iOS 13 မှာ Zawgyi လည်း ပါတယ် ၊ Safari ကနေ Videos တွေလည်း ဒေါင်းလို့ရပြီဗျို့ …

2233

အားလုံးမင်္ဂလာပါခင်ဗျာ 😁

iOS Banker Myanmar မှ နှုတ်ခွန်းဆက်သပါတယ်ခင်ဗျာ

iOS 13 မှာ ယူစာတိုင်း စိတ်ဝင်စားမယ့် သတင်း ( ) ခု ရှိပါတယ် အဲဒါတွေကတော့

( ) iOS 13 မှာ Built-in Zawgyi Font နဲ့ မြန်မာစာ Keyboard ပါဝင်လာပါပြီ

( ) iOS 13 ရဲ့ Safari ကနေ Videos တွေ ကို တိုက်ရိုက် Download ဆွဲနိုင်ပါပြီ

ဘယ်လိုလဲဗျ

စိတ်ဝင်စားပြီး iOS 13 ကို အရမ်းကို လိုချင်သွားကြပြီ မဟုတ်လားဗျ

ခဏတော့ စောင့်ကြပါဗျာ

အခုမှ Beta Version ပဲ ရှိသေးတာဖြစ်လို့ Errors တွေ , Bugs တွေ ပါနေသေးလို့ပါဗျ

( ) Zawgyi ( Noto San Font ) &  မြန်မာစာ Keyboard with iOS 13

iOS 13 မှာ Built-in အဖြစ် Noto San Zawgyi Font ကို ထည့်ပေးလာပါတယ် iOS 13 Beta ကို အသုံးပြုနေတဲ့သူများအနေဖြင့် အဆိုပါ Zawgyi Font ကို အသုံးပြုချင်ရင်တော့ Setting >> General >> Language & Region >> Add Language ကို နှိပ်ပြီး မြန်မာစာ ( Burmese ) ကို Select လုပ်ပေးလိုက်ရပါမယ်

ပေါ်လာတဲ့ စာတွေထဲက Prefer English ကို နှိပ်သွားရပါမယ်

ခဏစောင့်ပြီးရင် Language & Region ထဲကို ပြန်ဝင်ပြီး မြန်မာစာ ( Burmese ) ကို နှိပ်ပြီး ဝင်ပါ

ပုံထဲကလို Zawgyi ကို Select လုပ်ပေးလိုက်ရင် iOS 13 Built-in Noto San Zawgyi Font ကို အသုံးပြုလို့ ရပြီပဲ ဖြစ်ပါတယ် ( အပေါ်က Standard ကိုSelect လုပ်ပေးရင်တော့ Unicode Font ကို အသုံးပြုလို့ ရမှာ ဖြစ်ပါတယ် ။ )

Third Party Font များကိုတော့ Install လုပ်လို့ ရပါမယ် ။ အသုံးပြုလို့တော့ မရသေးပါဘူး ။ နောက်ထွက်လာမယ့် Beta တွေမှာတော့ Support လုပ်လာလိမ့်မယ်လို့ ထင်ပါတယ် ။

iOS 13 Built-in Keyboard မှာ မြန်မာစာ Keyboard ကို ထည့်သွင်းချင်တယ်ဆိုရင်တော့ Setting >> General >> Keyboard >> Keyboards >> Add New Keyboard >> Burmese ကို Select လုပ်ပေးလိုက်ရပါမယ်

ဒါဆို iOS 13 Built-in Keyboard မှာ မြန်မာစာ Keyboard ကို ထည့်သွင်းပြီးလို့ အသုံးပြုနိုင်ပါပြီ ( Keyboard မှာ အရမ်းကြီး မပြည့်စုံသေးပါဘူး နောက်ကျရင်တော့ ဒီ့ထက် ပိုပြည့်စုံလာဖို့ မျှော်လင့်ရပါတယ် ။ ဒါကြောင့် အခုတော့ ttKeyboard ကိုပဲ ထည့်သုံးရပါဦးမယ် )

( ) iOS 13 Safari ကနေ Videos များကို တိုက်ရိုက် Download ဆွဲနိုင်ပါပြီ

ဟုတ်ပါတယ်

Admin ကိုယ်တိုင် Channel Myanmar က တင်ထားတဲ့ Video တစ်ခုကို စမ်းဒေါင်းကြည့် ပြီးပါပြီ

အခုမှ စမ်းသပ် ဒေါင်းလုတ်ဆွဲကြည့်တာဖြစ်လို့ Channel Myanmar ကOpenload နဲ့ တင်ပေးထားတဲ့ Video တစ်ခုကိုပဲ Download ဆွဲရပါသေးတယ်

Third Party Downloader တွေရဲ့ Download Speed ကို သနားတယ်လို့ Safari က ပြောသွားပါပြီ တကယ်ကို မြန်တာပါ 450 MB လောက်ရှိတဲ့ Video ဖိုင်ကိုCellular Data နဲ့ ဒေါင်းရာ မိနစ်ပိုင်းလေးပဲ ကြာပါတယ် အတိအကျဆိုရင် ( ) မိနစ်နဲ့ ( ၄၇ ) စက္ကန့်ပါ ဒေါင်းလုတ်ဆွဲနေစဉ် Safari ကနေ ထွက်ပြီး Screen Off ထားကြည့်တာလည်း Background မှာ ဆက်ပြီး Downloading လုပ်ပေးနေပါတယ်

————————————

ဒေါင်းပြီးသွားတဲ့ Video ဖိုင်ကို Files App ထဲက Downloads ဆိုတဲ့ Folder ထဲကို ပို့ပေးနိုင်ပါတယ် Video ကိုလည်း အဆိုပါ Downloads Folder ထဲကနေ ကြည့်ရှုနိုင်ပါတယ် Photos App ထဲကို Move ဖို့တော့ Admin ရှာမတွေ့ခဲ့ပါဘူး ဒီBeta Version မှာ မပါသေးတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ အရင်က iOS ရဲ့ Safari Browser ဟာ Google Search သုံးရုံလောက်ပဲ လုပ်နိုင်ခဲ့ရာကနေ အခုလို Downloader Browser တစ်ခုအဖြစ် ပြောင်းလဲပေးလိုက်တဲ့ iOS 13 ကို Admin ကတော့ အသေခိုက်သွားပြီဗျာ ခင်များတို့ရော ဘယ်လိုလဲဗျ iOS 13 ကို ကြိုက်သွားကြပြီမလား

iOS 13 ဟာ အခုမှ Beta ပဲ ရှိပါသေးတယ် Official ကိုတော့ လာမယ့်September လကျမှသာ ထုတ်ပေးမှာ ဖြစ်ပါတယ် Errors တွေ , Bugs တွေ ကြောက်တယ် မကြုံချင်ဘူးဆိုတဲ့ Normal Users များကတော့ iOS 13 Beta ကို မစမ်းကြည့်သင့်သေးပါဘူး Official ထွက်လာမယ့်အချိန်အထိ ခဏလောက် စောင့်ကြပါ

အားလုံးချမ်းမြေ့ကြပါစေ

ဇာနည် ( iOS Banker Myanmar )

Facebook Comments
6K Shares