iOS 13 အသုံးပြုထားသည့် iPhone ပေါ်ကနေ Street View တွေ ကြည့်လို့ရမယ့် Feature ဖြစ်တဲ့ Look Around ကို အသုံးပြုနည်း …

344

Apple Maps ဟာ iOS 13 မှာတော့ ကြီးကြီးမားမား Update ကြီးကို ရရှိခဲ့ပါတယ် ။ Apple ဟာ App ကိုပဲ Update ပေးခဲ့တာ မဟုတ်ပါဘူး ။ Google ၏ Street View လိုမျိုး Look Around Feature ကိုလည်း ထည့်ပေးခဲ့ပါတယ် ။

Look Around ဆိုတာ ဘာလဲ ? ဘယ်နေရာမှာ အသုံးပြုလို့ ရမလဲ ?

Apple Maps ရဲ့ Look Around ဟာ Google Maps ၏ Street View နဲ့ ဆင်တူပါတယ် ။ သင့်ရဲ့ iPhone ရောက်ရှိနေတဲ့ Area ပတ်ဝန်းကျင် အနေအထားတွေကို 360 Degree ဖြင့် ပြသပေးမှာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း Look Around ဟာ Apple Maps အတွင်းရှိ Every Street or Location တွေ အားလုံးကို 360 Degree ဖြင့် ပြသပေးနိုင်မှာ မဟုတ်ပါဘူး ။ အမေရိကန်နိုင်ငံအတွင်းရှိ မြို့အချို့ရဲ့ နေရာတွေကို အကန့်အသတ်နဲ့သာ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ် ။ နောက်ပြီး Apple ရဲ့ ခွင့်ပြုပေးထားတဲ့ ကမ္ဘာပေါ်က မြို့အချို့တွေမှာလည်း ရပါမယ် ။

Apple Maps ပေါ်က Look Around ကို ဘယ်လို အသုံးပြုရမလဲ ?

Look Around ကို အသုံးပြုဖို့ သင့်အနေဖြင့် Look Around Data ကို အသုံးပြုနိုင်မယ့် Location or City မှာ ရောက်နေ , ရှိနေရပါမယ် ။

* Apple Maps ကို ဖွင့်ပါ ။
* ရောက်ရှိနေတဲ့ City က Location ကို Navigate ဖြစ်အောင် လုပ်ပါ ။ ( Internet Data ဖွင့်ထားရင် Location ကို Navigate လုပ်ပြီး ပြပါလိမ့်မယ် )
* Look Around ကို Available ဖြစ်တယ်ဆိုလျှင် ညာဖက်အပေါ်မှာ Binoculars Icon ( မှန်ပြောင်းပုံအိုင်ကွန် ) လေးကို မြင်တွေ့ရပါလိမ့်မယ် ။
* မှန်ပြောင်းပုံအိုင်ကွန်လေးကို နှိပ်ပါ ။ Look Around Card က Popup အနေဖြင့် Screen မှာ ပေါ်လာပါလိမ့်မယ် ။
* အခု သင့်ရဲ့ လက်ချောင်းလေးတွေနဲ့ ပတ်ဝန်းကျင်ကို ရွှေ့ယူပြီး ပတ်ပတ်လည်လည်ကို 360 Degree View ဖြင့် ကြည့်လို့ ရပါပြီ ။
* Full-Screen Mode ဖြင့် ကြည့်ရှုချင်ပါက ဘယ်ဖက်အပေါ်က Look Around Card ကို နှိပ်ပြီး ကြည့်လို့ ရပါမယ် ။

Apple Maps ၏ Look Around ဟာ Google Maps ၏ Street View ထက် အသုံးပြုရ ပိုမို ကောင်းမွန်ပါတယ် ။ ဒါပေမယ့်လည်း ပြဿနာက Look Around ရဲ့ Street View Database က သိပ်ပြီး မရှိသေးတာပါပဲ ။ ကမ္ဘာပေါ်က မြို့အချို့မှာသာ လက်ရှိအနေဖြင့် အသုံးပြုလို့ ရသေးတာကတော့ သူ့ရဲ့ အကြီးမားဆုံးသော အားနည်းချက်ပါပဲ ။ နောက် ( ၁ ) နှစ် , ( ၂ ) နှစ်လောက်ဆိုရင်တော့ Street View Database လည်း ပြည့်စုံလောက်ပြီမို့ Apple Maps ရဲ့ Look Around ဟာ ပိုမိုပြီး အသုံးဝင်လာလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း ။

Ref : Rajesh Pandey

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
727 Shares