iOS 13 ရဲ့ Safari ကနေ YouTube Videos တွေကို Download ဆွဲနည်း

1043

မနေ့က iOS 13 ရဲ့ Safari ကနေ Videos တွေ တိုက်ရိုက် ဒေါင်းလို့ရကြောင်းပြောတော့ ယူစာတွေ စိတ်ဝင်တစား ဖြစ်ကြတာကို တွေ့ရပါတယ် မေးကြ မြန်းကြနဲ့ပေါ့

အဲဒီအထဲကမှ YouTube က Musics တွေ , Videos တွေကိုရော ဒေါင်းလို့ ရသလားပေါ့ အာ့ဒီမေးခွန်းကိုတော့ Admin လည်း အရမ်း စိတ်ဝင်စားမိပါတယ် ဘာလို့ဆို Channel Myanmar က တင်ပေးထားတဲ့ Videos တွေကို ဒေါင်းလို့ရကြောင်း Admin ကိုယ်တိုင် စမ်းသပ် ဒေါင်းလုတ်ဆွဲပြီးပြီမို့ သိနေပေမယ့် YouTube ကိုတော့ မစမ်းကြည့်ရသေးလို့ပါပဲ

စမ်းပါပြီ

မရပါဘူး

Playing ပဲ သွားပါတယ်

ဇွဲမလျော့ပါဘူး

နောက်တစ်မျိုး ထပ်စဉ်းစားပြီး စမ်းပါတယ်

ရပါပြီ

ဟုတ်ကဲ့ပါ

YouTube က Musics တွေ , Videos တွေကို Download ဆွဲလို့ ရပါပြီခင်ဗျာ ။ Admin ဆွဲတဲ့ နည်းလမ်းလေးကို အောက်မှာ ပုံနှင့်တကွ ပြပေးထားပါတယ်

ယူစာတွေအတွက် အခု အသုံးမဝင်နိုင်သေးပေမယ့် နောင် iOS 13 ကို Official ထုတ်ပေးလာတဲ့အခါမှာ အမှန်တကယ် အသုံးဝင်လာကြမှာမို့ ဒီပို့စ်လေးကို Save လုပ်ထားကြပါလို့

ကိုယ် Download ဆွဲချင်တဲ့ YouTube ထဲက Videos Link ကို ယူပါ Share ကိုနှိပ်ရမှာပေါ့

ဒီစာတန်းလေးကို ခပ်ကြာကြာလေး ဖိလိုက်ရပါမယ်

ဒီလိုမျိုး ပေါ်လာရင် Copy ကို နှိပ်လိုက်ရပါမယ်

ဒါကတော့ Safari ရဲ့ အပေါ်က Search နေရာလေးမှာ ရိုက်ထည့်ပေးရမှာပါ ။ Admin ကတော့ Third Party Online Downloader ကို pickvideo.net ကိုပဲ အသုံးများပါတယ်

ဒါကတော့ Unicode Option ကို ဝင်နေတာပါ ဒါမျိုးဖြစ်နေရင် Web တွေမှာ Zawgyi Font လည်း အမှန်ကို မပြပါဘူး အာ့နေရာလေးကို ခပ်ကြာကြာလေး ဖိထားလိုက်မှ

ဒီလိုမျိုး အမှန်ပေါ်လာပါလိမ့်မယ်

ဒီနေရာလေးမှာ YouTube က Copy ယူလာတဲ့ Links ကို Paste ချပေးရပါမယ် ပြီးရင် Download ကို နှိပ်ရပါမယ်

ဒါကတော့ Ads လင့်ထဲ ဝင်သွားလို့ Close Tabs ကို လုပ်ပေးနေတာပါ

ဒီနေရာကို ရောက်ရင် အောက်က Download တွေကို တန်းပြီး မနှိပ်ပါနဲ့ နှိပ်လိုက်ရင် ဒေါင်းသွားပေမယ့် Videos တွေကို ကြည့်လို့ ရမှာ မဟုတ်လို့ပါ

ဒါကြောင့် ဒီ Convert Video ကို အရင်ဆုံး နှိပ်လိုက်ရပါမယ်

Converting လုပ်နေတာကို ခေတ္တစောင့်ပေးရပါမယ် မကြာပါဘူး

ရပါပြီ

Download Video ကို နှိပ်ပေးလိုက်ပါ

Safari က Download ဆွဲမလားတဲ့ 😁

ဟုတ်ကဲ့ Download ပါ

ကဲပြီးပါပြီ

YouTube က Musics တွေ , Videos တွေကို ဒီနည်းလမ်းလေးနဲ့ iOS 13 ရဲ့Safari ပေါ်ကနေ ဒေါင်းလို့ ရပါကြောင်း ဒါနဲ့ ဒီနည်းလမ်းက YouTube ပေါ်က Videos တွေကို HD Quality နဲ့ ဒေါင်းပေးတာနော်

အားလုံးချမ်းမြေ့ကြပါစေ

ဇာနည် ( iOS Banker Myanmar )

Facebook Comments
2K Shares