iOS 13 မှာ Apps တွေရဲ့ Bluetooth နဲ့ Lacation Access တို့ကို ပိတ်ထားနည်း

169

နှစ်တိုင်းမှာ Apple ဟာ သူတို့ရဲ့ Security & Privacy တွေအပေါ်မှာ ယူစာတွေ အကောင်းဆုံး ထိမ်းချုပ်နိုင်ဖို့ လုပ်ပေးနေပါတယ် ။ အခုဆို iOS 13 နဲ့ iPadOS 13 တို့မှာ Apple ဟာ New Features ( ၂ ) ခုကို မိတ်ဆက်ပေးခဲ့ပါတယ် ။ Apps တွေရဲ့ Location Data တွေကို Share ခွင့်ပြုလုပ်ခြင်းနှင့် Bluetooth တို့ကို Access လုပ်ခြင်းတို့အား ယူစာတွေ ထိမ်းချုပ်လို့ရမယ့် Features တွေပဲ ဖြစ်ပါတယ် ။ ကဲအခု iOS 13 နဲ့ iPadOS 13 တို့မှာ Apps တွေရဲ့ Bluetooth နဲ့ Location Access တို့အား ဘယ်လို Disable လုပ်မလဲဆိုတာကို ပြောပြပါမယ် ။

အချို့သော Apps တွေဟာ သင့်ရဲ့ Location ကို ရှာဖွေဖို့ နောက်ကွယ်ကနေပြီး Bluetooth နဲ့ WiFi Information တွေကို အသုံးချလေ့ ရှိပါတယ် ။ ဒီကိစ္စကို ဖြေရှင်းဖို့ Apple ဟာ Apps တွေက လိုအပ်တဲ့ Bluetooth Access ကို ယူစာတွေ ထိမ်းချုပ်ဖို့ ပေးအပ်လိုက်ပါတယ် ။

မိမိရဲ့ Privacy လုံခြုံရေးအရ Apps တွေ အားလုံးရဲ့ Bluetooth Access တွေကို Disable လုပ်ထားတာက အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ် ။ ဒီလိုပိတ်လို့ Apps တွေက Stop Working မဖြစ်ခဲ့ဘူးဆိုရင်ပေါ့လေ ။

Step 1: Setting ထဲကို သွားပြီး Privacy ကို ဝင်ပါ ။
Step 2: ဒီမှာ Bluetooth Option ကို ရွေးလိုက်ပါ ။

Step 3: အခု List ထဲက Apps တွေထဲကို ဝင်ပြီး Bluetooth Access ကို Disable or Enable လုပ်ဖို့ Toggle လေးကို နှိပ်ရပါမယ် ။

iOS 13 မှာ Location Services Feature ဟာ Big Way တစ်ခုအဖြစ် ပြောင်းလဲသွားပါပြီ ။ Apple ဟာ Apps တွေရဲ့ Background မှာ Location ကို ရုတ်တရက် Access လုပ်ခွင့် ကြာရှည် မပေးတော့ပါဘူး ။ New Popup မှာ Location Services အတွက် ” Always Allow ” Option မပါလာတော့လို့ပါပဲ ။

တွေ့တဲ့အတိုင်းပါပဲ ။ Allow While Using App ( App ကို အသုံးပြုနေစဉ် ခွင့်ပြုမယ် ) , Allow Once ( ဒီတစ်ခါပဲ ခွင့်ပြုမယ် ) & Don’t Allow ( ခွင့်မပြုဘူး ) ဆိုပြီးပဲ ပါပါတော့မယ် ။

Settings ထဲကနေပြီး ကြိုက်တဲ့အချိန်မှာ Location Access ကို ချိန်းလို့ ရပါမယ် ။

Step 1: Settings ထဲကနေ Privacy ကို ဝင်ရပါမယ် ။
Step 2: Location Services ကို နှိပ်ရပါမယ် ။
Step 3: List ထဲက App ကို ရွေးပါ ။

Step 4: ဒီမှာ သင်ရွေးချယ်နိုင်မယ့် Options တွေ အတော်များများကို တွေ့ရပါလိမ့်မယ် ။ Never ( ဘယ်တော့မှ ) , Ask Next Time ( နောက်တစ်ခါမှ ထပ်မေးပါ ) , While Using the App ( App ကို အသုံးပြုနေစဉ် ခွင့်ပြုမယ် ) & Always ( အမြဲတမ်း ) ဆိုပြီး ဖြစ်ပါတယ် ။

ဟုတ်ကဲ့ … ဘယ်လိုလဲဗျ ။
iOS 13 နဲ့ iPadOS 13 တို့ရဲ့ New Features ( ၂ ) ခုဟာ သင်တို့အတွက် အသုံးဝင်ပြီး ကျေနပ်မှုကော ရှိစေရဲ့လားဗျ ။

Ref : Khamosh Pathak

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
673 Shares