အလုပ်လုပ်နိုင်မှာပဲ ဖြစ်ပါတယ် ။ တစ်ခါတရံမှာဆိုရင် September မှာ ထွက်လာတဲ့ iOS ရဲ့ Golden Master Version အထိတောင် Updated မဖြစ်သေးတဲ့ Apps တွေကို တွေ့ရတတ်ပါသေးတယ် ။ ဒီတော့ Third-Party Apps တွေထဲမှာ ခင်ဗျားအတွက် အရေးကြီးပြီး အရေးပါတဲ့ Apps အချို့ ရှိနေပါက ဒီ iOS 13 Beta နဲ့ ခပ်ဝေးဝေးမှာ နေသင့်ကြောင်းပါခင်ဗျာ ။

( 4 ) သေချာပါတယ် ။ iOS 13 မှာ New Features အမြောက်အများ ပါဝင်လာမယ်ဆိုတာ ။ ဒါပေမယ့် ဒီ Beta တွေမှာတော့ အဆိုပါ Features အချို့ဟာ ပျောက်နေတာ ၊ မမြင်ရသေးတာမျိုးကတော့ ရှိနေမှာပဲ ဖြစ်ပါတယ် ။ September မှာ ထုတ်ပေးမယ့် Final Version မတိုင်မှီအထိတော့ ဒီပြဿနာတွေက ကြုံတွေ့နေရဦးမှာပဲ ဖြစ်ပါတယ် ။ Beta Versions အသုံးပြုသူများအနေဖြင့် ဒီပြဿနာတွေကြောင့် အချိန်ကြာလာလေ စိတ်ပျက်လာလေ ဖြစ်မှာလဲ မလွဲပါဘူး ။ ဒါကြောင့် ခင်ဗျားတို့အနေနဲ့ ဒီ Beta Version ကို မတင်သင့်သေးပဲ  Final Version ကို စောင့်ဖို့အတွက်ပဲ ကျနော်အကြံပေးပါရစေ ။

ဒါမှမဟုတ်ပဲ ခင်ဗျားဘာသာ ခင်ဗျား မနေနိုင် မထိုင်နိုင်လို့ ဒီ iOS 13 Beta Version ကြီးကို တင်မယ်ဆိုရင်တော့ ပြဿနာမျိုးစုံနဲ့ ခေါင်းကိုက်စရာ အပုံအပင်တွေက ရှေ့မှာ ခင်ဗျားကို စောင့်ကြိုနေကြကြောင်း သတိပေးလိုက်ပါရစေ ။

ကဲ … အပေါ်မှာတော့ iOS 13 Beta ကို မသုံးသင့် ၊ မတင်သင့်သေးကြောင်းတွေ ပြောပြပြီးသွားပါပြီ ။ အခုတဖန် အရမ်းကို သုံးကြည့်ချင်နေပါတယ် ၊ အရမ်းကို စမ်းသပ်ချင်နေပါတယ် ၊ Admins တွေ ပြောသလို ဟုတ် မဟုတ်လည်း သိချင်ပါတယ် ၊ အခြားသူတွေ ပြောလွန်းလို့ အရမ်း အရမ်းကို မရိုးမယွ ဖြစ်နေလို့ပါ ဒါတင်ပြီးလို့ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်နိုင်ပါတယ် တင်ပြီးရင် ပြီးရော ဆိုတဲ့ ဆိုတဲ့ ကိုကို မမတွေအတွက် iOS 13 Beta ကို လွယ်လွယ်ကူကူ တင်တဲ့နည်းလေးကို ပြောပြပါမယ် ။

PC ပေါ်က 3uTools နဲ့ တင်တဲ့ နည်းလေးပဲ ဖြစ်ပါတယ် ။ Data တွေ ပျက်ပါမယ် ။

• Backup လုပ်ထားရပါမယ် ။
• iCloud ကိုလည်း Sign Out လုပ်ထားလိုက်ပါ ။
• PC ကိုလည်း Internet Connection နဲ့ ချိတ်ဆက်ထားပါ ။
• PC နဲ့ iPhone / iPad ကို Data Cable နဲ့ ချိတ်ပါ ။
• ပြီးလျှင် 3uTool ကို ဖွင့်ပါ ။ ညာဖက်အောက်က Check Update ကို နှိပ်ပြီး Latest Update လုပ်လိုက်ပါ ။

• Flash & JB ခေါင်းစဉ်အောက်ကို ဝင်ပြီး iOS 13 Beta ကို Download လုပ်လိုက်ပါ ။ ( Import မလုပ်ပါနဲ့ ။ Internet Connection ကျလျှင် iTunes တန်းသွားတတ်လို့ပါ )
• iOS 13 Beta ကို Downloaded ပြီးပြီဆိုလျှင် ညာဖက်အောက်က Flash ကို နှိပ်လိုက်ရပါမယ် ။

• 3uTool ကနေပြီး ipsw file ကို Flashing လုပ်ပေးနေတာကို စောင့်ရပါမယ် ။

• ဒါကတော့ Flash နေစဉ် iPhone / iPad မှာ မြင်တွေ့ရမယ့် အနေအထားပါ ။

• 3uTool မှာတော့ iOS 13 Beta ကို Flash လို့ ပြီးပါပြီ ။

• iPhone / iPad ပေါ်မှာတော့ လုပ်ငန်းစဉ်တွေ မပြီးသေးပါဘူး ။ ဒါကြောင့် စောင့်ကြည့်ရပါဦးမယ် ။

• အခုတော့ ပြီးသွားပါပြီ ။

• Continue ကို နှိပ်ပြီး သွားရပါမယ် ။

• WiFi ရှိလျှင် ချိတ်ဆက်ပေးပါ ။ မရှိလျှင် အပေါ်က Next ကို နှိပ်ပါ ။

• Agree ကို နှိပ်ပါ ။

• Continue ကို နှိပ်ပါ ။

• iOS 13 ရဲ့ နာမည်ကျော် Dark Mode ကို တိုက်ရိုက် အသုံးပြုချင်လျှင် Dark ကို Select ပေးပြီး Continue ကို နှိပ်သွားပါ ။

• Get Started ကို နှိပ်ပြီး iOS 13 Beta ကို စတင်ခံစား အသုံးပြုနိုင်ပါပြီ ။

• Dark Mode ကို အသုံးပြုထားတဲ့ Setting ရဲ့ မြင်ကွင်းလေးပါ ။

• Setting >> General >> About ထဲက မြင်ကွင်းပါ ။

• iOS 13 ရဲ့ Assistive Touch ပါ ။ iOS 13 မှာ Assistive Touch ကို Touch လို့ပဲ ခေါ်ပါတော့တယ် ။ အဆိုပါ Assistive Touch ကို အသုံးပြုချင်ရင်တော့ Setting >> Accessibility >> Touch မှာ Enable လုပ်ပေးရပါမယ် ။ အရင်လို General ထဲ ဝင်စရာ မလိုတော့ပါဘူး ။

ကဲဗျာ … ကျနော်ကတော့ iOS 13 Beta ကို 3uTool ကနေ Install လုပ်နည်း ပြောပြပေးပြီးသွားပါပြီ ။ ကျနော် ထပ်မံပြီး ယူစာတွေကို သတိပေးပါတယ် ။ Beta Versions တွေကို မသုံးသင့် မတင်သင့်ပါဘူး ။

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
875 Shares