05/25/2020

ကိုဗစ် ရှိနေသူ-အနားရောက်ခဲ့ဖူး တာနဲ့ အသိပေး နိုင်မယ့် iOS 13.5

9K Shares

ကမ္ဘာ့ ထိပ်သီး Tech Giant ကြီးတွေ ဖြစ်တယ့် Apple & Google မှ COVID-19 ရောဂါပိုး ရှိသူ၏ အနားရောက် ခဲ့ဖူးတာနဲ့ ချက်ချင်း အသိပေး နိုင်မည့် Bluetooth အသုံးပြု နည်းပညာ တစ်မျိုးကို develop လုပ်နေကြပါတယ်

ဒီနည်းပညာဟာ iOS 13.5 မှ iPhone ပေါ စတင် ရောက်ရှိမှာ ဖြစ်ပြီး iOS 13.5 ကတော့ တရားဝင် မထွက်ရှိသေး ပါဖူး။ အဆိုပါ နည်းပညာဟာ Bluetooth တစ်မျိုးတည်း ကိုသာ အသုံးပြုတာ ဖြစ်ပြီး Location ဆက်စပ် GPS တို့ကို အသုံးပြုခြင်း လုံး မလုပ်ပါ။

တကယ်လို့ သင်ဟာ iOS 13.5 ကို တင်ပြီး လိုက်ပြီ ဆိုရင် အဆိုပါ နည်းပညာကို အသုံးပြုနိုင်မယ့် “Exposure notification” setting ဟာ အလိုလျောက် ပွင့်နေပြီးသား ဖြစ်နေမှာပါ။ လက်ရှိမှာတော့ အဆိုပါ နည်းပညာဟာ အလုပ်လုပ် နိုင်ဖို့ ပြည်တွင်း အစိုးရရဲ့ အကူညီ ပါတယ့် App ကို download ရယူ ထားဖို့ ဦးစွာ လိုအပ် နေပါတယ်။

Apple ဟာ အဆိုပါ App ကို May လ အလယ် လောက်မှာ မိမိတို့ နိုင်ငံ သက်ဆိုင်ရင် Region အသီးသီးမှ Download ရယူ သုံးဆွဲ နိုင်မယ် လို့ ဆိုထားပါတယ်။ App ဟာ ကောင်းစွာ အလုပ်လုပ် ဖို့ ပြည်တွင်း အစိုးရရဲ့ ကျန်းမာရေး အချက်လက် ထောက်ပံ့မှု အပေါ များစွာ မှီခို လျက်ရှိပါတယ်။

ဒီ Feature ကို စတင် အသုံးပြုတာ နဲ့ မိမိ Bluetooth လှမ်းဆွဲနိုင်တယ့် (ဥပမာ-ပေ၃၀) အကွာအဝေး အတွင်းရှိ ရှိနေသမျှ iPhone Android အားလုံးကို လျှက်ဝက် key တစ်မျိုး အဖြစ် မိမိ ဖုန်းမှာ မှတ်သား ထားမှာပါ။ ၁၄ ရက် ထိ ထိုမှတ်သား ထားသမျှ ကို ဖျက်မှာ မဟုတ်ပဲ ၁၄ ရက်အတွင်း ရယူထားသမျှ ဖုန်းများ၏ ပိုင်ရှင် တစ်ယောက်ယောက် ဟာ Positive လူနာ အဖြစ် အစိုးရမှ ထုတ်ပြန် လိုက်တာနှင့် သူ့အနား ရောက်ခဲ့ဖူးသော သင့်ကို သင့်ဖုန်းမှ notification များပို့ခြင်း ဖြင့် အသိပေး နိုင်မှာပဲ ဖြစ်ပါတယ်။

Apple & Google ကတော့ နှစ်ကုန်ကြရင် ဒီ နည်းပညာကို သီးခြား App တစ်ခု၏ အကူညီ မလိုအပ်ပဲ ကိုယ်ပိုင် အသိညဏ် ဖြင့် အလုပ်လုပ် နိုင်မယ် လို့ ကတိပေး ထားကြပါ သေးတယ်။ ဒီနေ့ မနက်ကပဲ Apple ဟာ iOS 13.5 developer beta ဖြစ်တယ့် COVID-19 ပထမဆုံး Version ကို ထုတ်ပေး ထားပါတယ်။

တကယ်လို့ သင်ဟာ beta တင်ထားပြီး ဒီ Feature ကို ကြည့်ကြည့် ခြင်ရင်တော့ Settings-Privacy-Health-COVID 19 Exposure notifications ကို ဝင် စစ်ကြည့် နိုင်ပါတယ်။ တစ်ခု သိထားရမှာက ဒီ Feature က ပါပေမယ့် အလုပ်မဖြစ် သေးပါဖူး App ရောက်လာမှ အသုံးချ နိုင်မှာပဲ ဖြစ်ပါတယ်။

9to5Mac မှ ဖော်ပြပါသည်
Image from 9to5Mac

12 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။