iOS 13 မှာ Built-in ပါလာသည့် Photos Editing Features အသစ်များ

2458

Apple ဟာ iOS 13 Photos App ကို ပြောင်းလဲမှုတွေ လုပ်ပေးထားပြီး Improve ဖြစ်အောင်လည်း လုပ်ထားပါတယ်

Photos Edit လုပ်ရာမှာ ဘယ်လိုတွေ တိုးတက်မှု ရှိလာလည်း ကြည့်လိုက်ရအောင်ဗျာ

နမူနာပြဖို့အတွက် ကျနော်က Screen Shot ရိုက်ယူလိုက်ပါတယ် ဒီအတိုင်းပဲ Save လုပ်မလား Editing ပြန်လုပ်မလား ဆိုတာကို ရွေးချယ်လို့ ရပါမယ်

ကျနော် Ss ယူထားတဲ့ ပုံပေါ်မှာ စာရေးတာ ဘာညာ ဒီကနေ လုပ်လို့ ရပါတယ်

ဒီ ( + ) ဟာလေးကို နှိပ်ပြီး ….

  • Text ( စာတန်းထည့်နိုင် )
  • Signature ( လက်မှတ် Sign )
  • Magnifier ( တစ်နေရာထဲကွက်ပြီး ကြီးစေချင်တာ ထင်ရှားစေချင်တာ)
  • မျှားတို့ Square Box တို့ ထည့်ချင်ရင်လည်း ထည့်နိုင်ပါတယ်

ဒါတွေကတော့ အရင် iOS တွေမှာထဲက Built-in ပါလာပြီးသား Features တွေပဲ ဖြစ်ပါတယ်

Screen Shot မှာ ဒီလိုမျိုး Editing လုပ်နိုင်တာကတော့ iOS 13 ရဲ့ Feature အသစ်ပဲ ဖြစ်ပါတယ်

Photos App ထဲကို ဝင်ပြီး ကျနော် Screen Shot ယူထားတဲ့ Photo ကို Editing လုပ်ကြည့်ပါမယ်

ပုံကို ရွေးပြီး ညာဖက်အပေါ်က Edit ကို နှိပ်လိုက်ပါမယ်

iOS 13 ရဲ့ Photo Editing Tool က စုံလာတယ်ဆို ဘယ်မှာတုံးဗျ

အရင်မလိုပါနဲ့ခင်ဗျာ

အောက်က မျှားထိုးထားတဲ့ဟာက Adjust လုပ်တဲ့ Option လေးပဲ ဖြစ်ပါတယ်

အပေါ်က မျှားထိုးထားတာက အလင်းအမှောင် ဘာညာ အကုန် Auto ချိန်ပေးတဲ့ဟာပါ

သူ့ဘေးက Options လေးတွေကတော့ ခင်ဗျားတို့ စိတ်ကြိုက် အလင်းတွေ အမှောင်တွေ ချိန်ညှိလို့ ရပါမယ်

ဒါက Filters Option Feature လေးပါ

အဆင်သင့် ပြုလုပ်ထားပြီးဖြစ်တဲ့ Color Filters တွေကို ရွေးချယ် အသုံးပြုလို့ ရပါမယ် Black & White Filter လည်း ပါပါတယ်

ဒါကတော့ Reset Option Feature လေးပဲ ဖြစ်ပါတယ်

အပေါ်က မျှားထိုးထားတဲ့ Option လေးကို ရွေးပြီး ပုံကို ဘယ်ညာစောင်းလို့ ရပါမယ်

ဒီလိုမျိုးပေါ့

ဒါကလည်း Reset Option Feature ထဲက ဒုတိယမြောက် တစ်ခု ဖြစ်ပါတယ် ပုံကို အပေါ်အောက် အပြားလိုက် စောင်းပေးတဲ့ Feature လေးပဲ ဖြစ်ပါတယ်

ဒါသည်လည်း Reset Option Feature ထဲက တတိယမြောက် တစ်ခုပဲ ဖြစ်ပါတယ် သူကတော့ ပုံကို ဘယ်ညာ အပြားလိုက် စောင်းပေးနိုင်ပါတယ်

ညာဖက်အပေါ်က အစက် ( ) စက်လေးကို နှိပ်ပြီး Markup လို့ခေါ်တဲ့ ပုံပေါ်မှာ Text တွေ Signature တွေ Magnifier တွေကို ထပ်ပြီး ထည့်သွင်းနိုင်တဲ့ Feature Option လေးဆီကို သွားနိုင်ပါတယ်

ဒါက Freeform ပါ

ခင်ဗျားရဲ့ Photos တွေကို မြင်တွေ့ရမယ့် Form ပုံစံကို ရွေးချယ်ပေးလို့ရမယ့် နေရာလေးပဲ ဖြစ်ပါတယ်

အလျားလိုက် ပေါ်စေချင်လား ဒါမှမဟုတ် ဒေါင်လိုက် ပေါ်စေချင်လား ဒီနေရာမှာ ရွေးချယ်လို့ ရပါမယ်

ဒါကတော့ အလျားလိုက်ကို 16:9 ဆိုတဲ့ မြင်ကွင်းအချိုးကို ရွေးချယ် အသုံးပြုထားတာပါ

ဒီအပေါ်က မျှားထိုးထားတဲ့ Feature Option ကတော့ ပုံတွေကို ခင်ဗျားကြိုက်သလို အတည့် ဇောက်ထိုး ချိန်းလို့ ရတဲ့ဟာလေးပဲ ဖြစ်ပါတယ်

အရင်ဆုံး အဆင်ပြေသလို Selfie ဆွဲလိုက်ရတဲ့အတွက် Admin ရဲ့ လက်ဝါးလှလှလေးပဲ ပါသွားတာ ဆောတီးပါ 😂

ဒီ Feature လေးကတော့ iOS ချစ်သူတွေဖြစ်တဲ့ ဆဲလ်ဖီကိုကိုတို့ မမတို့အတွက် အရမ်းကို အသုံးဝင်စေတဲ့ဟာပဲ ဖြစ်ပါတယ်

သိကြမယ် ထင်ပါတယ်

iPhone တွေနဲ့ ဆဲလ်ဖီဆွဲရင် ပုံထဲက လူတွေ အရာဝတ္ထုတွေက အပြင်နဲ့ဆန့်ကျင်ဖက် ပြောင်းပြန် ပေါ်တတ်တာကိုလေ ဘယ်လက် မြှောက်ထားရင်ပုံထဲမှာကျ ညာဖက်ကြီးလို ဖြစ်နေတာ ကျနော်တို့ကတော့ ဒါကို Mirror Feature လို့ ခေါ်ကြပါတယ်

ဒီ Feature ကြောင့်ပဲ ဆဲလ်ဖီကိုကို မမတွေဟာ Third Party Apps တွေကိုအသုံးပြုပြီး ပုံတွေကို ဘယ်ညာ ပြန်ပြောင်းပေးခဲ့ရပါတယ်

အခု iOS 13 မှာ ဒီလိုမျိုး လုပ်ဖို့အတွက် Built-in Feature ပါလာပါပြီ ပုံမှာ ကြည့်ပါ

ကျနော့ လက်ဟာ ညာဖက်လက်ဝါး ဖြစ်ပါတယ် ဒါပေမယ့် iOS ရဲ့ Mirror Feature ကြောင့် ဘယ်လက်ဝါးလို ဖြစ်နေပါတယ်

ဆိုတော့ ညာဖက်က မျှားထိုးထားတဲ့ Option လေးကို နှိပ်လိုက်ရုံပါပဲ

ကဲ .. အခုလိုမျိုး ပုံထဲမှာ ကျနော့ ညာဖက်လက်ဝါးဟာ နေရာမှန်ကို ရောက်သွားပြီပဲ ဖြစ်ပါတယ် 😁

အခုလိုဆိုတော့ iOS 13 ကြီးဟာ ချစ်စရာ မကောင်းပေဘူးလားဗျာ

အားလုံးချမ်းမြေ့ကြပါစေ

ဇာနည် ( iOS Banker Myanmar )

Facebook Comments
1K Shares