iOS 13 ထဲက Videos တွေကို Edit လုပ်ကြမယ် 😌

1942

iOS 13 မှာ Photos Editing နဲ့ ပါတ်သက်လို့ တိုးတက်မှုတွေ ရှိလာကြောင်း ကျနော် ပြောပြပြီးခဲ့ပါပြီ ။ ဒီတစ်ခါတော့ Videos တွေကိုပါ Edit လုပ်လို့ ရလာပြီဖြစ်ကြောင်း ထပ်ပြောပြပါဦးမယ် ။

ဟုတ်ပါတယ် ။

iOS 13 ရဲ့ Camera ကနေ ရိုက်ယူလိုက်တဲ့ Videos ပဲဖြစ်ဖြစ် ၊ Download ဆွဲထားတဲ့ Videos ကိုပဲဖြစ်ဖြစ် Photos App ထဲမှာ ရှိနေတယ်ဆိုလျှင် Editing လုပ်လို့ ရလာပါပြီ ။

iOS 13 ရဲ့ New Feature တစ်ခုပေါ့ဗျာ ။

ဒါကတော့ ကျနော် ရိုက်ယူထားတဲ့ Photos App ထဲက Video ဖိုင်လေးပါ ။ ညာဖက် အပေါ်က Edit ကို နှိပ်လိုက်ပါမယ် ။

ဒါကတော့ Edit Setting ထဲမှာ မြင်ရမယ့်ဟာပါ ။ မျှားပြထားတာကတော့ Video Setting ပါ ။ ကျနော်လိုချင်တဲ့ နေရာလေးကိုပဲ Cut လုပ်ပြီး ယူလို့ ရပါမယ် ။ ဘယ်ညာ ရွှေ့ပေးပြီး Cut လုပ်ချင်တဲ့ နေရာကို သတ်မှတ်ပေးလို့ ရပါမယ် ။

ဘယ်ဖက်အပေါ်က Speaker အိုင်ကွန်လေးကို နှိပ်ပြီးလည်း Videos ထဲက အသံကို ကျနော် ဖြတ်ချင်တဲ့ နေရာလေးကိုပဲ ကွက်ပြီး ပိတ်ထားတာမျိုးလည်း လုပ်လို့ ရပါမယ် ။

ဒါကတော့ Video ထဲက ကျနော် Cut လုပ်ထားချင်တဲ့ နေရာလေးကို ဘယ်ညာရွှေ့ပြီး ရွေးချယ်နေတာပါ ။

ဒီဟာကတော့ Videos တွေရဲ့ အလင်း ၊ အမှောင် ၊ အရောင်တွေကို ချိန်ညှိနိုင်တဲ့ Adjust Setting လေးပဲ ဖြစ်ပါတယ် ။ Photos တွေကို Adjust လုပ်တာနဲ့ အတူတူပါပဲ ။ Auto ကို ရွေးပြီး ချိန်မလား ။ ဒါမှမဟုတ် Brightness တို့ , Exposure တို့ကိုပဲ တစ်ခုချင်း လိုက်ပြီး ချိန်ညှိမလား စိတ်ကြိုက် ချိန်ပေးလို့ ရပါမယ် ။

ဒီလိုမျိုးပေါ့ ။
ချိန်ညှိပြီးရင်လည်း Done လုပ်ဖို့ မမေ့နဲ့ပေါ့ဗျာ ။

ဒါလေးက Filters Setting ပါ ။
Vvid တို့ , Noir တို့ စသည်ဖြင့် အဆင်သင့်ပြင်ပြီးသားတွေကိုလည်း ရွေးချယ် အသုံးပြုနိုင်ပါမယ် ။

တွေ့တဲ့အတိုင်းပါပဲ ။
သူကတော့ Reset Setting လေးပဲ ဖြစ်ပါတယ် ။
Photos တွေကို လုပ်လို့ ရခဲ့တဲ့ Reset တွေ အကုန်လုံး Videos တွေမှာလည်း အသုံးပြုလို့ ရပါမယ် ။

မြင်တွေ့နေရတဲ့ Videos View ကို ထောင်မလား လှဲမလား ၊ မြင်ကွင်းအချိုးတွေကိုလည်း 16:9 , 10:8 5:3 , 3:2 စသဖြင့် စိတ်ကြိုက် ရွေးချယ် အသုံးပြုလို့လည်း ရပါမယ် ။

Videos View တစ်ခုလုံးကိုပဲ ဘေးတစောင်း ၊ ဇောက်ထိုး ၊ ကန့်လန့်တွေလည်း လှည့်လို့ ရပါဦးမယ် ။

Photos ရိုက်ရင် ဖြစ်တတ်တဲ့ Mirror Feature ကိုလည်း ရိုက်ထားတဲ့ Videos ဖိုင်မှာ ပြောင်းလဲ အသုံးပြုလို့ ရပါဦးမယ် ။

ကဲ .. ဒါကတော့ Editing လုပ်ထားပြီးဖြစ်တဲ့ ကျနော့ရဲ့ Video ဖိုင်လေးပဲ ဖြစ်ပါတယ် ။ အပေါ်ဆုံးက ပုံနဲ့ ယှဉ်ကြည့်ရင် အလင်းတွေ အမှောင်တွေ အရောင်တွေပါ ကွာနေကြောင်း သိနိုင်ပါတယ် ။

iOS 13 ရဲ့ Photos Editing , Videos Editing စသည့် Features တွေဟာ Basic Features တွေပဲ ဖြစ်ပါတယ် ။ ဒါကြောင့် အခြားသော Third – Party Photos/Videos Editing Apps တွေလိုမျိုး Features အစုံအလင်နဲ့ လေထီးခုန်လိုက်ရုံလိုမျိုး ရှယ်လန်း ရှယ်လှ သွားမှာမျိုးတော့ မဟုတ်နိုင်ပါဘူး ။

ဆိုတော့ မပါတာထက် ပါလာတာက ပိုကောင်း၏လို့ သဘောထားပြီး iOS 13 Official ထွက်လာတော့မှပဲ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ် ကလိကြကုန်ပါလို့ပြောရင်း နိဂုံးချုပ်လိုက်ပါရစေဗျာ ။

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
650 Shares