iOS 13 ရဲ့ Dark Mode

643

New Features အပုံအပင်နဲ့ iOS 13 လာပါပြီ ။

ကြီးမား သိသာတဲ့ ပြောင်းလဲမှုအဖြစ်နဲ့ Dark Mode ထွက်လာပါပြီ ။

နောက်ဆုံးတော့ Apple ဟာ Native System-Wide Dark Mode ကို iOS အတွက် ထည့်ပေးလာပြီပဲ ဖြစ်ပါတယ် ။ LCD Display အသုံးပြုထားတဲ့ iPhone XR ပေါ်မှာတောင် Dark Mode က သိပ်ကို လန်းတဲ့ UI ဒီဇိုင်းတွေကို ပေးစွမ်းနေမှတော့ OLED Display အသုံးပြုထားတဲ့ iPhone တွေပေါ်မှာတော့ သိပ်ကို ပဏာရပြီပေါ့ဗျာ ။

Apple ဟာ iOS 13 ရဲ့ Dark Mode မှာ အတော်များများ တွေးစရာတွေကို ထည့်ပေးလာတယ် ထင်ရသလိုပဲ ။ သာမန် Black Background အဖြစ် ပြောင်းလဲ ပေးလိုက်တာမျိုး မဟုတ်ပဲ ( ဒါမျိုးက စာဖတ်ရတာ နည်းနည်းတော့ အဆင်မပြေဘူးပေါ့လေ ) Dark Background ကို ကွဲပြားတဲ့ Shades တွေအဖြစ် အသုံးပြုထားတာဖြစ်လို့ စာဖတ်ရတာ ပိုပြီး လွယ်ကူစေမှာကတော့ သေချာလှပါတယ် ။

သေချာတာကတော့ Dark Mode ရဲ့ ခလုတ်ဟာ iOS 13 ရဲ့ Control Center ( ဒါမှမဟုတ် ) Setting >> Display အောက်မှာ ရှိနေမယ် ဆိုတာပါပဲ ။ ကဲ .. အောက်က ပုံလေးတွေကို ကြည့်လိုက်ရင် iOS 13 ရဲ့ Dark Mode ဟာ ဘယ်လို ဘယ်ပုံဆိုတာကို သိသွားပါလိမ့်မယ် ။

Control Center မှာ Dark Mode ကို Enable လုပ်ထားတဲ့ ပုံ ။

Setting >> Display & Brightness ကနေ Dark Mode ကို Enable လုပ်ရမယ့်ပုံ ။

Dark Mode ကို After Sunset ( or ) Custom Schedule ဖြင့် အလိုအလျှောက် Enable ဖြစ်စေမယ့်ပုံ ။

Dark Mode ကြောင့် Safari တစ်ခုလုံး ပြောင်းလဲသွားပုံ ။

iOS 13 ရဲ့ New Reminders App

Dark Mode ကို Enable လုပ်ထားသည့် Health App ရဲ့ ချစ်စရာကောင်းတဲ့ပုံ ။

iOS 13 ရဲ့ System Apps အချို့ Dark Mode Enable ဖြစ်သွားပုံ ။

 

iOS 13 ရဲ့ Dark Mode ကြောင့် App Store ကြီးတောင် ပြောင်းလဲသွားပုံ ။

Files App တောင်မှ Dark Mode ဖြင့် လန်းနေပုံ ။

iOS 13 ရဲ့ Share Menu အသစ်ကို Dark Mode ဖြင့် မြင်တွေ့ရပုံ ။

Widgets တွေကို စာဖတ်ရတာ လွယ်ကူစေဖို့ Darker Background Shade ဖြင့် မြင်တွေ့ရပုံ ။

Colorful Icons တွေနဲ့ Setting App ကြီးကို Dark Mode ဖြင့် လန်းနေတာကို မြင်တွေ့ရပုံ ။

Okay ?
အခုတော့ ယူစာတွေ အမြဲ မျှော်လင့်တောင့်တ နေခဲ့ရတဲ့ Dark Mode Feature ကြီး iOS 13 မှာ Built-in ပါလာပါပြီ ။ ပုံတွေကို ကြည့်ပြီး Dark Mode ဘယ်လောက် လန်းကြောင်း သိကြလိမ့်မယ် ထင်ပါတယ် ။ ဆိုတော့ Official ထွက်မယ့် iOS 13 ကို September လအထိ ကျနော်တို့ရဲ့ Up to Date သတင်းတွေကို စောင့်ဖတ်ရင်း မျှော်နေကြပါဦးလို့ ။

Via Rajesh Pandey

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

 

 

Facebook Comments
2K Shares