iOS 13 မှာအသစ်ပါဝင်လာတဲ့ features အသစ် 75 ခု

2729

ပြီးခဲ့တဲ့ WWDC ပွဲမှာပြသသွားခဲ့တဲ့ iOS 13 ရဲ့အသေးစိတ်အချက်အလက်တွေကိုပြောပြသွားမှာပါ .. သဘောကျတယ်ဆိုရင် share ပေးသွားပါဦးခင်ဗျ .. iOS 13 တွေဟာ iPhone 6s, SE နဲ့နောက်ပိုင်း model တွေမှာ ရရှိမှာဖြစ်ပါတယ် .. အခုဆိုရင် Developer beta ထွက်ရှိလာပြီဖြစ်ပြီး Public beta ကိုတော့ July လလောက် release လုပ်မယ်လို့ပြောကြားသွားပါတယ် .. Official release ကတော့ September လလည်ပိုင်းလောက်မှာရမှာပါ .. ကဲဒီတော့ iOS 13 မှာ အသစ်ပါဝင်လာတဲ့ functions အသစ် 75 ကိုစတင်ပြောပါမယ် ခင်ဗျား ….

1. ကျွန်တော်တို့ video ကြည့်တာဖြစ်ဖြစ် ဂိမ်းဆော့နေချိန်မှာဖြစ်ဖြစ် အသံအတိုးအချဲ့လုပ်ရင် Volume HUD ကြီးက screen မှာကွယ်နေတတ်ပါတယ် .. iOS 13 မှာတော့ volume hud ဟာ ဘယ်ဖက်ကိုကပ်သွားမှာဖြစ်ပြီး landscape view မှာဆိုရင် ထိပ်ပိုင်းမှာပြသပေးမှာဖြစ်ပါတယ်။

2. Volume button အထက်နားက mute button ကိုနှိပ်ရင်လဲ animation အသစ်နဲ့ပြသပေးသွားမှာပါ။

3. iOS 13 မှာ dark mode ပါဝင်လာမှာဖြစ်ကြောင်းလူတိုင်းသိပြီးသားဖြစ်မှာပါ .. Dark mode ကို control center ကနေလဲ on/off လုပ်လို့ရမှာပါ။

4. iOS 13 ရဲ့ Battery Health အောက်နားမှာ Optimize Battery Charging ဆိုတဲ့ toggle လေးပါဝင်လာမှာပါ .. အဲ့တာလေးကဘယ်လိုအလုပ်လုပ်သလဲဆိုတော့ သင်တညလုံးအားသွင်းတတ်လားဆိုတာကိုအရင်ဆုံးသိအောင်လုပ်မှာပါ .. ဥပမာဆိုပါစို့ သင်က ည ၁၂ နာရီမှာအားသွင်းအိပ်သွားတတ်ပြီး မနက် ၈ နာရီမှာထတယ်ဆိုရင် သူက 80% ထိအရင်အားသွင်းလိုက်မှာပါ 80% ပြည့်တာနဲ့ရပ်ထားမှာဖြစ်ပြီး သင်မထခင် ၂ နာရီအလို မနက် ၆ နာရီကျမှ 100% ထိအားဆက်သွင်းမှာပါ .. အဲ့တော့ deep charge state မဖြစ်တော့ပဲ battery သက်တမ်းပိုခံမှာပဲဖြစ်ပါတယ်။

5. Music app ရဲ့ UI ကိုပြောင်းလဲလိုက်ပြီး Live lyrics (dedicated lyrics or time-based lyrics) လဲရရှိမှာဖြစ်ပါတယ်။

6. သင် screenshot ရိုက်ပြီးတာနဲ့ photo edit တဲ့အခါ မြင်ရမယ့် markup UI လဲပြောင်းလဲသွားမှာပါ။

7. iOS 13 မှာ wallpaper အသစ် ၈ ခုပါဝင်လာမှာဖြစ်ပြီး dark appearance လို feature မျိုးလဲပါလာမှာပါ။

8. Message app ထဲမှာဆိုရင်လဲ compose button က အသစ်ဖြစ်သွားမှာဖြစ်ပြီး သင့် photo, name တွေကိုလဲ တခြားလူကိုပြသနိုင်ဦးမှာပါ (WhatsApp လိုပေါ့)

9. QuickPath လို့နာမည်ပေးထားပြီး keyboard မှာ swipe typing လုပ်ရတဲ့ feature လဲပါလာမှာပါ။

10. Memoji stickers တွေဟာ iPhone SE ကအစ သုံးလို့ရမှာဖြစ်ပြီး ကိုယ့်ရုပ်ကို nose piercing ကအစ customize လုပ်လို့ရမှာဖြစ်ပါတယ်။

11. Safari ရဲ့ UI ကိုအနည်းငယ်ပြောင်းလဲထားမှာဖြစ်ပြီး Build-in Download Manager ပါလာမှာပါ .. iOS သမားတွေစောင့်မျှော်နေတဲ့အရာလို့ထင်ပါတယ်။

12. Share sheet design ဟာလဲအသစ်ပြောင်းသွားမှာပါ။

13. Location မှာလဲ “Allow Once” ဆိုပြီး location access ကန့်သတ်နိုင်ပါပြီ။

14. Photos app ကို completely redesigned လုပ်ထားတာရပါတယ် .. Zoom in/out လုပ်ပြီး days/months/years view တွေပြောင်းနိုင်မှာပါ။

15. Maps app မှာလဲ UI ပိုင်းပြောင်းလဲမှုတွေရှိမှာဖြစ်ပြီး Google StreetView လို feature ပါရရှိမှာပါ။

16. Reminder app ကိုလဲ redesigned လုပ်ထားပြီး ၀င်ဝင်ချင်းမှာ today, schdueled, all, flagged ဆိုတဲ့ category 4 ခုကိုမြင်တွေ့ရမှာပါ။

17. Calendar app ရဲ့ Add event UI ဟာပိုမိုရှင်းလင်းလာမှာဖြစ်ပြီး Attachment တွေပါတွဲထားနိုင်မှာပါ။

18. Health app မှာဆိုရင် summary နဲ့ search ဆိုတဲ့ tab ၂ ခုပဲပါဝင်လာမှာဖြစ်ပြီး အမျိုးသမီးတွေအတွက် cycle tracking, နားကျန်းမာရေးအတွက် Hearing health တွေပါ ပါဝင်လာဦးမှာပါ။

19. Mail app ရဲ့ sending mail ပိုင်းမှာလဲ UI changes တွေဖြစ်မှာပါ။

20. Shortcuts app ဟာလဲ AppStore ကဒေါင်းစရာမလိုပဲ Build-in (preinstalled) ပါဝင်လာတော့မှာပါ။

21. Notes app မှာ Grid view ရပါပြီ

22. Accessibility settings ဟာ အရင်လို General အောက်မှာမဟုတ်တော့ပဲ Settings ထဲဝင်ဝင်ချင်း Display and Brightness section အောက်မှာမြင်တွေ့ရမှာပါ။

23. Setting > General ထဲမှာ Fonts ဆိုတဲ့ section ၁ခု မြင်တွေ့ရမှာဖြစ်ပြီး အဲ့မှာ ကိုယ် installed လုပ်ထားတဲ့ font တွေကိုမြင်နိုင်ဖြစ်ပါတယ်။ iOS 13 မှာ ZawGyi support ပါပြီ။

24. Home app ဟာလဲ new features တွေပါဝင်လာပြီး UI လာလဲပြောင်းလဲသွားမှာပါ။

25. iOS 13 မှာ 3D touch ကိုဖြုတ်ပစ်လိုက်ပါပြီ .. ဟုတ်ပါတယ် hardware နဲ့အလုပ်လုပ်တဲ့ 3D touch ဖြုတ်ပြီး software နဲ့အလုပ်လုပ်တဲ့ haptics touch ဖြစ်သွားမှာဖြစ်လို့ 3D touch support မလုပ်ခဲ့တဲ့ iPhone SE နဲ့ iPhone XR  တို့မှာ haptic touch ရမှာဖြစ်ပါတယ်။ နာမည်ပြောင်းသွားပေမယ့် function တွေကတူတူပါပဲ ဒါပေမယ့် haptic touch က 3D touch ထက်အနည်းငယ်ပိုနှေးပါတယ်။ RIP 3D Touch

26. iTunes app ရဲ့ user interface ကိုလဲအနည်းငယ်ပြောင်းလဲထားပါတယ်။

27. AppStore မှာ Update tab ကိုဖြုတ်လိုက်ပြီး အဲ့နေရာမှာ Arcade Gaming tab ကိုထည့်ပေးသွားမှာပါ .. Update လုပ်ရမယ့် apps ကိုတော့ ညာဖက်ဒေါင့်က Profile ကနေသွားကြည့်ရမှာပါ။

28. App size တွေက 50% သေးသွားမှာဖြစ်ပြီး update လုပ်ရင်တော့ 60% သေးသွားမှာပါ။

29. App ဖွင့်ရင် 2 ဆမြန်ပြီး FaceID က 30% ပိုမြန်လာမှာပါ။

30. အရင်တုန်းက default အနေနဲ့ iTunes ကို first page မှာထားပေမယ့် အခုအခါမှာတော့ iTunes ကို second page ပို့လိုက်ပြီး PodCasts app ဟာ first page မှာနေရာယူမှာပါ။

31. Find my iPhone နဲ့ Find My Friend ကိုပေါင်းပြီး Find My ဆိုတဲ့ app လုပ်လိုက်ပါတယ် ပြီးတော့ Offline Finding function ပါရမှာပါ။

32. Contacts app icon change သွားပါတယ်။

33. Header button တွေဟာလဲ UI အနည်းငယ်ပြောင်းသွားပါတယ်။

34. Edit ဆိုတဲ့နေရာမှာ Dots 3 ခုပဲပြတော့မှာပါ။

35. Personal hotspot မှာလဲ family sharing ပါလာမှာဖြစ်ပြီး Allow other to join ဆိုတဲ့ toggle လေးပါထည့်ပေးထားမှာပါ။

36. Cellular data သုံးရင်လဲ Low Data Mode on ထားလို့ရပါပြီ (Settings > Cellular > Cellular Data Options > Low Data Mode) bill စားသက်သာသွားတော့ ကိုယ်တွေအကြိုက်ပေါ့

37. WiFi section က ask to join မှာလဲ Off, Notify, Allow ဆိုပြီး 3 ခုရွေးလို့ရမှာပါ။

38. iOS 13 မှာ WPA3 WiFi Support ပေးပါပြီ။

39. သင့်မှာ AirPods ပိုင်တယ်ဆိုရင်သင့်သူငယ်ချင်းနဲ့ Audio Sharing လုပ်လို့ရမှာပါ။

40. iOS 13 မှာ PlayStation 4 & XBox One Controller Support ပေးမှာပါ။

41. Screen Time မှာလဲ Communication Limit ပါဝင်လာမှာဖြစ်ပြီး Time Limit ပြည့်သွားတဲ့အခါ One More Minute လုပ်လို့ရတဲ့ Option ပါလာမှာပါ။

42. Display Accommodation ကို Display and Text Size  ဆိုပြီးပြောင်းလဲအမည်ပေးသွားမှာပါ။

43. Device 1 ခုလုံးကို Voice Control နဲ့ထိန်းချုပ်လို့ရမှာပါ။ (သတိ။ Siri နဲ့ Voice Control မတူပါ)

45. စာရိုက်နေရင်း Undo, Redo လုပ်တဲ့ Gesture တွေပြောင်းလဲသွားမှာပါ။

46. Cursor Navigation လုပ်တဲ့အခါနဂိုကထက်ပိုမိုလွယ်ကူမြန်ဆန်လာတော့မှာပါ။

47. Screen scroll လုပ်တဲ့အခါ ညာဖက်က scroll bar လေးကိုဆွဲချပြီး scroll လို့ရပါတယ်။

48. Text selection လုပ်ရာမှာပိုမိုမြန်ဆန်လာပြီး multiple select တဲ့အခါ two fingers နဲ့ drag ဆွဲလိုက်ရုံပါပဲ။

49. iOS 13 မှာ Keyboard အသစ် 38 ခုပါဝင်လာမှာဖြစ်ပါတယ် (Burmese keyboard အပါအ၀င်)

50. Keyboard အပြောင်းအလဲတွေမှာ ဘာသာစကားအပြောင်းအလဲလုပ်တဲ့ ခလုပ်ကသပ်သပ်တခု emoji ကိုပြောင်းတဲ့ခလုပ်ကသပ်သပ်တစ်ခုဖြစ်သွားမှာပါ။

51. iOS 13 မှာ Mouse, USB Drive, SD card စတာတွေ support ပေးပါပြီ။

52. Safari မှာလဲ full page screenshot ရဦးမှာပါ။

53. Widget UI လဲတော်တော်ပြောင်းလဲသွားမှာပါ။

54. Siri မှာ Advanced Neural Text-to-Speech နည်းပညာသုံးပေးထားလို့ စကားပြောရာမှာပိုပြီး natural ဆန်လာမှာပါ။ နောက်ပြီး Indian English Accent အသစ်ပါထပ်ထည့်ပေးထားပါတယ်။

55. iOS 13 မှာ Call silencing mode လဲပါဝင်လာမှာပါ။

56. Safari start page design ပြောင်းလဲသွားမှာဖြစ်ပြီး Siri suggested website links တွေပါပြသပေးမှာဖြစ်ပါတယ်။

57. Safari မှာ Download manager ပါလာပြီဖြစ်လို့ Files app မှာ download folder ပါလာမှာပါ။

58. Safari မှာ website တခုချင်းစီကို permission သတ်မ per site settings ပါဝင်လာပါတယ်။

59. Website တွေမှာ photo upload လုပ်တော့မယ်ဆို size ကို customize လုပ်လို့ရပါပြီ (Actual, Medium, Small, Large စသဖြင့်ပေါ့)

60. Download လုပ်ထားတဲ့ file တွေကို phone မှာသိမ်းထားမလား .. iCloud Drive မှာသိမ်းမလား ရွေးချယ်လို့ရပါပြီ (iCloud Drive မှာသိမ်းမယ်ဆို Upload ပြန်တင်မှာပေါ့)

61. Animoji အသစ် ၃ ခုပါလာမှာပါ။

62. Message ၀င်လာတဲ့အခါ AirPods ကနေ announce လုပ်ပေးမယ့်အပြင် AirPods ကနေတန်း reply ပြန်လို့ရပါမယ်။

63. Photos app ထဲမှာ Live Photo နဲ့ Video တွေကို auto play နေမှာဖြစ်ပါတယ် (ပိတ်ထားလို့လဲရပါတယ်)

64. Photos/Videos တွေ edit ပြီး filter ထည့်တဲ့အခါ filter intensity ကိုအတိုးအလျှော့လုပ်လို့ရပါပြီ။

65. Portrait Lighting ကိုလဲ Control လုပ်လို့ရပါပြီ။

66. Files share တဲ့အခါ iCloud link အနေနဲ့ပါရမှာပါ။

67. Timer မှတ်တဲ့အခါ စက်ဝိုင်းပုံစံ UI နဲ့ဖြစ်သွားမှာပါ။

68. Books app မှာ reading goals ထည့်ထားလို့ရပါပြီ။

69. အရင်ကလို 150MB ကျော်တဲ့ app တွေကို Cellular data နဲ့ ဒေါင်းလို့မရဘူးဆိုတာမရှိတော့ပါဘူး Unlimited size ကို Cellular data နဲ့ဒေါင်းလို့ရမှာပါ။

70. Files app မှာလဲ file တစ်ခုချင်းစီရဲ့ metadata ကိုအပြည့်အစုံပြသပေးသွားမှာပါ။

71. SMB protocol support ပေးလိုက်လို့ File server တွေချိတ်ဆက်ပြီး  file sharing လုပ်လို့ရပါပြီ။

72. Files app ထဲမှာပဲ Zip/Unzip လုပ်လို့ရပါပြီ။

73. Phone မှာတင် folder တွေဆောက်လို့ရပြီဖြစ်လို့ files app ဟာလဲ powerful ဖြစ်လာပါတယ်။

74. Files app ထဲမှာ Document scanner ပါဝင်လာမှာပါ။

75. Message app ထဲမှာလဲ အချိန်တွေကိုပြသတဲ့အခါ AM/PM တွေကအနည်းငယ်သေးသွားပါတယ်။

 

လက်ညောင်းသွားပါပြီ :3 .. ကျွန်တော်ကတော့ iOS 13 official release ကိုမျှော်နေပြီဗျာ .. ညီမလေးတို့ မမတို့ကရော?? (bro တွေမပါဘူး :V)..

Source : YouTube

#ph0b14 (iOS Banker Myanmar)

Facebook Comments
6K Shares