iOS 13 ရဲ့ Feature အသစ် Full Screen Shot ရိုက်ယူနည်း

3813

ဟုတ်ပါတယ်

iOS 13 မှာ Full Screen Shot ရိုက်ယူလို့ ရပါပြီ

ဘယ်နေရာမှာ ရိုက်ယူလို့လဲ ?

ဆိုတော့ Safari မှာ Websites တွေကို ကြည့်ရင်း လိုအပ်လို့ Ss ရိုက်ယူမယ်ဆိုလျှင်Full Screen အပြည့် သိမ်းဆည်းနိုင်ပါပြီ

နမူနာအနေဖြင့် ကျနော် AssistiveTouch ကနေ Screen Shot ရိုက်ကြည့်ပါမယ်

Default အနေဖြင့် Screen ကို ရွေးထားပါတယ် Screen ကတော့ မျက်စိရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းလေးကိုပဲ Ss ရိုက်ယူပေးမှာ ဖြစ်ပါတယ်

ကဲ ဒါကတော့ Full Page Screen Shot ပဲ ဖြစ်ပါတယ် သူ့ကို နှိပ်ပေး ရပါမယ်

ကြည့် .. အလန်းဗျနော်

Full Page Ss ကို Files ထဲမှာ Save ပေးသွားမှာပါ ဆိုတော့ Save All to Photos and Files ကို နှိပ်ပေးလိုက် ရပါမယ်

Ss ရိုက်ယူထားတဲ့ဟာကို Save ထားချင်တဲ့ နေရာ ရွေးပေး ရပါမယ် On My iPhone ဆိုတဲ့ ဖုန်းပေါ်မှာပဲ သိမ်းဆည်းထားမလား iCloud Drive ဆိုတဲ့ iCloud ပေါ်ကိုပဲUpload ထားမလား နှစ်သက်ရာကို Select လုပ်ပေးရုံပါပဲ

ကျနော်ကတော့ On My iPhone ကိုပဲ ရွေးလိုက်ပါတယ်

နေရာရွေးပြီးတော့ ညာဖက်အပေါ်က Save လေးကို နှိပ်ပေးလိုက် ရပါမယ်

Edit လုပ်ချင်ရင်လည်း ရတယ်နော် အောက်မှာ Editing Tools တွေ ရှိပါတယ်

ဒါကတော့ Files App ထဲကို ဝင်ကြည့်လိုက်တာပါ စောစောက ကျနော် Full Page Ss ရိုက်ယူလိုက်တဲ့ဟာကို တွေ့ရပါပြီ ဒါလေးက Ss ပုံလေးပဲ ဖြစ်ပါတယ်

iOS 13 Full Page Ss ဟာ အခြားသော Third Party Screen Shot Apps တွေလိုPNG or JPG Files လိုမျိုးနဲ့ ထုတ်မပေးပါဘူး File Format ကို PDF File အနေနဲ့ပဲ ထုတ်ပေးပါတယ်

အားလုံးချမ်းမြေ့ကြပါစေ

ဇာနည် ( iOS Banker Myanmar )

Facebook Comments
778 Shares