iOS 13 ရဲ့ Beta 2 ကို ဘယ်တော့ ထုတ်ပေးမှာလဲ

841

iOS 13 ရဲ့ Beta 2 ကို ဘယ်တော့ Update လုပ်ရမလဲဆိုပြီး မျှော်နေကြလားဗျ ။ ဟုတ်ပြီလေ iOS 13 နဲ့ iPadOS 13 တို့ရဲ့ Second Beta ဘယ်တော့ထွက်မလဲဆိုတာကို အောက်မှာ ပြောပြထားတယ်ဗျ ။

ဒီကနေ့ပဲ Apple ဟာ iOS 12.4 ရဲ့ Beta 4 ကို Developers တွေဆီ ထုတ်ပေးခဲ့ပါတယ် ။ ဒါဆို iOS 13 ရဲ့ Second Beta ကရော ဘယ်မလဲ ။ လက်ရှိ iOS 13 ရဲ့ First Beta ဟာ Everyone အတွက် မဟုတ်ပါဘူး ။ Developers တွေ စမ်းသပ်ဖို့အတွက် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ် ။

ဒါကြောင့်လည်း iOS 13 ရဲ့ First Beta ကို OTA နဲ့တောင် တင်လို့ မရခဲ့ပါဘူး ။ PC or Mac နဲ့ ချိတ်ပြီး တင်မှပဲ ရခဲ့တာပါ ။ First Beta လို့ဆိုသည့်အတိုင်း Errors & Bugs တွေ မကင်းစင်ခဲ့ပါဘူး ။ Apps အတော်များများ Support မလုပ်ကြသေးပါဘူး ။ အချို့ Apps တွေမှာဆို Crash ဖြစ်နေပါတယ် ။ ဆိုတော့ Apple အနေဖြင့် iOS 13 ရဲ့ Second Beta ကို မကြာခင်မှာ ထုတ်ပေးသွားဖွယ် ရှိပါတယ် ။ ဒီ Errors တွေကို Fixes လုပ်ပေးပြီးတော့ပေါ့ ။

ပြီးခဲ့သည့် နှစ်တွေအတွင်း ထုတ်ပေးခဲ့သည့် Beta Versions တွေမှာတော့ First Beta နဲ့ Second Beta တို့အကြား ရက်ပေါင်း ( ၁၅ ) ရက်ပဲ ကွာကြတာကို တွေ့ရှိရပါတယ် ။ ဒီတော့ Apple ဟာ သူ့ရဲ့ အစဉ်အလာကို မချိုးဖျက်ဘူးဆိုရင်တော့ iOS 13 ရဲ့ Second Beta ကို June , ( ၁၈ ) ရက်နေ့မှာ ထုတ်ပေးသွားဖွယ် ရှိပါတယ် ။

iOS 13 First Beta ကို တင်ပြီး အစမ်းသုံးနေတဲ့ ယူစာတွေကတော့ အဆိုပါ iOS 13 Beta 2 ကို မျှော်လင့်နေကြမှာကတော့ အသေအချာပါပဲ ။ First Beta မှာ ကြုံတွေ့နေရတဲ့ Bugs တွေကို Fixes လုပ်ပေးထားတဲ့ Beta 2 ကို မမျှော်ပဲနေမယ့်သူ ဘယ်သူမှ ရှိမယ် မထင်ပါဘူး ။

ဘာပဲဖြစ်ဖြစ် သိထားရမှာက iOS 13 ဟာ ထွက်ဖို့ ရက်တွေ အစောကြီး လိုပါသေးတယ် ။ ဘာလို့ဆို တကယ်ထွက်မှာက လာမယ့် စက်တင်ဘာလမှာ ဖြစ်ပါတယ် ။ ကြားထဲမှာ Beta Versions အမြောက်အများ ထပ်ပြီး ထွက်ပါဦးမယ် ။

iOS 13 ရဲ့ Beta 2 ကို နောက်တစ်ပါတ်ထဲမှာ Release ပေးသွားမှာဖြစ်ပြီး Beta 1 က Features တွေကို မဖြုတ်ပစ်ပဲ ဒီအတိုင်းလေး ပြန်ပါလာလိမ့်မယ်လို့တော့ မျှော်လင့်နေမိကြောင်းပါ ။

ကျနော့အနေနဲ့ Apple ဟာ iOS 13 ရဲ့ Beta တွေကို ဘယ်နှခုလောက် ထုတ်ပေးမလဲဆိုတာကို အသေအချာ မပြောနိုင်ပါဘူး ။ ဒါပေမယ့် Apple ဟာ သူတို့ရဲ့ iOS 13 အပါအဝင် iPadOS 13 , watchOS 6 , tvOS 13 နဲ့ macOS 10.15 Catalina တို့ကို မသေချာသေးပဲနဲ့တော့ Public ကို ချပေးမှာ မဟုတ်ဘူးဆိုတာကတော့ သေချာနေကြောင်းပါခင်ဗျား ။

Via Oliver Haslam

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
789 Shares